ချစ်စရာ ကောင်းတယ်လို့ပြောရင် မျက်လုံးမှိတ်ပြတဲ့ စက်ရုပ်
ဟောင်ကောင် က ဂရပ်ဖစ် ဒီဇိုင်နာ ရစ်ကီမာ ဟာ စက်ရုပ်တစ်ခု တီထွင်လိုက်ပါတယ်။ တကယ့် လူသားတစ်
ဦး အရွယ်ရှိတဲ့ စက်ရုပ်ဟာ နာမည်ကျော်မင်းသမီး စကားလတ် ဂျိုဟန်ဆင် နဲ့ ချွတ်စွပ် တစ်ထေရာ တည်းတူနေပါတယ်။ ဒီစက်ရုပ်အတွက် ငွေကြေး ဗြိတိသျှပေါင် ၃၅၀၀၀ လောက်သုံးစွဲခဲ့ရပြီး အစအဆုံး အပြီး သတ် ၁၈ လ ကြာမြင့်ခဲ့ပါတယ်။ ဒီစက်ရုပ်ကို Mark 1 လို့နာမည်ပေးထားပါတယ်။ သူမရဲ့ အရိုးတွေကို 3D ပုံနှိပ်စက် နဲ့ ပုံနှိပ်ထားတာ ဖြစ်ပြီး အရေးပြားကတော့ ဆီလီကွန် တွေ ဖြစ်ပါတယ်။ စက်ရုပ်တစ်ခုလုံး ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို 3D ပုံနှိပ်စက်နဲ့ ပုံနှိပ်ထားတာ ဖြစ်ပါတယ်။ဟောင်ကောင် က ဂရပ်ဖစ် ဒီဇိုင်နာ ရစ်ကီမာ ဟာ စက်ရုပ်တစ်ခု တီထွင်လိုက်ပါတယ်။ တကယ့် လူသားတစ်
လက်နဲ့ ခြေထောက်တွေ လှုပ်လို့ရပြီး ခေါင်းလည်းလှည့်နိုင် အရိုအသေလည်းပေးနိုင်ပါတယ်။ မျက်နှာအမူအရာတွေ လည်း သေသေချာချာဖော်ပြနိုင်ပါတယ်။ သူ့ကို လှတယ်၊ ချောတယ်၊ ချစ်စရာကောင်းတယ် လို့ ပြောလိုက်ရင် မျက်လုံး တစ်ဖက်မှိတ်ပြပြီး ဟီး..ဟီ.. ကျေးဇူးတင်ပါတယ် လို့လည်း ပြန်ပြောတတ်ပါတယ်တဲ့။
Credit - Ayesay
Credit - Ayesay
