ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ


_________________________________________
ခင်ဗျားတို့ ကြုံဖူးလား ??? ခင်ဗျားတို့ ခံစားဖူးလား ???
- Valentine day နေ့မှာ ကိုယ်ချစ်တဲ့သူနဲ့ straight စုံတွဲတွေလို couple shirt တွေဝတ်ပြီး လက်ချင်းချိတ်ကာ သွားခွင့်မရှိပဲ လက်ဆောင်ကလေးတွေ တိတ်တိတ်လဲပြီး ကျေနပ်နေခဲ့ရတဲ့ HM တွေရဲ့ခံစားချက်မျိုး
- သီတင်းကျွတ်တိုင်း ဘယ်တော့စားရမှာလဲလို့ မေးလာတဲ့အခါ `အပူမရှာချင်သေးပါဘူး´ လို့ လိမ်လည် ပြောဆိုခဲ့ရတဲ့ အခါမျိုး

- သူငယ်ချင်းတွေက မိန်းကလေးတွေအကြောင်း ပြောရင် စိတ်မပါပဲ အားတက်သရော ဝင်ဖောရတဲ့ အချိန်ကာလမျိုး
- ကိုယ့်ကောင်မလေးအကြောင်း တစ်စုံတစ်ယောက်က မေးလာတဲ့အခါ ကိုယ့်ချစ်သူကို မိန်းကလေးပုံစံ ပြောင်းပြောပြီး အယုံသွင်းခဲ့ရတဲ့ အခိုက်အတန့်မျိုး
- ကိုယ့်ချစ်သူနဲ့ အတူတွဲသွားတာတောင် လက်ကိုကိုင်ပြီး သွားခွင့်မရှိတဲ့ အချိန်မျိုး
- ကိုယ်ချစ်တဲ့သူက ယောက်ျားလေးတစ်ယောက်ပါလို့ ထုတ်ဖော်မပြောရဲတဲ့ ခံစားချက်မျိုး
- ကိုယ့်ချစ်သူပုံကို wallpaper တင်ထားခွင့်မရှိတဲ့ ဘဝမျိုး
- ကိုယ့်မိဘ ပတ်ဝန်းကျင်က gay တွေကို စက်ဆုပ်ရွံရှာသလို ပြောဆိုတဲ့အခါ တိတ်တိတ်လေး သက်ပြင်းခိုးချပြီး နာကျင်ခံစားလိုက်ရတဲ့ ခံစားချက်မျိုး
- ကိုယ့်ချစ်သူနဲ့ ဖုန်းပြောတဲ့အခါ ဘေးလူတွေမကြားအောင် ခပ်ဝေးဝေးမှာ ခိုးပြောရတဲ့ အခြေအနေမျိုး
- ကိုယ့်ဖုန်းကို သူများအလွယ်တကူ ကြည့်မရအောင် password အထပ်ထပ်ခံထားရတဲ့ အဖြစ်မျိုး
- facebook မှာ ယောက်ျားချင်း chat နေတာ လူမသိအောင် ချောင်တစ်ချောင်မှာ ခိုးခိုးသုံးနေရတဲ့ အဖြစ်မျိုး
- ချစ်တဲ့သူနဲ့ အပြင်မှာတွေ့တာတောင် လူသူမရိပ်မိအောင် သူငယ်ချင်းလို ပြောဆိုဆက်ဆံနေခဲ့ရတဲ့ ခံစားချက်မျိုး
- သူငယ်ချင်းတွေက sex movies တွေ ကူးပေးရင် စိတ်ပါသလိုနဲ့ ကူးယူထားပြီး မကြည့်ဘဲ တိတ်တိတ်လေး ခိုးဖျက်ခဲ့ရတဲ့ စိတ်မသက်သာစရာ ကာလမျိုး
- facebook ပေါ်မှာ HM couple ပုံတွေ တွေ့ရင် ခိုးခိုး save ပြီး gallery lock တွေထဲ ဖွက်ထားခဲ့ရတဲ့ အဖြစ်မျိုး
- လူကြီးမိဘတွေက ကိုယ့်အိမ်ထောင်ရေးအကြောင်း ပြောရင် တော်ရုံမိန်းကလေးကို စိတ်မဝင်စားသလိုနဲ့ လူလိမ္မာပုံစံဖမ်းကာ အရှက်မရှိ သရုပ်ဆောင်ခဲ့ရတဲ့ မိုက်မဲမှုမျိုး
- အသည်းကွဲတဲ့အခါ လွမ်းတဲ့အခါ ဘယ်သူငယ်ချင်းကိုမှ ထုတ်ဖော်မပြောရဲပဲ တစ်ယောက်တည်း ကျိတ်ခံစားခဲ့ရ နေတာမျိုး
- ကိုယ့်ချစ်သူကို အသုံးအဆောင် လက်ဆောင်ပေးတာတောင် သူများတွေမေးရင် အစ်ကိုဖို့ပါ သူငယ်ချင်းဖို့ပါလို့ လိမ်လည် ပြောဆိုဖူးခဲ့ရတာမျိုး
- ပတ်ဝန်းကျင်နဲ့ အံဝင်အောင် မချစ်မနှစ်သက်ပဲ မိန်းကလေးတစ်ယောက်နဲ့ ဟန်ဆောင်တွဲနေရခဲ့ဖူးတဲ့ မွမ်းကြပ်မှုမျိုး
- သူငယ်ချင်းတွေက KTV ခေါ်သွားရင် စော်မခေါ်ပဲ အာ့လိုအပေါစားစော်တွေ မနှစ်သက်သလို ကြီးကြီးကျယ်ကျယ် သရုပ်ဆောင်နေပြခဲ့ရတဲ့ စိတ်မသက်သာစရာ အဖြစ်မျိုး
…………………………………………………………………………
ဟုတ်ပါတယ် ကျွန်တော်က HM တစ်ယောက်ပါ
straight တွေက မသတီသလို ဆက်ဆံပြီး girl တွေက ကဲ့ရဲ့ နှိမ်ချခြင်းကို ခံရတဲ့ HM တစ်ယောက်ပါ
ဘယ်သူကမှ စာနာနားလည်းခြင်းကို မခံရတဲ့ HM တစ်ယောက်ပါ
ကျွန်တော်လည်း တစ်ခြားယောက်ျားလေးတွေလို မိန်းမယူပြီး ကလေးတွေမွေး သားတွေသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ထင်ထင်ပေါ်ပေါ် ရဲရဲဝံ့ဝံ့ နေချင်တာပေါ့ဗျာ
ဒါပေမယ့် ကျွန်တော်ကမှ မိန်းမတွေကို ခံစားမရတာ
ရုန်းထွက်ဖို့ မကြိုးစားဘူးလားတဲ့
ကြိုးစားတာပေါ့ ကျွန်တော်ကြိုးစားတာပေါ့
ဒီလောက် စိတ်နာကျင် ခံစားရတဲ့ HM ဘဝကြီးကို သာယာစရာမှမရှိတာ
နာကျင်စရာဘဝကို ဘယ်သူက ခုံမင်ပြီး လိုချင်တပ်မက်မှာလဲဗျာ
မသိစိတ်က စွဲလန်းနေတဲ့ အစွဲလန်းဆိုတာ ဆင်သေလိုပါပဲ ဆိတ်ရေနဲ့ ဖုံးဖိမနိုင်တော့လို့ တိတ်တိတ်လေးလက်ခံနေတာပါ
ကျွန်တော်က HM ဆိုပေမယ့်
ယောက်ျားလေးတွေကိုပဲ ချစ်ခင် ကြင်နာချင်တယ် ဆိုပေမယ့်
ကျွန်တော့်စိတ်က မိန်းမစိတ်ပေါက်ပြီး မိန်းမဖြစ်ချင်နေတာမှ မဟုတ်တာ
တစ်ခြားယောက်ျားလေးတွေ လုပ်နိုင်တာ ကျွန်တော်လည်းလုပ်နိုင်တယ်
သူတို့ထက်တောင် ပိုလုပ်နိုင်သေးတယ်ဗျာ
ဒါကို ဘာလို့များ နှိပ်ချဆက်ဆံပြီး ဘေးဖယ်ထားချင်ရတာလဲ
ဘာလို့များ နားလည်လက်ခံ မပေးနိုင်ကြရတာလဲ
ဘာလို့များ ကျတော်တို့အတွက် တစ်နေရာလေး မပေးချင်ရတာလဲဗျာ
လူလူချင်းကို ကျွန်တော်တို့ကျမှ ဘာလို့ အပြစ်ရှိနေရတာလဲ
ကျွန်တော်တို့ အချစ်တွေက ဘာလို့ အဆိပ်သင့်နေရတာလဲ
------------------------------------------------------------------
ယောက်ျားခြင်း ချစ်တာ အပြစ်တစ်ခု ဖြစ်ရောလားဗျာ
By.

Saii Phyoe Thu Aung 


အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks