ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက်၃၁နှစ် ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရို
မေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြု တိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း
ထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၃၅နှစ်ရှိ တက္ကဆီမောင်းသူ Nicolae Stan နဲ့၂၀၁၂ ခုနှစ်မှာ
စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

သူမ ဈေးဝယ် ပြန်လာရာ ကနေ သူမအိမ်ရှိရာTulcea မြို့ကို ပြန်ဖို့ အတွက် Nicolae ရဲ့ကား
ကို ငှားခဲ့ခြင်း ဖြစ်ပါတယ်။

သူမ အိမ်ရောက်တဲ့ အခါမှာ သူ့ရဲ့ ဖုန်းနံပါတ်ကို တောင်းခဲ့ပါတယ်တဲ့။ ဒါကလည်း နောက်တစ်ကြိမ်
သူမ ကား ငှား ဖို့ အ တွက်လို့ အကြောင်း ပြခဲ့ပါတယ်။

သူ့ဖုန်း နံပါတ်ပေး ပြီးနောက် အချိန် အတော်ကြာပြီး သူမက ၀ိုင်ပုလင်း များစွာ သွားယူပြီး သူမထံလာ
ပို့ပေးနိုင်မလားလို့ မေးမြန်း ခဲ့ပါတယ်။ ဒါနဲ့ သူသဘောတူပြီး သူမအိမ်ကို သွားပို့ပေးခဲ့ပါတယ်။

အိမ်ရောက်တဲ့ အခါမှာတော့ သူ့ကို သူမက ပွေ့ဖက်ပြီး အိမ်ထဲ ခေါ်ဆောင်ကာ သူမနဲ့ လိင် ဆက်ဆံဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။

သူငြင်းဆန်တဲ့အခါမှာတော့ သူမက ၁၀ စင်တီမီတာ ပမာဏရှည်တဲ့ ဓါးကို ထုတ်ပြီး အ၀တ်အစားများ
ချွှတ်စေခဲ့ပါတယ် လို့ သူက တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ အိပ်ခန်းထဲကို အတင်းပြေးဝင်ပြီး ရဲ

ကို အကြောင်းကြားနိုင်ခဲ့လို့သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ရဲတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ ကိုယ်တစ်ပိုင်းချွတ်အမျိုးသမီးတစ်ဦးနဲ့ ဒါဇင်ဝက် အရေအတွက်ရှိ
တဲ့ ဓါးထိုးရာတွေနဲ့ Mr Stan ကိုတွေ့ခဲ့ရပါတယ်။

သူမဟာ တရားခံဖြစ်ကြောင်း သိသာထင်ရှားတဲ့အတွက် တရားရုံးက ထောင်ဒဏ်ငါးနှစ်ကျခံဖို့ အမိန့်ချ
မှတ်ခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့ လက်ရှိကျန်းမာရေး အခြေအနေဲ့ စိတ်ဝေဒနာကြောင့် လေးနှစ်
စောင့်ကြည့်ခံရဖို့  ပြင်ဆင်ချမှတ် ခဲ့ပါတယ်။

အဆိုပါ ပြင်ဆင်ချမှတ်လိုက်တဲ့ အမိန့်ကိုတော့ တရားလို Mr Stan က ယခုလို ပြောဆိုခဲ့ပါတယ်။ သူမ
ကို ယခုလို အမိန့်ချမှတ်လိုက်တာဟာ ကျွန်တော့်ကိုတော့ အသိတွေ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်
ခြင်း ခံရဖို့ တစ်သက်လုံးစာ အမိန့်ချလိုက်သလိုပါပဲတဲ့။ အခုဆိုရင် ကျွန်တော်ဟာ ဖျော်ဖြေရေး သမား တစ်ယောက် ဖြစ်မှန်းမသိဖြစ်နေပါပြီ ကျွန်တော့်အကြောင်းကို လူတိုင်းက ပြောနေကြပြီလို့ ဆိုပါတယ်။

သူတို့တွေ ကျွန်တော်ဘာလို့ ဒီမိန်းမကို ငြင်းဆန်ခဲ့တယ်ဆိုတာ နားလည်မှာ မဟုတ်ဘူး။ ဓါးထောက်
အော်ဟစ်ပြီး လိင်ဆက်ဆံခိုင်းနေတဲ့ အရူးမတစ်ယောက်နဲ့ ဘယ်သူက ဆက်ဆံချင်မှာလဲ။ ဒါတွေ သူ
တို့မသိကြဘူးလို့ ပြောပါသေးတယ်။

သူတို့က အဲဒီမိန်းမကို ကြည့်လိုက် ကျွန်တော့်ကိုကြည့်လိုက်နဲ့ ရယ်ကြတယ်ဗျာ။ အဲဒီမိန်းမကလည်း ရူး
သာရူးတာ နာမည်ကျော် မင်းသမီး အိန်ဂျလီနာဂျိုလီနဲ့ တူတာကိုးဗျ မသိတဲ့သူကဆိုရင် Miss Romania
က လည်ပင်းကို ဓါးထောက်ပြီး လိင်ဆက်ဆံခိုင်းတယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့တောင် ပြောကြမယ့်
သဘောရှိတယ်လို့ သူက ဆိုပါသေးတယ်။

ကလေးသုံးယောက် ဖခင် ကားသမားဖြစ်သူက ထပ်ပြောပါသေးတယ်။ ကျွန်တော်ထင်တယ် ဒီအမျိုးသ
မီး တစ်ခါမှ အငြင်းမခံရဖူးနဲ့ တူတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ငြင်းလိုက်တဲ့အခါ သူမ အရမ်းကို
ဒေါသ ထွက် သွားတယ်။ ဒါနဲ့ ဓါးနဲ့ ထောက်ပြီး ကျွန်တော့် ကို အ၀တ်တွေ ချွှတ်ခိုင်းပြီး သူမနဲ့ ဆက်ဆံ

ခိုင်းတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ နှစ်ကြိမ်တိုင်တိုင် ဆက်ဆံပေးခဲ့ပါတယ်။

ဒါပေမယ့် သုံးကြိမ်မြောက် မှာတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဒါနဲ့ သူမလည်း
အလိုမပြည့်ဘဲ ကျွန်တော့်ကို ဓါးနဲ့ထိုးတော့တာဘဲ။ ကျွန်တော် သူစိတ်ကျေနပ်အောင် oral sex လုပ်
ပေး ပေမယ့် ကျွန်တော့်ကို ဓါးနဲ့ ဆက်ထိုးနေခဲ့တယ်လို့ ပြောပါတယ်။

သူမဟာဆိုရင် ဂျိုလီရဲ့ ပရိသတ်တစ်ဦး ဖြစ်ပြီး Tomb Raider star မှာ သူမကိုယ်သူမ မော်ဒယ်တစ်ဦး
ကဲ့သို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

From: World Myanmar by Myanmar Daily Star Group

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks