ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

မလေးရှားနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim အပေါ်
လိင်တူချင်းဆက်ဆံတဲ့အမှုအတွက်၂၀၁၂ ခုနှစ်က တရားသေလွှတ်ပေးထားတဲ့
ဆုံးဖြတ်ချက်ကို အယူခံတရားရုံးက ပြန်လည်ပြင်ဆင် စီရင်ချက်ချခဲ့ပါတယ်၊
၂၀၀၈ ခုနှစ်တုန်းက Mr. Anwar ဟာ သူ့ရဲ့ လက်ထောက် အမျိုးသားနဲ့
လိင်ဆက်ဆံခဲ့မှု အတွက် အပြစ်ရှိတယ်လို့ အယူခံတရားရုံးက ဒီကနေ့ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

တရားခွင်မှာ စစ်ဆေးတဲ့ DNA အထောက်အထားတွေဟာ
မသန့်ရှင်းတော့လို့ ဆိုပြီး အောက်တရားရုံးတခုကိ Mr. Anwar ကို ၂၀၁၂
ခုနှစ်က တရားသေလွှတ်ပေးခဲ့ပါတယ်၊ မလေးရှားနိုင်ငံရဲ့ ဥပဒေအရ
လိင်တူချင်းဆက်ဆံသူကို အနှစ် ၂၀ အထိ ထောင်ဒဏ်ချလို့ ရပါတယ်။

အခုလို သူ့အပေါ် အစိုးရက အမှုဆင် စွဲချက်တင်တာဟာ သူ့ရဲ့ နိုင်ငံရေးအလုပ်တွေကို ဖျက်ဆီးချင်လို့ဖြစ်တယ် လို့ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ Anwar Ibrahim က ပြောပါတယ်။ အခုလို အယူခံ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် မတ်လ ၂၃
ရက်နေ့မှာ ကျင်းပမယ့် ဒေသန္တရရွေးကောက်ပွဲမှာ သူဝင်အရွေးခံဖို့
ခက်ခဲစေမှာဖြစ်ပါတယ်၊ တကယ်သာဝင်အရွေးခံရင် ဝါရင့် နိုင်ငံရေးသမားဖြစ်တဲ့
Mr. Anwar အနိုင်ရမယ်လို့ တော်တော်များများက မျှော်လင့်ထားကြပါတယ်၊

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks