ဤဇာတ်လမ်းသည် ဆရာ မှိုင်းညှိ့မိုးစက် (ခ) စွန်နီ (ခ) ကပူချီနို ရေးထားသော ဇာတ်လမ်းဖြစ်ပါသည်။ ကျွန်တာ် Pollux Shanti မှ တိုက်ရိုက်ကူးယူ ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။
အချိန်ကာလက မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှအင်္ဂလိပ်တို့ မတရားသဖြင့် ကြီးစိုးအုပ်ချုပ်နေဆဲ ကာလတစ်ခု….။ ခုနှစ်နဲ့ပြောရရင် ၁၉၃၇ ခုနှစ်ဝန်းကျင်လောက်က………
မြောင်းမြမြို့ရှိ ထန်းလေးပင်ရွာတွင် ဂယက်တစ်ခုထသည်။ ဂယက်ထသည်သာဆိုသည်။ အားလုံးက ကြိတ်တိုးကြိတ်တိုးနှင့်သာ ပြောကြသည်။ ဘယ်သူမှ ဟောင်ဖွာဖွာ မလုပ်ရဲ…။ အေးလေ ဘယ်လုပ်ရဲပါ့မလဲ…။ နယ်ပိုင်ဝန်ထောက်နဲ့ ပါတ်သတ်နေတဲ့ ကိစ္စကိုး..။ သေနတ်ဆိုသော (ရွာအခေါ် ဒိုင်းညှောင့်ကြီး) နဲ့ ဘယ်သူက ပြစ်သတ်တာ ခံရဲပါ့မလဲလို့…….။ ဒါနဲ့ပဲ အားလုံးက ဒီဂယက်အား လက်တို့၍သာ ပြောကြသည်။ သေချာလည်း သိကြသည်မဟုတ်။ ဒီလိုပဲ ရမ်းပြော ပြောကြလေသည်။
အဲဒီ့အချိန်မှာ တစ်စခန်းထသည်က “ကျပ်စိ”။ ကျပ်စိဆိုသည်က ရွာက ကာလအခြောက်။ ကာလသားလည်း မဟုတ်၊ ကာလသမီးလည်း မဟုတ်ပဲ ရွာထဲတွင် ခေတ်ကာလကို ဂရုမစိုက်ပဲ ပေါ်တင်ခြောက်သည့် ကာလခြောက်။ အဲဒီ့ ကာလခြောက် ကျပ်စိက ပုဆိုးကို ထဘီဝတ်သလို ကျစ်နေအောင်ပတ်ပြီး တစ်ခုလပ် ဒေါ်ပြားကြီးအိမ်ထဲဝင်သွားကတည်းက ရွာကလူတွေက ရွစိရွစိ ဖြစ်ကြပြီ။ ဟုတ်သည်လေ.. ကျပ်စိက သတင်းစုံသည်။ အတင်းလုံသည်။ ဒေါ်ပြားကြီးဆိုတာကလည်း သတင်းစုံရပ်ကွက်။ အတင်းတော့ မလုံ။ အတင်းပြောစရာမရှိ သူ့ယောက်ျား ဦးဖားကြီးအတင်းကို ရွာလည်တုပ်မိ၍ တစ်ခုလပ်ဖြစ်နေရတာသာကြည့်တော့….
အေးလေ.. အခုလို အတင်းစုံ သတင်းစုံနှစ်ယောက်တွေ့ကြပြီဟေ့၊ တိုင်ပင်ကြပြီဟေ့ဆို.. ရွာကလူတွေက သိချင်စိတ်နဲ့ ရွပိုးထိုးနေပြီ။ ဒေါ်ပြားကြီးအိမ်ရှေ့မှာ ကျပ်စိထွက်အလာကို ကုတ်ချောင်းကုတ်ချောင်းလုပ်သူက လုပ်၊ ရစ်သီရစ်သီလုပ်တဲ့သူကလုပ်နဲ့ စောင့်နေကြတဲ့သူတွေကမနည်း။ အိမ်နားကို ကပ်ပြီးတော့လည်း မချောင်းရဲကြ။ ကျပ်စိပါးစပ်ကို ကြောက်သေးသည်။ ဒါ့ကြောင့် ကျပ်စိထွက်အသွားကို စောင့်နေကြခြင်းဖြစ်သည်။
ခဏကြာတော့ ကျပ်စိက သူ့ပုဆိုးထဘီကို ပိပြားနေအောင်ပြင်ဝတ်ပြီး ကောက်တောက်ကောက်တောက်နဲ့ ထွက်သွားသည်။ ကျပ်စိထွက်သွားပြီး အတော်ကြာမှ ဒေါ်ပြားကြီးက အိမ်ရှေ့ထွက်ပြီး ကွပ်ပျစ်ပေါ် ခပ်ချေချေထိုင်လျှက် အိမ်ရှေ့မှ ပုန်းနားထောင်နေသူ အကုန်ကြားလောက်သော အသံဖြင့်….
“ဟုတ်တယ်ဟေ့…. မြေပိုင်ရှင် ဦးအေးမောင်ရဲ့ သမီး ခင်လေးဆွေတဲ့ဟေ့…….ဒတ်တေးနော် ဒတ်တေး”
ဒေါ်ပြားကြီးက detail ဆိုတာကို ကြားဖူးနားဝ ငပိသံဖြင့်ပြောလိုက်မှပဲ ခုနက ချောင်းနေသူများ ဝုန်းကနဲဆို ထိုကွပ်ပျစ်ပေါ် အလုအယက်ပြေးတက်ကြတော့သည်။
ရွာထဲမှာ အဲလိုပင်ဖြစ်သည်။ ဂယက်တစ်ခုထပြီိဆို ကျပ်စိက ထိပ်ဆုံးက…………
_ _ _ _
ကျပ်စိဆိုတာ ရွာခြောက်တို့ရဲ့ခေါင်းဆောင်။ မိဘက လုံလောက်သော မြေယာနှင့် နွားတစ်ရှည်းထားခဲ့သဖြင့် ကျပ်စိဝမ်းရေးပြေလည်သည်။ ကိုယ်တိုင်လယ်ထဲဆင်းပြီး စပါးစိုက်စားတဲ့ အကြမ်းပတမ်းအခြောက်။ ဟိတ်… ထုတ်ဆီးပြိုင်တိုးမလား၊ ကြက်ဖပြိုင်ခွပ်မလား လာခဲ့ ကျပ်စိထိပ်ဆုံးက။ ရန်ဖြစ်ပြီဟေ့ဆိုလည်း ကျပ်စိက အရင်ရောက်နှင့်ပြီ၊ ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင်လုံးပြီ… ထိပ်ဆုံးက။ ဒါ့ကြောင့်ရွာက မျက်စိသူငယ်၊ နားသူငယ်ဖြင့် ခြောက်ဖို့လောက်သာ သိကြသော အခြောက်တွေ၏ အားထားရတဲ့ ရွာခြောက်ခေါင်းဆောင်ဖြစ်လာရတာ။
ကျပ်စိတို့ခေတ်က အပုန်းတွေ၊ အပွင့်တွေဟူ၍ ဂဃနဏ နားမလည်ကြပါ။း ခြောက်စရာရှိ နွဲ့ချထလိုက်တာပဲ။ ဒါပေမယ့် ကျပ်စိက နွဲ့သာနွဲ့သည်၊ မျက်နှာကြမ်းကြီးဖြစ်သည်။ ထိုမျက်နှာကြမ်းကြီးကို သနပ်ခါးဖုန်နေအောင်လိမ်းချပြီး ကျပ်စိတစ်ယောက်ရွာထဲဆင်းပြီဟေ့ဆိုလျှင် အကုန်လုံးကငေးမောရသည်။ ဘယ်မငေးပဲ မနေနိုင်ပါ့မလဲ။ တခြားအခြောက်မတွေလို ထဘီဆင်မဟုတ်ပဲ ကျပ်စိရဲ့ ပုဆိုးကွက်ကိုပြန်ချုပ်ထားတဲ့ ပုဆိုးထဘီက ဝတ်ထားတာ ပိပြားလို့..၊ သနပ်ခါးဘဲကျားက ဖုံ..လို့..။ ဒီကြားထဲ လည်ဂုတ်ပေါ် တစ်ဖက်တစ်ချက်ချထားသည့် ဆံတောက်ကို တစ်ဖက်တို တစ်ဖက်ရှည်လုပ်ထားသေးသည်။ (အခုခေတ် ရီဟန်းနားတို့ ဗစ်တိုးရီးယားဘက်ခန်းတို့မြင်လျှင် လန့်သေသွားလိမ့်မည်)။ ကျပ်စိက အဲဒီ့လို လူကြိုက်များသည်။ ခေတ်စားသည်။ ကိုယ်ပိုင် ဖက်ရှင်ရှိသည်။
ကျပ်စိကိုလူတွေ တော်ရုံမစရဲ မနောက်ရဲကြသည်မှာ ကျပ်စိက ပါးစပ်ကြမ်း၊ လက်ကြမ်းသည်လေ။ တော်ရုံယောက်ျားသားလောက်တော့ ကျပ်စိတို့က မဖြုံပေ။ လက်ချင်းယှဉ်ကာ ချရဲသည်။ ပြီးတော့ ကျပ်စိက အတင်းစုံ၊ သတင်းလုံလေ။ ရွာသူကြီးကတော် ကြီးဆင်က ဒါကိုသိသဖြင့် ကျပ်စိကို လက်သပ်မွေးထားသည်။ သူကြီးထက်တော်၍ သူကြီးကတော်ဖြစ်နေသော ကြီးဆင်၏ အာဏာကြောင့်လည်း ကျပ်စိကို လက်ဖျားနှင့် ထိဖို့မပြောနှင့် အရှေ့တွင်ပင် တံထွေးကို ပျစ်ကနဲမြည်အောင် မထွေးရဲကြပေ။
ထိုသို့ပြောနေ၍ ကျပ်စိကို မိုက်ကန်းကန်းနဲ့ တစ်ဇွတ်ထိုးအခြောက်ဟု မထင်ပါနှင့်။ အရေးကြုံလာလျှင် ကျပ်စိက ရွာဘက်က အမြဲရှိပြီးသား။ အရင်တစ်ခါက ဟိုဘက်ရွာနှင့် ရန်ဖြစ်တုန်းကဆို ရန်ဖြစ်နေကြတဲ့ ကောက်စိုက်သမတွေကြားထဲ ကျပ်စိက ဘာမပြောညာမပြောနှင့် ဝင်ပြီး ဟိုဘက်ရွာဘက်လှည့်ကာ ပုဆိုးထဘီကို လှန်ပြလိုက်သည်လေ…။ ဘာပြောကောင်းမလဲ…..၊ ပြေးလိုက်လွှားလိုက်ကြတာ ကောင်မတွေဆိုတာ ဝက်ဝက်ကွဲပဲ…..။ အကြောက်လွန်ပြီး သတိမေ့သွားတဲ့သူတောင်ရှိသေး…. ဟိ။
_ _ _ _
ကျပ်စိဆိုတာ အဲလို အမြဲထိပ်ဆုံးကလေ။ အခုလည်းကြည့် ရွာကို နယ်ပိုင်ဝန်ထောက် ‘အေဗလူး’ ဆိုသူ ရောက်လာမည်ဆိုတာကိုလည်း သူပဲစပြောတာဖြစ်သည်။ ရောက်လာပြီးမကြာမီ ရွာကကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်ထဲမှ တစ်ယောက်နှင့်လက်ထပ်တော့မည်ဆိုတော့လည်း သူက ဘယ်သူမှန်း ဒီတေးပြောချသွားသည်။ မြေပိုင်ရှင် ဦးအေးမောင်ရဲ့ သမီး ခင်လေးဆွေတဲ့လေ။ ပြောသွားသည်ကလည်း ဒေါ်ပြားကြီးကိုဖြစ်သဖြင့် သတင်းက သုံးမိနစ်ပင် မစောင့်လိုက်ရပဲ တစ်ရွာလုံးပြန့်နှံ့သွားလေတော့သည်။
အင်္ဂလိပ်- ကုလား ကပြားဖြစ်တဲ့ အေဗလူးက တဏှာရူးကြီးတဲ့၊ အဲဒီ့လိုပဲ ရွာတစ်ရွာရောက်တိုင်း အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေကို ဖျက်ဆီးနေကျတဲ့…။ ပြီးတော့ အိန္ဒိယပြည် ကာလကတ္တားမြို့မှာလည်း လက်ထပ်ထားတဲ့ မယားကြီးနဲ့ ကလေးနှစ်ယောက်ရှိသေးသတဲ့လေ….။ ထိုကဲ့သို့ ကျပ်စိက ဒီတေးပြောချသွားတာဖြစ်ပါသည်။ ကျပ်စိပြောသွားသည့်အထဲတွင် အမျိုးကောင်းသမီးဆိုတာကတော့ ဟုတ်ပါသည်။ အမျိုးကောင်းသားဆိုသည်မှာ ဘာကိုဆိုလိုသနည်း ????
ရှင်းပါသည်….
အားလုံးမထင်မှတ်ထား၊ သတိမထားမိသည့်စကားအရ အေဗလူးမှာ အခြောက်အပုန်းတစ်ယောက်ဖြစ်ပါသည်။ ရွာတစ်ရွာရောက်သည်နှင့် ဆင်သောယောက်ျားပျိုများ၊ ကျားသော တောင့်သော ယောက်ျားများကိုသာ သွားရေတလူးလူးနှင့် ခိုးကြည့်တတ်သူဖြစ်သည်။ သို့သော် သူ့ခြောက်နေမှန်းလူမသိစေချင်သဖြင့်၊ သူ့သိက္ခာကို ထိန်းချင်၍သာ ရွာမှ အချောအလှ မိန်းမပျိုများကိုသာ သူနှင့်အမြဲခေါ်သိပ်လေ့ရှိပါသည်။ ညရောက်လျှင် ဘာမှလုပ်သည်မဟုတ်။ တူတူပုန်းတိုင်း ကစားတာတို့၊ မျက်နှာကို အဝတ်စီးပြီး ဘုတ်တလုပ်တောက်တဲ့ ကစားတာတို့၊ ဗြောင်နောင်နောင်ဘေဘေ့ဂျိကို နှဖူးတောက်တမ်းကစားတာတို့သာ တညလုံးထိုင်လုပ်ပါသည်။ အေးလေ.. ညီအစ်မချင်းတွေပဲ အဲတာပဲ လုပ်စရာရှိတာကို.. ဟိဟိ…။
အချောအလှ မိန်းမပျိုများမှာ နံမည်သာပျက်ပြီး ဘာဘာ..ဘာမှမဖြစ်လိုက်ရသဖြင့် ဟာစလာဖြစ်ပြီး မနက်အိမ်ပြန်ရောက်တာနှင့် ငိုကျွေးခြင်းများ၊ ကိုယ့်ကိုယ်ကို သတ်သေခြင်းများ ပြုလုပ်ကြပါတော့သည်။ ထိုသတင်းကို ကျပ်စိက ဘော်ဘော် အခြောက်မတစ်ချို့ဆီမှ ခပ်သဲ့သဲ့ကြားထားသဖြင့် အရိပ်အမွက်ပြောထားခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျပ်စိပြောသွားသော အမျိုးကောင်းသားဆိုသည့် စကားလုံးကို ဘယ်သူမှ သေချာ သတိမထားလိုက်မိကြသဖြင့် ခင်လေးဆွေဘက်မှသာ အကုန်လုံးက တောက်တစ်ခေါက်ခေါက်နှင့် နာကျည်းလျှက်ရှိကြပါသည်။ ဒီလိုနဲ့………. လက်ထပ်ရမည်ဆိုသောရက်……..
တစ်ဖြည်းဖြည်းနီးလာပါသည်။
ကျပ်စိစိတ်ထဲတွင် ငယ်ငယ်က အငြင်းထူသော၊ ကစားတိုင်း ညစ်သော ခင်လေးဆွေတစ်ယောက် ဘုတ်တလုပ်တောက်တဲ့ ကစားလျှင် အဝတ်ကြားထဲမှ ခိုးကြည့်ပြီးကစားလေမည်လားဟု တွေးနေမိပါသော်လည်း၊ လူအများမှာတော့……….
_ _ _ _
လူအများမှာ အလွန်ပင်ခံပြင်းလျှက်ရှိသည်။ အဆိုးဆုံးက ခင်လေးဆွေကို တစ်ဖက်သတ်စိတ်ဝင်စားနေသူ နွားကျောင်းသားလေး ဖိုးသူရသာဖြစ်သည်။
ဖိုးသူရက အသားညိုညိုထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားပီသစွာချောမောသူ။ ဘဝပေးအဆင့်အတန်း မကောင်းရှာသဖြင့် မြေပိုင်ရှင်သမီး ခင်လေးဆွေအနား ကပ်ခွင့်မရသော်လည်း ဖိုးသူရအနားတော့ ရွာရှိ အပျိုအရွယ်တိုင်းကပ်ချင်ကြပါသည်။ အဆိုးဆုံးက ရွာခြောက်များဖြစ်သည်။ ဒီ့ထက်ဆိုးသည်က ကျပ်စိပင်ဖြစ်ပါသည်။
ဖိုးသူရက ခင်လေးဆွေ မတရားသဖြင့် သိမ်းပိုက်ခံရသည်ဆိုတာကို တွေးရင်း အသည်းနှလုံးတွေ တနုံ့နုံ့နာကျင်ခံစားနေရပါသည်။ ထို့ကြောင့် သည်းမခံနိုင်စွာ လက်ထပ်ရက်မတိုင်ခင်ပင် အေဗလူးတည်းနေသော အိမ်ရှေ့တွင် ငှက်ကြီးတောင်ဓားတစ်ချောင်းကိုင်လျှက် သွားကြိမ်ဝါးသည်။
“ဟေ့ကောင်.. မင်း ခင်လေးဆွေကို စော်ကားဖို့မကျန်နဲ့ကွ..။ မင်းမှာ မိန်းမရှိတာ ကျပ်စိပြောလို့ လူတိုင်းသိပြီးကြပြီ။ မင်းမို့လို့ နှမချင်းမစာနာ ဒီလိုလုပ်ရက်တယ်။ ဆင်းခဲ့စမ်းဟေ့ကောင်။ သတ္တိရှိရင် အခုဆင်းခဲ့ တစ်ယောက်ချင်းချမယ်။”
ခဏကြာတော့ သေနတ်ကိုင်ထားသော လူသုံးယောက်ဆင်းလာသည်။ ဓားကိုချခဲ့ပြီး အပေါ်က အခန်းထဲကို ဝင်လာခဲ့ပါတဲ့လေ။ ဖိုးသူရက လက်ချင်းလည်းယှဉ်ချမည်ဆိုသော သဘောဖြင့်ဓားကိုပြစ်ချကာ တစ်ဝုန်းဝုန်းတစ်ဒိုင်းဒိုင်း အပေါ်ကိုပြေးတက်သွားသည်။ အပေါ်ရောက်သည်နှင့် အခန်းထဲ တန်းဝင်လိုက်ပါသည်။
အခန်းက ပြတင်းတံခါးများပိတ်ထားသဖြင့် အလင်းရောင်ခပ်သဲ့သဲ့သာရှိနေပါသည်။ အခန်းထောင့်တွင် အေဗလူးက ဝိုင်တစ်ခွက်ထိုင်သောက်နေသည်။ ဖိုးသူရကို မြင်သည်နှင့် အေဗလူးက
“ထိုင်..သားလေး…”
အံမာ သားလေးတဲ့.. ဒီကောင်က သူ့ကို အဖေခေါ်ခိုင်းချင်တာနဲ့တူတယ်။ သေတာတောင်မခေါ်ဘူးဟေ့ကောင်။ ထွီ..
ဖိုးသူရက စိတ်ထဲတွင် ပျစ်ပျစ်နှစ်နှစ်တွေးလိုက်ကာ ဒေါသဖြင့် ခြေလှမ်းကို ခပ်ကျဲကျဲလှမ်းကာ အေဗလူးအနားကို လျှောက်သွားလိုက်ပါသည်။ အေဗလူးကတော့ သူ့ဆီ လျှောက်လှမ်းလာသော ဖိုးသူရကို စလိုးမိုးရှင်းအမြင်ဖြင့် ကြည့်ကာ နှုတ်ခမ်းကို ကျစ်ကျစ်ပါအောင်ကိုက်ထားလျှက် လျှာကို သလပ်မိသည်။ ဖိုးသူရက မျက်နှာပေါက်ရော ခန္ဓာကိုယ်ပါ.. hot သည်လေ။ ဖိုးသူရ၏ တင်းရင်း ကျစ်မာနေသော ရင်အုပ်ကြွက်သားများကိုကြည့်ရင်း အေဗလူး သွားရေ အလူးလူး ဖြစ်မိသည်။ နှုတ်ခမ်းကိုသာ လျှာဖြင့် ခဏခဏ သလပ်ရသည်လေ။
ဖိုးသူရအနားရောက်သည်နှင့် အေဗလူးက….
“ငါ.. ခင်လေးဆွေကို လက်မထပ်တော့ပါဘူး….”
“ဘာ……..။ ဟို…………. ဗျာ………..”
အေဗလူးက ရုတ်တရက်ပြောချလိုက်သဖြင့် ဖိုးသူရပင် ထွက်နေသော ဒေါသတွေ ချက်ချင်းပျောက်သွားလျှက် အယောင်ယောင်အမှားမှားပင် ဖြစ်သွားလေသည်။ အေဗလူးက ဆက်ပြောသည်။
“ဒါပေမယ့် သားလေးပြောတဲ့ ကတိကိုတော့ တည်ရမယ်နော်…”
“ဗျာ……… ဘာ.. ဘာကတိလည်းဟင်……..”
“ဟယ်.. လူဇိုးလေး…. မသိချင်ယောင်ဆောင်တယ်… သွား။ ခုဏကပဲ အိမ်ရှေ့မှာလာအော်နေပြီးတော့။ သတ္တိရှိရင် တစ်ယောက်ချင်းချမယ်ဆို။ လာလေ တစ်ယောက်ချင်းချကြရအောင်.. နော်.. နော်လို့……….”
အေဗလူးက ပြောနေသော အသံကြီးကို ပြားလိုက်ကာ ချက်ခြင်းနွှဲချလိုက်သဖြင့် ဖိုးသူရရင်ထဲ ဒုန်းကနဲဖြစ်သွားသည်။ အို.. ငါတော့မှားပြီ…………။
ပြောပြောဆိုဆို အေဗလူးက အခန်းကိုသော့သွားခတ်လိုက်ပြီး သော့တံကို သစ်သားပြားလန်နေသော အိမ်နံရံကနေ အပြင်ဘက်သို့ ပြစ်ပေါက် လွှင့်ပြစ်လိုက်သည်။ ထို့နောက် ခုတင်ပေါ်အပြေးကလေးတက် လေးဘက်ကုန်းကာ ဖိုးသူရဘက် ဖင်ပေးလျှက် ဒေါ့ဂီ (doggie)စတိုင်ဖမ်းလိုက်လေသည်။ ပါးစပ်မှလည်း ကျားဟိန်းသံလိုလို၊ မာန်ဖီသံလိုလိုလုပ်၍ မျက်လုံးကိုစင်းထားကာ sexy မျက်နှာပေးဖြင့် ဖိုးသူရဘက်လှည့်ကာ မြူဆွယ်လိုက်ပါသည်။ (အခုနေ ဘီယွန်းစေး များတွေ့လျှင် You’ve been a bad girl. A very bad bad girl လူးလူး ဟုအသည်းအသန် ရေရွတ်သွားမည့် အသေအကြေလန်ထွက်သော အထာပင်ဖြစ်ပါသည်)။ ခုဏက ဒေါသဖြင့် အော်ဟစ်နေသော ဖိုးသူရမှာ နှုတ်ခမ်းများပင်ပြာသွားပါတော့သည်။
“ဟင်… ဒါ.. ဒါ………..”
“ပေးဆပ်လိုက်ပါသားရယ်။ အချစ်အတွက် ပေးဆယ်ထလိုက်။ လာ.. တစ်ခါထဲပါ။ ပြီးရင်တော့လူးလူးအလှည့်ပေါ့.. အဟင်း………”
“ဗျာ…..”
“အဟင်း………ဟင်း……….”
……………………………………………………………………………………
သိပ်မကြာပါ အပြင်ဘက်မှာ စောင့်နေသော အစောင့်များ အိမ်ခန်းထဲမှ ရေအိုးကွဲသံကိုကြားလိုက်ရသည်။ ဘာရယ်တော့ မဟုတ်ပါ….၊ အစောင့်တစ်ယောက်က သူ့ရင်ဘတ်အိတ်ကပ်ထဲမှာ ထည့်ထားသော နှင်းဆီပန်း၏ ပွင့်ဖတ်လေးများကို တစ်လွှာချင်းဆီချွေချနေလိုက်လေ..တော့… သည်။
_ _ _ _
“တောက်…..!!!!!!!!!”
ဆံတောက် တစ်ခြမ်းစောင်းကို သွင်သွင်ခါလျှက် ကျပ်စိတောက်ခေါက်လိုက်သည်။ တောက်ခေါက်လိုက်သောအသံက မပြားနေပဲ ယောက်ျားဆန်သွားသဖြင့် ဖိုးသူရ၏ သတင်းကိုလာပေးသော အခြောက်မမှာ မျက်စိမျက်ဆန်ပြူးကာ လန့်သွားလေသည်။ အခြောက်မအနေဖြင့် မတော်တဆများ ကျပ်စိကျားသွားတာဆိုလျှင် ရင်ခွင်ထဲပြေးဝင်ပြီး `တွား အခုမှ လာကျားပြနေတယ် လူဇိုးကြီး’ ဆိုပြီး နွဲ့ဆိုးဆိုးလိုက်မည်ဟု စိတ်ကူးထားလိုက်သည်။ ကျပ်စိကိုကြောက်ရသည်ကိုး။
မကျားပါ။ ကျပ်စိမက ချက်ခြင်း အသံကို ပြန်ပြားလျှက် နားကျည်းသော အကြည့်ဖြင့် အဝေးကို စူးစိုက်ကြည့်ကာ တစ်ခွန်းထဲပြောလိုက်သည်။
“စနှိုက်ကြော်မ…. အေဗလူးမ… ဂလန်မ……… တွေ့ကြသေးတာပေါ့ ကမရယ်။ အခြောက်မတို့ လက်စောင်း အကြောင်းသုံးပါးမရွေးဘူးဟဲ့…………….”
ပြောပြောဆိုဆိုနှင့် ကျပ်စိမက အိမ်ပေါ်က ခုန်ဆင်းသွားသဖြင့် အညတရ ရပ်ရွာခြောက်မှာ ထဘီကို ကမန်းကတမ်းပြင်ဝတ်လျှက် အနောက်မှ အမြန်အဆန်ပြေးလိုက်ရပါတော့သည်။
ကျပ်စိမ ကောက်တောက်ကောက်တောက်နှင့် အပြေးအလွှားရောက်သွားသည်က အေဗလူးတည်းနေသော အိမ်ရှေ့ဖြစ်သည်။ အိမ်ရှေ့ရောက်သည်နှင့် ကျပ်စိက ထဘီကို ဒူးခေါင်းပေါ်သည်အထိ ဆွဲ မ.. ကာ ခါးကို ကွေးကောက်နေအောင် ထောက်လိုက်ရင်း ပါးစပ်ကို သေချာ ဟန်ပါပါပြင်ကာ အကျယ်ကြီးအော်ချလိုက်လေသည်။
“ဟဲ့ အေဗလူးမ ဟဲ့ကောင်မ…….. ထွက်ခဲ့ ညည်း ထွက်ခဲ့လိုက်စမ်း။ ထွက်ခဲ့လိုက်စမ်းပါ အခြောက်မရဲ့……….။ ပုန်းမနေနဲ့ ထွက်ခဲ့လိုက်တော့…………”
ကျပ်စိ၏ ခုနှစ်ချီအသံကြီးကြောင့် ရွာထဲမှ အိမ်တစ်ချို့ ကြောက်လန့်တကြား ပြတင်းပေါက်မှခေါင်းပြူကြည့်ကြသည်။ အေဗလူးအိမ်ရှေ့ အခြောက်မဟု ကျပ်စိက သွားအော်နေသည်ကို တွေ့လိုက်ကြရာ အားလုံး လန့်သွားကြတော့သည်။ လမ်းမပေါ်မှာ ပြေးလွှားဆော့နေသော ကလေးများသည်လည်း အခြေအနေမကောင်းမှန်းရိပ်မိကာ အိမ်တွေထဲ ပြေးဝင်ကြသည်။ ရွာလမ်းမပေါ် ကျောင်းထားသော ကျွဲနွားကြက်ဝက်များကိုလည်း ပိုင်ရှင်များက တမဟုတ်ခြင်း အသီးသီးလာသိမ်းသွားကြသည်။ မကြာပါ ရွာလမ်းမကြီးတစ်ခုလုံး ချက်ခြင်းရှင်းလင်းသွားကာ တစ်ရွာလုံးလည်းအပ်ကျသံမကြားရအောင်အထိ တိတ်ဆိတ်သွားလေသည်။
“hi what’s up……….”
အသံပြားကြီးနှင့် အတူ classical ဓာတ်ပြားသီချင်းသံတီးလုံး တစ်ခု ထွက်ပေါ်လာပြီး အေဗလူး၏ အိမ်ပြတင်းပေါက် ရုတ်တရက်ဖြည်းညှင်းစွာ ပွင့်သွားလေသည်။ ပြတင်းပေါက်ပွင့်ပွင့်ခြင်း ဖြူဖွေးလှပကာ ခြေသည်းလေးများ ညီနေသော ခြေတဖက် ငြင်သာစွာ ထိုးထွက်လာကာ ပြတင်းပေါက်ဘောင်ကိုလှမ်းချိတ်သွားလေသည်။ ဖြည်းဖြည်းချင်း ပွင့်လာသော ပြတင်းပေါက်တံခါးရွက်ကြားမှ ဝိုင်ခွက်ကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွထိကာ အပြင်ကိုမကြည့်ပဲ ခေါင်းကို လှပစွာမော့ထားသော အေဗလူး၏ မျက်နှာပေါ်လာလေတော့သည်။ အိုက်တင်ကတော့ လုံးဝ.. အချေ…….။
ကျပ်စိတောင် ခဏတာ မင်တက်သွားသည်။ မွေးကတည်းက ခြောက်နေသော သူပင် ဒလောက် လှပကျော့ရှင်းစွာ ပြတင်းပေါက် မဖွင့်တတ်ပေ။ ကျပ်စိ ပါးစပ်အဟောင်းသား ဖြစ်နေရင်းကနေ ချက်ခြင်း အမူအရာကို ပြန်ထန်လိုက်ရင်း နှုတ်ကြမ်းကြီးနှင့် အော်ချလိုက်သည်။
“ဟဲ့ အခြောက်မ နှာဘူးမရဲ့ တော်ပါတော့။ ပျိုနေတာတွေရပ်ပါတော့။ အံမယ်လေး သူ့ကိုယ်သူ မိန်းမလားအောက်မေ့ရတယ် … နွဲ့နေလိုက်တာ နွဲ့နေလိုက်တာ….။ အခြောက်မလို့ လူတကာ အော်ဟစ်ခံရတဲ့ ကျမတောင် လက်မြှောက်ရပါတယ် အရပ်ကတို့ရဲ့။ ကျပ်စိမ အရှုံးပေးရပါတယ်တော့…………”
ကျပ်စိက ရွဲ့ပြီးအော်ချလိုက်တော့ အေဗလူးက နှုတ်ခမ်းလေးကို ဖူးနေအောင် စူလိုက်ရင်း..
“နိုး.. နိုး.. နိုး……………..။ ဒါ ပျိုတာ မဟုတ်ဘူး။ Sexy ဖြစ်တာ…။ လှတာ…….”
အသံက မို့မို့မြင့်အောင်အား အချေဆေးတွေ ထပ်ထိုးပေးလိုက်သော အသံ။ ပြောပြောဆိုဆို အေဗလူးက နှုတ်ခမ်းမှာတေ့ထားသော ဝိုင်ခွက်ကို မသောက်ပဲ မျက်နှာကိုမော့ကာ လောင်းချလိုက်လေသည်။ ဆံပင်ပေါ်တွေရော မျက်နှာတွေပါ ဝိုင်တွေစိုသွားသည်။ စိုနေသောခေါင်းကို ဆံပင်များဝေ့ဝဲသည်အထိ ဖြည်းညှင်းစွာ ခါရမ်းရင်း ကျပ်စိမဘက်ကို sexy ဖြစ်စွာ ဖြတ်ကနဲ တစ်ချက်လှည့်ကြည့်လိုက်လေသည်။
ကျပ်စိမ .. အိုသွားသည်။ ဘာပြောရမှန်းပင်မသိတော့။
“ကဲပြော ကောင်မလေး။ လာရင်းကိစ္စကဘာလည်း။ တို့ကူညီနိုင်ရင် ကူညီမှာပါ။ ညီအစ်မအချင်းချင်းတွေပဲကို။”
ကျပ်စိမ ရင်ထဲ မနာကျင်စဖူး နာကျင်သွားသည်။ အခြောက်မှန်းမသိအောင် ယောက်ျားလိုနေနေလိမ့်မည်ဟု တွေးထားသော အေဗလူးက အကြီးအကျယ်တွေ ခြောက်ပြနေသည်ကိုး။ သူက အခြောက်လို့ လူရှေ့မှာအော်ပြီး အရှက်ခွဲမည်ဟု ကြံရွယ်ထားကာမှ အေဗလူးမက သောက်ရွဲ့တိုက်ကာ ပေါ်တင်ပွင့်ပြလိုက်တော့ ရင်ထဲမှာ အာ… သွားပါတော့သည်။
ကျပ်စိ ကြောင်တောင်တောင်ဖြစ်သွားသည်ကို ကြည့်ရင်း ရွာထဲမှ ထရံတွေကြား အလျှိုလျှို ချောင်းကြည့်နေကြသူများဆီမှ အသံတွေ တစတစ ထွက်လာကြတော့သည်။ ကျပ်စိမတော့ ဂွမ်းပြီဟေ့ဆိုသော အသံကြီးက ဘယ်အိမ်ကမှန်းမသိ စူးစူးဝါးဝါးကြီးထွက်ချလာသည်။ ကျပ်စိမ ရှိသမျှအားတွေညှစ်ကာ အော်ချလိုက်သည်။
“တိတ်စမ်း”
အသံတွေပြန်တိတ်သွားသည်။ ကျပ်စိမ မျက်ထောင့်နီဖြင့် အေဗလူးကိုကြည့်ကာ တစ်ခွန်းထဲပြောချလိုက်သည်။
“မင်းနဲ့ငါနဲ့ လုံးဝ ရန်သူ။ အပေါင်းအသင်းတွေလည်း အခုတော့ရန်သူ။ တောက်…………..”
ဘာအထာလည်းတော့ မသိပေ။ ပြောချင်ရာပြောပြီး ဆတ်ကနဲ နောက်လှည့်ကာ လှယဉ်ကျေးမယ်စတိုင်ဖြင့် ခါးကိုထောက်လျှက် လှပစွာ အိမ်ကို ပြန်လျှောက်သွားလိုက်သည်။ အခြောက်အချင်းချင်းတော့ အထာတွေသိသည်ထင်သည်။ အေဗလူးက ဝိုင်ခွက်ကို ကနွဲ့ကလျလွှင့်ပြစ်လျှက် ပါးစပ်မှပြောလိုက်သည်။
“အေး.. စစ်ကြေငြာတယ်ဆိုပါတော့။ တွေ့ရသေးတာပေါ့ဟာ…….... ဟင်းဟင်းဟင်း…..”
ပြတင်းပေါက်တံခါးကို အေဗလူးစောင့်ပိတ်လိုက်ပါတော့သည်။
_ _ _ _
ဖိုးသူရအပေါ် ကတိမတည်သော အေဗလူးက ခင်လေးဆွေနှင့် မင်္ဂလာ ဧည့်ခံပွဲကို ဖြစ်အောင်လုပ်လေသည်။ မလုပ်၍လည်းမဖြစ်လေ။ သူတို့ အသိုင်းအဝိုင်းကလူတွေ အကုန်သိအောင် သူက ဖိတ်ကြားထားမိသည်ကိုး….။
အဲဒီ့နေ့က ဧည့်ခံပွဲကို လူတစ်ထောင်နီးပါးလာပါသည်။ ထိုခေတ်က အကြီးကျယ်ဆုံး မင်္ဂလာပွဲဟုပင် သတ်မှတ်ရမည်ဖြစ်သည်။ အေဗလူးကတော့ စိတ်အနည်းငယ်ညစ်နေသည်။ သူလုံးဝခံစားလို့ မရပါသော မိန်းမအစစ်တစ်ယောက်ဖြင့် တစ်ညအတူ ကစားရဦးမည်ကိုး။ အိပ်ရေးပျက်ဦးမည်။ ပြီးတော့ ပိုစိတ်ညစ်တာက ဒီည ဘာကစားရမှန်းမသိ။ ကစားနေကျနည်းတွေကလည်း ပျင်းလှပြီ။
စိတ်ညစ်ညစ်နှင့် လက်မှိုင်ချနေချိန်တွင် သူ့လက်အောက်မှ တပ်သားတစ်ယောက်ပြေးလာပြီး သတင်းတစ်ခုလာပြောသည်။ ခင်လေးဆွေကို နယ်ချဲ့တော်လှန်ရေးသမား ဗိုလ်လရောင်တို့ အဖွဲ့က ကယ်ထုတ်သွားသည်တဲ့။ သူစိတ်ထဲ မတရားပျော်သွားလေသည်။ သို့ရာတွင် ဟန်ကိုယ့်ဖို့ဆိုပြီး ဒေါသထွက်ချင်ယောင်ဆောင်ပြကာ တပ်သား၏မျက်နှာကို ဘယ်ပြန်ညာပြန်နှစ်ချက် (ဘာမဆိုင်ညာမဆိုင်) ရိုက်ချလိုက်လေသည်။ ထို့နောက်ဆောင့်ကြီးအောင့်ကြီးနှင့် အိမ်ထဲဝင်ချသွားလိုက်သည်။
မင်္ဂလာပွဲထဲမှာတော့ ဆူညံစွာ ကျန်ရစ်လျှက်။
………………………………………………….
ထိုညက အေဗလူး အိပ်မပျော်ပါ။ ဗိုလ်လရောင်.. ဆိုသော နံမည်လေးကို ရေရွတ်ရင်း ရင်ထဲဖိုနေမိသည်။ အို.. ငါ ဒီနံမည်ကိုကြားတာနဲ့ ဘာလို့ရင်ခုန်နေမိပါလိမ့်။ နယ်ချဲ့ကိုမှ တော်လှန်တယ်ဆိုတဲ့ သူလေးက ကျားကျားယားယားနဲ့ တအားချောနေမလား၊ အသားလေးတွေက ညိုကျစ်ကျစ်လေးဖြစ်နေမလား၊ ဗလတွေ တောင့်နေမလား.. ငါသိချင်လိုက်တာဟယ်။ ရင်တွေတောင်ဖိုတယ် ကောင်လေးရယ်။ နံမည်လေးကိုက ဗိုလ်လရောင်တဲ့..။ သွား.. ရင်ခုန်စရာလေး……….
တစ်ယောက်ထဲ အတွေးကမ္ဘာတွင် အေဗလူး လူးလှိမ့်ကာ ပြုံးနေမိသည်။ မကြာပါ တံခါးခေါက်သံနှင့် အတူ အစောင့်တပ်သားတစ်ယောက်၏ အသံထွက်ပေါ်လာလေသည်။
“ဆရာ မနက်က ဧည့်ခံပွဲကို ဖျက်ခဲ့တဲ့ ဗိုလ်လရောင်က တွေ့ချင်လို့တဲ့။ အပြင်မှာ စောင့်နေတယ်ဆရာ။ ကျွန်တော် သေနတ်နဲ့ ပြစ်သတ်လိုက်ရမလား။ ”
“ဟဲ့.. ဟဲ့ .. အံမယ်လေးလေး မကြံကောင်းမစည်ရာဟယ်။ ခေါ်ခဲ့ရမှာပေါ့ဟဲ့။ အို.. ယောင်ကုန်ပြီ။ အေးအေး.. တပ်သား ငါ့ဆီခေါ်ခဲ့ပါ။ ”
တွေးနေတုန်း ရင်ခုန်နေတုန်းချက်ခြင်း ရောက်ချလာသဖြင့် ရင်ဖိုလှိုက်မောသွားကာ အေဗလူး အသံများပင် အခြောက်ဆန်သွားပါသည်။ မနည်းပြန်ထိန်းလိုက်ရသည်။
တပ်သားဆင်းသွားတော့ အေဗလူး ကတင်ပေါ် တစ်စောင်းလေး လှဲလျှက် တင်ပါးဆုံကို ကော့ထားလေသည်။ တံခါးဝကို ကျောပေးထားကာ ဝိုင်ခွက်ကို မခို့တရို့လေး ကိုင်ထားပါသည်။ အဆင်သင့်အနေအထားပေါ့။ ကိုယ့်အနေအထားကိုယ် ပြန်တွေးမိရင်း စိတ်ထဲ ရင်ဖိုကာ ရှက်ပြုံးလေးပင် ပြုံးလိုက်မိသေးသည်။
ခဏကြာတော့ တခါးဖွင့်သံကြားရတာနှင့် အေဗလူး ဒိန်းကနဲ ရင်ခုန်သွားသည်။ မျက်ထောင့်လေးက တိတ်တခိုးလှည့်ကြည့်တော့ လက်နှစ်ဖက်ကား၊ ခြေနှစ်ဖက်ကား ကျားယားကာ.. တဒိန်းဒိန်းနှင့်ဝင်လာသော ဗိုလ်လရောင်အားတွေ့လိုက်ပါသည်။ မျက်နှာကို ပုဆိုးဖြင့် အုပ်ထားသော သူပုန်ပုံစံဖြင့် ဗိုလ်လရောင်ကို သူ တအားဖွာသွားသည်။ ဟယ်.. မိုက်လိုက်တာဟယ်။
ဗိုလ်လရောင်က သူ့ကိုတွေ့သည်နှင့် သူ့အနား ချက်ခြင်းလျှောက်လာကာ အေဗလူး၏ ဖင်နှစ်မွှာကို လက်နှစ်ဖက်နှင့် အားကုန်ညှစ်ချလိုက်သည်။ အား.. ကြမ်းလိုက်တာ။ ခပ်ကြမ်းကြမ်းမှ အေအေ တို့က ကြိုက်တာ..။
“အို.. ချက်ခြင်းကြီးရှင်ရယ်။ လောလိုက်တာ”
အေဗလူး လုံးဝကို ပျိုသွားတော့သည်။ မိန်းမအစစ်လား သူ့ကိုယ်သူအောက်မေ့သွားသည်။ ဟန်မဆောင်နိုင်တော့ပေ။ ဗိုလ်လရောင်က အေဗလူးအား ခါးမှနေမကာ မှောက်ခုံအနေအထား ရောက်အောင် ပြင်ယူလိုက်သည်။ အေဗလူးကလည်း အလိုက်သင့် ကိုယ်ကိုဖော့ကာ မှောက်ခုံအနေအထားသို့ ပြောင်းလိုက်ပါသည်။ ဗိုလ်လရောင်ဆီမှ အသံသြကြီးထွက်လာလေသည်။
“နောက်ကို လှည့်မကြည့်ပါနဲ့……”
အေဗလူး တခစ်ခစ်ရယ်မိသည်။
“အင်း.. ပါ………..။ တကထဲ ဖြစ်နေလိုက်တာ။ ဒီကဖြင့်ရှက်ရမယ်မရှိဘူး…။ သူက လာရှက်နေတယ်။ အင်း ပြီးရော မကြည့်ဘူး။ ဟင်းဟင်း……..ဟင်း။ ခစ်ခစ်”
“ကောင်းပြီ စလိုက်ကြစို့………….”
“ဟင်း.. ဟင်း……………………..”
ဗိုလ်လရောင်က မီးကို မှိတ်လိုက်သည်။ အသံများ တိတ်ဆိတ်သွားသည်။ ချိုးချိုးချွတ်ချွတ် အသံများတော့ကြားရသည်။ သိပ်မကြာပါ အေဗလူး၏ ငယ်သံပါအောင် အော်ဟစ်သံကြီးကို ထန်းလေးပင်တစ်ရွာလုံး ကြားလိုက်ရပါတော့သည်။
“အား…………………………”
_ _ _ _
မနက်လင်းတော့.. အားလုံးက မနေ့ညက ကြားလိုက်ရသည့် အသံ ကိစ္စကို သိချင်နေကြပါသည်။ အေဗလူးများ တစ်ခုခုဖြစ်သွားပြီလားပေါ့လေ။ တစ်ချို့ကတော့ ခင်လေးဆွေကြောင့် အရှက်ရပြီး သတ်သေသွားတာနေမှာတဲ့။ တစ်ချို့ကတော့ ဗိုလ်လရောင်က ညက လာသတ်သွားတာတဲ့။ တစ်ချို့ကလည်း ကျပ်စိမနဲ့ ညက နပါန်းသတ်ရင်း နားရွက်တွေ အပြန်အလှန်ကိုက်ကြတာတဲ့။ အားလုံးက ထုံးစံအတိုင်းရမ်းတုတ်ကြတာဖြစ်ပြီး ဘယ်သူမှတော့ ဂဃနဏ အဖြေကို မပြောနိုင်ကြ။
ညနေစောင်းလို့ အေဗလူးရော၊ သူ့လူတွေရောရဲ့လှုပ်ရှားမှုကို မမြင်တဲ့ အခါမှ သူကြီးကိုယ်တိုင် နှစ်လုံးပြူးကို လက်ဆွဲပြီး ကြောက်ကြောက်နှင့် အိမ်ပေါ် တက်ကြည့်ရသည်။ အိမ်ပေါ်ရောက်တော့ သူကြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
တွေ့လိုက်ရသည်က…………..
လားလား………………….
အေဗလူး…………………………..
မ…. ရှိ……………………….တော့………………….ပေ………………..။
တစ်ရွာလုံး ဆူညံပွက်လောရိုက်သွားပါတော့သည်။ ထိုထဲတွင် သူကြီးကတော်တော့ မပါပေ။ သူကြီးကတော် ကြီးဆင်က သူမကြာခင်သိရမှာပါဆိုတော့ အထာဖြင့် လက်ပိုက်ကာ ဆူညံနေသောသူတွေကို အပေါ်စီးမှ ချေပြီး ကြည့်နေလိုက်သည်။ အေးလေ သူ့မှာက သတင်းစုံ ကျပ်စိရှိသည်ကိုး……….။
_ _ _ _
ကျပ်စိနားမှာ တစ်ရွာလုံးက အခြောက်မတွေဝိုင်းနေသည်။ အခြောက်တွေကိုသာ ဒီကိစ္စပြောပြမည်ဟု ကျပ်စိက ပြောထားသဖြင့် အခြောက်တွေသာ ကျပ်စိအိမ်ကို ဝင်နားထောင်ခွင့်ရလေသည်။ ကျပ်စိက နောက်ဆုံးမှ အိမ်ထဲဝင်လာသော အခြောက်မကိုကြည့်လိုက်ရာ အကြီးအကျယ်လန့်သွားပါသည်။
ဖိုးသူရ…။
ထဘီကြီးပါတ်လို့……………….. ဟိုကြည့် ဒီကြည့်နဲ့ ကနွဲ့ကလျဝင်လာတာကိုး။ အေးလေ.. ရှိစေတော့။ ဂလန်စာမိသွားတာကိုး။ ညီအစ်မတွေပဲ ဖြစ်ပါစေတော့ဟယ်။ ကျပ်စိ စိတ်မကောင်းစွာဖြင့် မျက်လွှာချကာ သက်ပြင်းပါချလိုက်ရပါသည်။
လူစုံပြီဆိုတာတော့ အခြောက်မတစ်ယောက်က ကျပ်စိ စအပြောကိုပင်မစောင့်ပဲ မအောင့်နိုင်စွာ မေးမြန်းလိုက်တော့သည်။
“ပြောပါဦး ကျပ်စိရယ်။ အေဗလူးကို နင်ဘယ်လိုနှင်ထုတ်လိုက်လည်းဆိုတာ။”
ကျပ်စိက ချက်ခြင်းမပြော။ ချေနေသည်။ ပြောင်းဖူးဆေးပေါ့လိပ်ကို ခပ်တည်တည်နှင့် အချိန်ဆွဲပြီး ဖွာနေသေးသည်။ ပြီးမှ ဖြည်းဖြည်းချင်းပြောသည်….
“အဲနေ့ညက သူ့ဆီဝင်သွားတဲ့ ဗိုလ်လရောင်ဆိုတာ ငါပဲ………။”
“ဟယ်.. တော့…………..”
“ဟော.. ဟော ဟောတော့ ဗြန်းကနဲဆို…………..”
အခြောက်မတွေ ပွက်ပွက်ဆူသွားသည်။ ထိုအသံများကြောင့် ကျပ်စိအိမ်ရဲ့ မလှမ်းမကမ်းမှာ ချောင်းနေကြတဲ့ ရွာသူ၊ရွာသားများလည်း လန့်သွားကြသည်။
“နင်လည်းဟယ် မထော်တာတွေ။ ယောက်ျားပုံစံကြီးလုပ်သွားတာပေါ့လေ။ ဟုတ်လား။ ဟယ် မဟုတ်သေးပါဘူးဟယ်”
“အေးလေ… ပီရောပီပြင်ရဲ့လား နင်ကျားကျားယားယားရောရှိခဲ့လား ကျပ်စိမရယ်။ ဟဲ့.. အံမယ်လေး ငါတော့ မလုပ်ရဲပေါင်…”
“အေးလေ………… ဟဲ့ ဒါနဲ့ ဘာဆက်ဖြစ်ကြတုန်းဟဲ့………”
တစ်ယောက်တစ်ပေါက်ပြောနေကြသော အခြောက်မတွေအား ကျပ်စိက ခပ်ပြုံးပြုံးကြည့်ရင်း
“ဒီလိုဟဲ့…….. ငါအေဗလူးကို စိန်ခေါ်ပြီးတဲ့နောက် ရွာကာလသားခေါင်းဆောင် ငမူးဖိုထူးကိုကြည့်ပြီး လမ်းလျှောက်တာ ကျားအောင်ကျင့်ရတာပေါ့ဟယ်။ လွယ်တော့လွယ်ပါတယ်။ ပေါင်နှစ်ခြမ်းဗြန်းဗြန်းကွဲအောင်ကားပြီး ခပ်ဆောင့်ဆောင့်လျှောက်ရုံပဲ။ အသံကိုတော့ အေဗလူးမကို ပြောမယ့်စကားလုံးလောက်ကိုပဲ ယောက်ျားသံဖြစ်အောင် ကျင့်ရတာပေါ့ဟဲ့”
“ဟယ်.. လှုပ်ရှားတယ်တော့ ကောင်မက”
“အေးဟဲ့… လှုပ်ရှားထားရတာပေါ့။ အဲညက ငါလည်း ခပ်တည်တည်နဲ့ ဗိုလ်လရောင် ဆိုပြီးဝင်ချသွားလိုက်တာ ။ ကြောက်တော့ကြောက်တာပေါ့ဟာ။ ဒါပေမယ့်ြ့ဖစ်ချင်တော့ ကမက ဖွာနေတာဟဲ့။ ဝင်သွားတာနဲ့ ပျိုနေတယ်။ ငါလည်း မထူးပါဘူးဆို ဘာလုပ်လိုက်တယ်ထင်လည်း..”
“ဟဲ့ ဘာလုပ်လိုက်တာဒုန်း။ ရင်တွေ ခုန်လိုက်တာဟယ်။ သည်းထိတ်ရင်ဖိုမ”
“ဟဲ့ နင်… ပါးရိုက်လိုက်တာလား..။ ပြောဦး..”
“နားရွက်ကို ကိုက်လိုက်တာဆို………..”
မေးတာတွေတစ်ခွန်းမှ ကျပ်စိပြန်မဖြေ။ ဘေးမှာ ချထားသော ဗုံလုံသီး အကြီးကြီးကိုသာ အခြောက်မတစ်သိုက်ကြားထဲ လှမ်းပြစ်ချလိုက်ရင်း ပြောလိုက်သည်။
“အဲဒါကို နမ်းကြည့်လိုက်…………….”
အခြောက်မတွေလည်း ဘုမသိဘမသိ အသည်းအသန်လုနမ်းကြလေသည်။ အခြောက်မတွေနမ်းနေတုန်းမှ ကျပ်စိက ခပ်ပြုံးပြုံးလေးပြောချလိုက်သည်။
“အေး အဲဒါကြီး သူ့ဖင်ထဲ ထိုးထည့်လိုက်တယ်။ မှတ်ထား………….”
“ထွီ…………. ဖေလိုးမ စိတ်ပုတ်မ………။ ရွံလိုက်တာဟယ်။”
“ဝေါ့………………..”
အခြောက်တွေ ပွက်ပွက်ရိုက်သွားသည်။ အိမ်နားမှာ ရစ်သီ ရစ်သီ လုပ်နေသူများလည်း ထပ်လန့်သွားကြပြန်သည်။
“ဟဲ့ ကမက အဲဒီ့ အကြီးစားကြီးကိုတောင်လေ အစပိုင်းသာ ငယ်သံပါအောင်အော်တာနော်.. ။နောက်ပိုင်းကျတော့ အေးဆေးမှိန်းနေတယ်။ ငါဟယ် လက်အံတောင်သေပါတယ်ဆို။ ဒါနဲ့ငါလည်း မိနစ်သုံးဆယ်လောက် ကောင်မကို အာသာဖြေပေးပြီး မျက်နှာကိုဖုံးထားတဲ့ အဝတ်ကိုဆွဲချွတ်ပြလိုက်တယ် ဒီမှာကြည့်ဆိုပြီး……..။”
“ဟယ်……….”
“ဟိ.. အေဗလူးမဆိုတာလေ ငါမှန်းလည်းသိရော မျက်နှာကြီးကို နီထွက်သွားတာ။ ပါးရိုက်လိုက်ရတာထက်တောင် အရသာရှိသေးတယ်။ ငါလည်း အဲကျမှ ချက်ခြင်းနွဲ့လိုက်ပြီး ကျမ ကျပ်စိမပါရှင့် ခုနက ပုလင်းကွဲရှတာ ကောင်းလားလို့မေးလိုက်တာ။ ဘယ်ပြောကောင်းမလည်း ကမဆိုတာ ရှက်ပြီး ငိုတာ ငိုတာ ဟယ်……….။ လူးလှိမ့်နေတာပဲ…”
“ဟယ်.. နင်အောင်မြင်တာပေါ့……….”
“ဒါပေါ့ဟ.. ငါဘာမှတောင် ထပ်မပြောလိုက်ရပါဘူးဟယ်။ သူ့ဟာသူ အရှက်တွေဗြန်းဗြန်းကွဲပြီး ညတွင်းချင်းပဲ သူ့တပ်ဖွဲ့ တစ်ဖွဲ့လုံးခေါ်ကာ ကလကတ္တားကို ပြန်ပြေးသွားတယ်လေ။ မြန်မာနိုင်ငံမှာ လုံးဝမနေရဲတော့ဘူးတဲ့။ မြန်မာ့အခြောက်တွေကို တအားကြောက်ပါတယ်တဲ့ဟယ်။ ဟိ……။ အော်…… မသွားခင် မျက်ရည်စမ်းစမ်းနဲ့ ပြောသွားသေးတယ်။ ဘာတဲ့..။ ကျပ်စိမတဲ့ ဒါဟာ နင်သာမဟုတ်ခဲ့ဘူးဆိုရင်တဲ့ သူ့ဘဝမှာ အကောင်းဆုံး ညပဲလို့ သူပြောချင်တယ်တဲ့။ ကမကိုက ညုတာဟဲ့။ သေတာတောင် ဝမ်းသွားမရပ်တဲ့ ကမဟယ်။ ဘာပဲပြောပြော ကျေနပ်စရာပဲလေ။ ဦးအောင်ဇေယျတောင် ဝါးရင်းတုတ်ကိုင်ရသေးတယ်။ ငါ့မှာ ခြံထဲက ထွက်တဲ့ ဗုံလုံသီးနဲ့တင် နယ်ချဲ့မျက်နှာဖြူကောင်ကို တော်လှန်ခဲ့တာဟဲ့။ ကျေနပ်တယ်ဟဲ့”
“ကျေနပ်တယ်.. ကျေနပ်တယ်………..ဟဲ့………”
အခြောက်အုပ်နောက်ဆုံးမှာ တစ်ချိန်လုံး ငြိမ်နေသော ဖိုးသူရမှ ဘယ်သူမှ မအော်ခင် အရင်ဆုံး အကြီးအကျယ်ထအော်လိုက်သဖြင့် အခြော