ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

အမျိုးသမီး အချင်းချင်း လိင်တူ ဆက်ဆံစဉ် HIV ပိုးကူးစက် ခံရသော ဖြစ်ရပ် တစ်ခုကို အမေရိကန်ပြည်
ထောင်စု တက္ကဆက် ပြည်နယ်တွင် တွေ့ရှိ ရသောကြောင့် အမျိုးသမီး အချင်းချင်းလည်း HIV ကူးစက်
နိုင်ကြောင်းအမေရိကန် ကျန်းမာရေးအရာရှိများက ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း တက္ကဆက်ပြည်နယ်တွင် ခြောက်လခန့် အတူနေထိုင်ခဲ့သည့် အမျိုးသမီးအချင်းချင်း
HIV ကူးစက်မှုကိုတွေ့ရှိခဲ့ ခြင်းဖြစ်သည်။ အမျိုးသမီး တစ်ဦးတွင် HIV ရှိပြီး ကျန်တစ်ဦး၌ HIV ကင်းစင်ခဲ့
သည်။

လိင်ဆက်ဆံမှုပြုစဉ် အကာအကွယ် ပစ္စည်း တစ်စုံတစ်ရာ မသုံးခဲ့ဘဲ ဒဏ်ရာ အနာတရ ဖြစ်မှုမှ တစ်ဆင့်
HIV ကူးစက်ခြင်းဖြစ်နိုင်သည်ဟုဆိုသည်။

HIVကူးစက်ခံရသည့် အမျိုးသမီးတွင် ကူးစက်ခံရနိုင်သည့် အခြားနည်းလမ်း တစ်စုံတစ်ရာမတွေ့ရဘဲ အ
တူနေသူ အမျိုးသမီးထံမှသာ ကူးစက်ခံရနိုင်ဟု ကျန်းမာရေးအရာရှိများက ဖြေကြားသည်။

အမျိုးသမီး အချင်းချင်း လိင်ဆက်ဆံသည့် အခါ HIV ကူးစက်ရန် အလားအလာ နည်းသော်လည်း ရာသီ
သွေး၊ ယောနိတွင်း သဘာဝ အရည်များနှင့် ထိခိုက် ဒဏ်ရာ တစ်ခုခု ထိတွေ့မိသည့်အခါ HIV ကူးစက်
နိုင်သည်။

အမျိုးသမီး အချင်းချင်း လိင်ဆက်ဆံသော စုံတွဲများ အပါအ၀င် စုံတွဲတိုင်း HIV ပိုး ကူးစက် မခံရစေရန်
အကာအကွယ် နည်းလမ်းများအသုံး ပြုသင့်ကြောင်း အထက်ပါဖြစ်ရပ်ကို ရှာဖွေဖော်ထုတ်သူ သုသေ
တီများက ဆိုသည်။ HIV ပိုးပါဝင်နိုင်သော သွေး၊ ကိုယ်တွင်းရည်တို့ကို အရေ ပြားဒဏ်ရာ၊ ခံတွင်းနှင့်
မျိုးပွားအင်္ဂါ ဒဏ်ရာများနှင့် ထိတွေ့မှုမရှိစေရန် ဂရုပြုသင့်သည်။

အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟို (CDC) ၏ မတ်လ (၁၃) ရက်နေ့ ထုတ်စာစောင်
တွင် အဆိုပါ သတင်းဖြစ်ရပ်ကို ဖော်ပြထားပြီး ဓမ္မတာ အတိုင်း လိင်ဆက်ဆံမှု၊ ဓမ္မတာနှင့် ဆန့်ကျင်
သော လိင်ဆက်ဆံမှုများတွင် HIV ပိုးမကူးစက်စေရန် အကာအကွယ်သုံး သင့်ကြောင်းCDC က တိုက်
တွန်းထားသည်။

Ref:NMD

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks