ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ



:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

ထိန်ထိန်သာနေသော လ ရောင် အောက်မြွေလိမ်မြွေကောက် လမ်းမထက်တွင် ကားတစ်စီး အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်လာသည် အချိန်က ည၈း၃၀ ကားပေါ်မှာ တစ်ကိုယ်တည်းမောင်းနှင်လာသူကား ဦးမျိုးထွန်း သူ၏ဦးတည်ရာသည် မြို့ပြနှင့် ၃နာရီလောက်ကားမောင်းသွားရမည့် ရွာလေးဆီသို့ . . .
--------
ဦးမျိုးထွန်း ဆိုသည်မှာအသက်၅၀ကျော် အရွယ်လူကြီးလူကောင်းတစ်ယောက်ဖြစ်သည် သူ၏ဦးတည်ရာရွာလေး၌ သေနတ်ဖက်ခြံ လိမ္မော်ခြံ မက်မွန်သီးခြံများ အများအပြားရှိပြီး မြို့ပေါ်၌လည်း ပရိဘောဂဆိုင်ကြီးတစ်ခုဖွင့်လှစ်ထားသည့် ရွာသူဌေးတစ်ဦးဖြစ်သည် မြို့ပေါ်မှာရှိသောလုပ်ငန်းများကိုသားသမီးများ ဦးစီးနေသည်မို့ ရွာမှာရှိသော ခြံများနှင့်အလုပ်သမားပေါင်းများစွာကို သူကဦးစီးလုပ်ကိုင်နေသည် 
အခုတော့ကြည့်သားသမီး ၄ယောက်အနက်အငယ်ဆုံးတစ်ယောက်ကိုသူနှင့်အတူ ရွာမှာခေါ်ထားရသည် မခေါ်ထားလည်းမရ မြို့မှာရှိသောသမီးလတ်က မထိန်းနိုင်လို့ အဖေခေါ်ထားပါဆိုပြီး နောက်ဆုံးအဖေ့လက်ပြန်အပ်တော့သည်
ခက်သည်လေဒီကောင်ကလည်းဒီကောင်တစ်နေ့တစ်နေ့သူ့ပြသာနာတွေချည်းလိုက်ရှင်းနေရတာမဟုတ်လားး ခုလည်းရွာမှာအေးဆေးမနေ မြို့ပေါ်မှာရှိတဲ့သူ့ပြိုင်ကားကိုဖအေပြန်ယူလာခိုင်း သည် အသက်၅၀ကျော်အရွယ်ကြီးပြိုင်ကားနဲ့ ဂွတော့ကျပြီ ဒီသားတစ်ကောင်နဲ့တော့ ထိုသို့ ထိုသို့အတွေးများဖြင့် မောင်းလာစဉ် ရှေ့နားလမ်းကွေ့နားရောက်တော့မိန်းကလေး တစ်ယောက် ကား တားနေသည် 
ရပ်ပေးရအောင်ကလည်းလူကောင်းမှန်းမသိလူဆိုး မှန်းမသိ လူဟုတ်လားမဟုတ်လားတောင် မသေချာ ထိုမိန်ကလေးရှေ့နားရောက်တော့ ကားကိုအရှန်ပို တင်လိုက်သည် 
''တစ်ဆိတ်လောက် ကူညီပါရှင့် ကျွန်မကို ဟိုဘက်မြို့ကို လိုက်ခွင့်ပေးပါ ကျွန်မအမေဆေးရုံတင်ထားရလို့ပါ''
ကားဖြတ်သွားတော့ မိန်းကလေး အပြေးလိုက်လှမ်းအော်သည် မှီတော့မမှီ ကားနောက်မှန်ကနေလှမ်းကြည့်လိုက်တော့ မိန်းကလေးကရှိလှ မှသမီးလတ်အရွယ်လောက် သနားမိသည် ဒီနေရာ မှာငါ့သားသမီးသာဖြစ်နေခဲ့ရင် တွေးရင်း ကူညီမှပါလေ ကားနောက်ပြန်ဆုတ်တော့ကောင်မလေးက ဝမ်းသာအားရအတင်းပြေးလာပြီး. . . .
''ဦးလေး ဦးလေးသမီးလိုက်လို့ရမလားရှင် ''
သေချာကြည့်တော့မျက်ရည်နဲ့မျက်ခွက် 
''အေး သမီး တက် တက် ရှေ့နားကမြို့လား ''
''ဟုတ်ကဲ့'' 
ပြောပြောဆိုဆိုရှေ့ခန်းမှ ဝင်ထိုင်လိုက်သည်
ကောင်မလေးတက်လာတော့စိတ်ထဲ သိပ်တော့မသန့် ညှီနံ့လိုလိုဘာလိုလို ရသည် တရားခွေအဆင်သင့်ဖွင့်ဖို့ဟိုရှာသည်ရှာ ရှာကြည့်တော့ ငင့် hip hop သီချင်းခွေတွေနဲ့ အင်္ဂလိပ်သီချင်းခွေတွေချည်း ဆဲချင်မိသွားသည် သောက်ကလေး ကားစီးတာလေးလေးစားစားမရှိ ခုမှကြည့်မိသည် ကားရှေ့ခန်းမှာ ဘုရားပုံတော်လေးတောင်မရှိ 
''သမီးအမေက ဘာဖြစ်တာလဲသမီး' '
''မသိပါဘူး ဦးလေးရယ် အိမ်ဘေးကလင် မယားရန်ဖြစ်တာ ဝင်ဆွဲရင်း ဓားခုတ်ခံထိတယ်ဆိုလားပါပဲ'' 
''ဒါနဲ့လေ ဦးလေး ခုနကားပေါ်တက်လာတည်းကညှီနံ့ အရမ်းနံတာပဲ''
ပြောလည်းပြော သူကဟိုကြည့် ဒီကြည့်လုပ်နေသည်
ဟေ ခုမှသတိရတယ် ညနေကဈေးထဲမှာ အမဲသားနှစ်ပိသာသွားဝယ် လာပြီး မရီးအိမ်ဝင်ပို့ရမယ် ဆိုပြီး ရွာပြန်ခါနီး ဆိုင် မှာပြသနာတက်လို့သွားဖြေရှင်းရာမှ မေ့သွားသည် မရီးနေတဲ့မြို့တောင်ကျော်လာပြီ
ကောင်မလေးပြောသောမြို့သို့ရောက်လာသည် တော်သေးသည် ဆေးရုံက လမ်းဘေးတင်မို့ 
''ဦးလေး ကျေးဇူးပါပဲရှင် အရမ်းကိုကျေးဇူးတင်ပါတယ်''
''အေး အေးရပါတယ် ကိုင်း ဦးလေးလည်းခရီးဆက်ရဦးမယ် ''
''ဟုတ် ဟုတ်''
ပြန်ထွက်လာတော့ ကားပေါ်မှာညှီနံ့ကပိုဟောင်လာသည် ကားတံခါးမှန်ဖွင့် ပြီး လေများတိုးဝင်လာတာတောင်အနံ့ကမပျောက် ကြက်သီးမွှေညှင်းများရုတ်တရက်ထလာသည် နောက်မှန်ကနေ နောက်ခန်းလှမ်းကြည့်တော့ မည်းမည်း နှစ်ကောင် အလယ်က အရာ ကိုကြည့်နေကြသည် သိလိုက်ပြီ ငါယူလာတဲ့အမဲသားထုပ် 
ဆိုင်ရှင်အား ခရီးဝေးသယ်မှာမို့ မီးသွေးခဲလေးဘာလေး ထည့်ပေးခိုင်းလိုက်သေးသည် ဒါကြောင့်ဒီကောင်တွေမစားရဲတာဖြစ်မည် စားလို့မရပေမယ့် နှစ်ကောင်သားမျက်စိအစာကျွေးနေကြလားတောင်မသိ
ပြောရင်းဆိုရင်းတစ်ကောင်က '' ဟေ့လူ''
ဟု အသံသြကြီးဖြင့်လှမ်းခေါ်သံကြားလိုက်ရသည် ခေါင်းနားပန်းကြီးသွားသည် အသက်ကိုမှန်မှန်ရှူရင်း ငါတစ်ခါမှမကောင်းတာမလုပ်ခဲ့ဘူး အလှူအတန်းဆိုလည်းစိတ်သန့်သန့်နဲ့ အများကြီးလုပ်ခဲ့တယ် ကြောက်စရာမရှိဘူး ဟ ဆိုပြီးကိုယ့်ကိုကိုယ်အားတင်းရင်း
ထိုဟာကြီးက ထပ်ပြောလာသည် ''ငါတို့ကို ဒီဟာကျွေးစမ်း''တဲ့ 
''ဟာ ဘာလဲဟ ဒီကောင် ငါ့ဟာလည်းတောင်းစားသေး ငါ့လည်းအထက်စည်းကလာပြောနေသေးတယ် ''
ဒေါသထွက်သွားမိသည် ထိုစဉ် ဘေးကတစ်ကောင်က ယဉ်ယဉ်ကျေးကျေးဖြင့် 
''ကျွန်တော်တို့ကိုကျွေးပါဗျာဒီဟာကို ဘာမှမစားရတာ ကြာပါပြီ ဗိုက်လဲဆာလို့ပါ ဦးလေးကိုလည်းဒုက္ခမပေးပါဘူး ဗျာ ကျွေးပါ''အသံလေးခပ်ဝဲဝဲဖြင့် တိုင်းရင်းသားဖြစ်ဟန်တူသည်
ဟိုက်ဒုက္ခဟ ဒုတိယသရဲ၏ သနားကမားသံလေးကြောင်း သနားသွားမိသည် သရဲသာဆိုတယ် ဘယ်လောက်ငတ်ပြတ်နေသည်မသိ ပြောပုံကသူတောင်းစားသာသာ သူများ လည်းဒုက္ခပေးမယ့်ပုံမပေါ် 
ဟင် ငါ့အဖြစ်ကလည်း သရဲကိုတောင်သနားနေရတဲ့ဘဝ
''အေး မင်းတို့စားချင်ရင် ငါစားလို့ရအောင်လုပ်ပေးမယ် ငါ့ကိုဒုက္ခမပေးဘူးလို့ ဂတိ အရင်ပေး''
''ဟုတ် ဟုတ်ပေးပါတယ် ဗျာ ဘယ်သူ့ကိုမှလည်းဒုက္ခမပေးဘူးပါဘူး အခုလည်းအနံ့ရလို့ ဘယ်လိုကနေဘယ်လို လိုက်လာမိမှန်းတောင်မသိပါဘူးဗျာ'' အမဲသားထုပ်ထဲက မီးသွေးခဲနှစ် ခဲ နောက်ပြန်လှမ်းထုပ်ကာ လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း နှစ်ကောင်သား စည်ကမ်းရှိရှိ ဝေတူမျှတူတောင်မှ ခွဲဝေစားနေကြသေးသည် စားလို့ကုန်တော့
''ဦးလေး ကျေးဇူးပါဗျာ သွားတော့မယ်နော့ ခရီးလမ်းဖြောင်းဖြူးပါစေ''
အောင်မာ ဒင်းတို့ကတောင်ပြန်ဆုတောင်းသွီားသေ်း
ပြောပြီး မဲမဲ နှစ်ကောင်ပျောက်သွားသည် ကားပေါ်၌လည်း အနံ့အသက်များပျောက်သွားသည် ရှေ့နားလမ်းကြည့်လိုက်တော့ ဟင်ရှေ့နားဆိုရွာတောင်ရောက်ပြီ 
ဘယ်လိုဖြစ်တာပါလိမ့် ကားကနောက်ထပ်တစ်နာရီလောက်မောင်းမှရောက်မယ့်ဟာကို အခုတော့
ဟင်းးးး အိမ်တောင်ရောက်နေပြီ သားတော်မောင် ဝမ်းသာအားရလာကြိုရင်း သူ့ကားအားဖက်ရက်နေသေးသည် အင်း ဝမ်းသာနေတယ် ဒီကောင်ကားပေါ်မှာ ဘယ်လိုတွေဖြစ်ခဲ့လည်းိးသိရင်ရင်မေ့တောင်လဲမလားမသိ
ဘာပဲဖြစ်ဖြစ်ပါလေ ဒီကနေ့တော့ မကြောက်ရမယ့်လူကိုကြောက်ပြီး သနားပြီး ကျေးဇူးတင်ခံလိုက်ရသလို 
ကြောက်ရမယ့်သရဲကို မကြောက်မိဘဲ သနားပြီး ကျေးဇူးတင်ခံ လိုက်ရတယ် 
အဖြစ်က အဖြစ်ကလေ
ဘုရားရှိခိုး ဘုရားစဉ်ကသောက်ရေမန်းကိုသောက် ပြောမိတာက 
''အိမ်း သတ္တဝါ အပေါင်းကျန်းမာပါစေ ချမ်းသားပါစေ ' '်


အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks