ဖုန်း ringtoneသံကြားရ၍ ရုံးဆင်းခါနီး အလုပ်များကို လက်စသတ်နေရာမှ ဖုန်းကို ကြည့်လိုက်သည်။ ချစ်သောသူ..ကို့  ဆီက ..` hello.. ကို ပြော..´ `ကောင်း ကို ခု ကောင်းကို လာကြိုလို့မရတော့ဘူး..ကိုယ်တို့ ရုံးက လူတွေ dinnerလုပ်လို့ ကိုယ်သွားရမှာနော်..´ `ဟွန်း...ဒီနေ့  အပြင်မှာ တစ်ခုခု သွားစားမလို ပါဆို ..ကိုယ်ကွာ..မလိုက်နဲ့ ကျတော့်ကို လာကြို..´ `ဟာ..မဖြစ်လို့ပေါ့ ကောင်းရ ...ကိုယ်တို့ department တစ်ခုလုံး အတွက် လုပ်ပေးတာကို ကိုယ် မလိုက်ရင်
MRTV-4မှလာသော ကိုရီးယားကားကို ကြည့်နေဆဲ အခန်းတံခါး bellတီးသံကြား၍ သူပြန်လာမှန်းသိလိုက်သည်။ `သူ့မှာ သော့ရှိနေတာဘဲ ဖွင့်ဝင်ပေါ့ ´ကွကို တွေးရင်း ထဖွင့်မပေး။ bellကို အဆက်မပြတ်တီးနေ၍ ပတ်ဝန်ကျင်ကို အားနာကာ တံခါး သွားဖွင်ပေးလိုက်သည်။ အရက်နံ့  တထောင်းထောင်းနဲ့ မျက်နှာ နီနီကြီး ၊ မုန်းလိုက်တာ။ သူက အခန်းထဲရောက်ရောက်ခြင်း အိတ်ကို ပစ်ချကာ လူကို သိုင်းဖက်ပြီး အတင်းနမ်းရန် ကြိုးစားသည်။ `တော်လိုက်..နံလိုက်တာ အမူးကောင်...ရွံတယ်´ စိတ်ထဲက သာယာကြည်နူးမိသော်လည်း နှုတ်ကတော့ ဆူအောင့်သံသာ ထွက်လာသည်။ သူက ရုံးနေသည့်ကြားမှ ဝအောင်နမ်းပြီး အိပ်ခန်းထဲ ဝင်သွားသည်။ Tvကိုပိတ် ၊ ဧည့်ခန်းမီးကို ပိတ်ပြီး သူ့နောက်က လိုက်သွားမိသည်။ အင်္ကျီ ဘောင်းဘိများကို ချွတ်ပြီးရေချိုးရန် လုပ်နေသော သူ့ကို အမြင်ကပ်သလို ကြည့်နေလိုက်သည်။ သူက ရေချိုးခန်း မဝင်ခင် `ကောင်း..ကို့ချစ်လေး..အာဘွား..´ ဆိုပြီး လူကို လာနမ်းသည်။ သူကို တွန်းထုတ်ရင်း ´နံတယ် သွားရေချိုး..´ အခန်းတံခါး မပိတ်ခင် ကိုက နှားခေါင်းရှုံ့  အမူအရာ လုပ်ပြသွားသည်။ တက္ကသိုလ် ပထမနှစ်ကျောင်းသား ဆယ်ကျော်သက် အရွယ်ကတည်းက ရင်ခုန် စိတ်လှုပ်ရှားခဲ့ရသော အဲလို အပြုအမူလေးသည် ခုထိ မရိုးဘဲ ကျတော့်ကို ရင်ခုန်ပြီး နလုံးသွေးတို့ ပူနွေးနေဆဲ ။ ဖြစ်သလို ချွတ်သွားသော သူ့အဝတ်များကို လျော်ရန်ခြင်းထဲသို့ ထည့်ပြီး ညအိတ်ဝတ်ရန် အင်္ကျီ ကို ထုတ်ထားပေးလိုက်သည်။ ခေါင်းလျော်ရေချိုး ပြီးထွက်လာသောသူသည် ရေမသုတ်ဘဲ ငူငူကြီး ရပ်နေ၍ သိလိုက်ပြီ ။ `ဟွန်း.´.ဆိုပြီး မျက်မှောင်ကျုံ့ ပြရင် တပတ်ကို ယူကာ သူ့ကို ရေသုတ်ပေးမိသည်။ ပြုံးရွှင်နေသော မျက်နှာကြီးကို မျက်လုံးထဲမှ ကြည့်မဝနိုင်။ ဘောင်းဘိကိုယူပေးကာ သူခြေထောက် စွပ်ရန် လုပ်ပေးလိုက်သည်။ စွပ်ကျယ်ကိုလဲ လက်စွပ်လို့ရအောင် လုပ်ပေမိသည်။ အဲလို လုပ်နေရင်း သူ့အပေါ် ဒေါသက မရှိသလောက် ပြေသွားသည်။ စိတ်ထဲမှာတော့ မာန်တင်းရင်း မျက်နှာကို တည်ထားလိုက်သည်။ `ကောင်းTvကြည့်ဦးမလား...မကြည့်ရင် အိပ်ရအောင်နော်´ ။ အိပ်ယာပေါ်တွင် သူ့ဘက်ကို မလှည့်ဘဲ အိပ်နေသော ကျတော်ကို နောက်ကနေ အတင်းဖက်တော့ ၇ုံးလိုက်သည်။ သူ့လက်လျော့ပြီး လက်တွေကို ဖြေချသွားပြီး အသံတိတ်သွားတော့ စိတ်ထဲမှာ ဝမ်းနဲသွားသည်။ `အော် ..နဲနဲလေး အချိန်ထပ်ယူရင် စိတ်ပြေတော့မှာကို မသိဘူးလား.ငါ့အပေါ်ကိုစိတ်မရှည်တော့ပါလား´လို့ တွေးရင်း မျက်ရည်များကျလာပြီးနောက်ဆုံးမနေနိုင်၍ သူ့ဘက်ကို လှည့်ကြည်လိုက်သည်။ အလစ်ချောင်း၍ စောင်းနေသော သူမျက်နှာပြုံးချိုချိုကြီး တွေ့လိုက်ရသည်။ သူက ကျတော်ကို တင်းကြပ်နေအောင် ဖက်ရင်း` မငိုပါနဲ့ ကောင်းရာ ခုနက ကိုယ်က ချော့နေရင် ကောင်းက ပိုကောက်တေးဖြစ်နေမှာလေ ..နော်..အခုကျ ကောင်းစိတ်ပြေသွားပြီလေ...တိတ်နော်..ကောင်းကောင်းလေး.. အရမ်း ချစ်တယ်ကွာ..သိလာ´ပြောလဲပြော မျက်လုံး ၊ ပါး ၊ နှာခေါင်းတို့ကို မွတ်သိပ်စွာ နမ်းမိသည်။ သူ့ကိုလဲ ပိုတင်းကြပ်အောင်ဖတ်ရင်း `ကျတော်က.ကိုနောင်ကို..ဟီး ဟီး..´ `သူချော့မှ ပိုဝမ်းနဲပြီး အီးဆိုပြီး ငိုချလိုက်သော ကျတော်ကို ကြင်နာစွာ ထွေးဖက်ရင်း `ကောင်း..ကိုကလေ ဘယ်သူအတွက်မှမဟုတ်ဘူး..မင်းအတွက်..ယုံထား သဲလေး´။ ကြည်နူးပျော်ရွှင်စွာ သူ့ကို ကြည့်မိတော့ သူကအနားတိုးလာပြီး နှုတ်ခမ်းကို အသာလာနမ်းသည်။ လက်တွေကလဲ ကျတော့်ကျောပြင်ကို အသာအယာ ပွတ်သတ်ရင်း လူကို ချော့မြူနေသည်။ shower အနံ့ ၊ သူ့ကိုယ်သင်းနံ့ ၊ အကောင်းစား အရက်အနံ့ တို့ဖြင့် ထုံလွမ်းနေသော သူကို လွှတ်ထွက်မသွားအောင် ဖက်ရင်း ကိုယ့်ရဲ့ အသိစိတ်တို့က တိမ်တိုက်ပေါ်ကို ပြေးလွှားကစားမိနေသည်။ သောက်လေ သောက်လေ ငတ်မပြေ အချစ်ပင်လယ်ပြင်ကို သူနဲ့အတူ ရွက်လွှင့်ရန် စတင်မိလိုက်သည်။ ကိုရာ...ညို့နိုင့်သူ...အချစ်ဦးရေ...ကျတော့်ဘဝရဲ့ အုပ်စိုးသူ...ချစ်ရသောနောင်..
ရုံးမသွားရသော နေ့များတွင် မနက်ပိုင်းအစောမထဘဲ နေမြင့်အောင်အိပ်သော ကျတော့်အကျင့်အတိုင်း နှစ်ခြိုက်စွာ အိပ်နေမိသည်။ နှာခေါင်းထဲတွင် မုန့်ဟင်းခါးအနံ့  ၊ ကော်ဖီအနံ့ တို့က တိုးဝင်လာ၍ အိပ်နေရင်း ဗိုက်ဆာလာမိသည်။ မျက်နှာပြင် တစ်ခုလုံး ယားကျိကျိဖြစ်လာ၍ မျက်လုံးကို ဖွင့်ကြည့်မိသည်။ အော်..သူက မုတ်ဆိတ်မွေးတွေဖြင့် မျက်နှာပေါ်မှာ ဆော့ကစားနေတာဘဲ။ နိုးလာသောကျတော်ကို နှဖူးပေါ်မှဆံပင်များအပေါ်သို့ သပ်တင်ပေးပြီး နှဖူးကို အသာအယာနမ်းရင်း..`ကောင်း ထတော့ မနေ့က ညနေက အပြင်မှာ အတူသွားစားဖို့ ကတိပေးထားတာဖျက်မိလို့ အခု အလျော်ပေးတာ´ မွေ့ယာပေါ်မှ ထသွားပြီး စာပွဲခုံပုလေးပေါ်တွင် ပြင်ဆင်လာသော မနက်စာကို သွားယူပြီး အိပ်ယာအနားက ကော်ဇော ပေါ်သို ချပေးသည်။ မွေ့ယာပေါ်မှ အသာထကာ သူ့ဘေးတွင်ဝင်ထိုင်ပြီး သူခါးကိုဖက်၍ သူ့ပုခုံးပေါ် ခေါင်းတင်ကာ အိပ်ရေးမဝသလို လုပ်နေမိသည်။ သူက မျက်နှာအနှံနမ်းပြီး `ကိုယ့် အနမ်းနဲ့ ကောင်းကို မျက်နှာသစ် သွားတိုက်ပေးတာ စားတော့ ´။ မိဘများနှင့် အတိုက်အခံ လုပ်ကာ ဘွဲရပြီး နယ်မှ ရန်ကုန်သို့ တက်လာသော အချိန်များကို မုန့်ဟင်းခါး ပန်ကန်ကို ကြည့်ပြီး သတိရသွားသည်။ ချွေတာပြီး နှစ်ယောက် တစ်ပန်ကန် စားရသော အချိန်များ။ အိမ်က လက်ဖြန့်မတောင်းဘဲ နှစ်ယောက်အတူ ရုံးခဲ့ရသော အချိန်များ ။ ခုလို အတော်အတင့် ပြည်စုံပြီး မိဘများကို ပြန်လည်ထောက်ပံ့လို့ရသော အချိန်ရောက်သည်ထိ တိုက်ခန်းတွင် နှစ်ယောက်သား ဘာဘဲ စားစား နှစ်ယောက်တစ်ပန်ကန်းဘဲ စားကြသည်။ သူက တစ်ခါတလေ ရုံးက အလုပ်များပါလာပြီး ညအထိ အလုပ်လုပ်ရသော အချိန်များတွင် ထမင်းနှင့်ဟင်းကို ပန်းကန်တစ်ခုတွင်ပုံကာ ဘေးကနေ ကလေးတစ်ယောက်လို ခုထိ ခွံ့ ကျွေးမိသည်။ `ကောင်း..အဝတ်တွေအများကြီး ညက ဘာလို့ လျော်တာလဲ ကိုပြန်လာမှ လျော်မှာပေါ့´ `တော်ပါ ကိုနောင်နောင်ရာ..နေ့ရွှေ့  ညရွှေ့နဲ့ နောက်တစ်ပတ် ဝတ်စရာတောင်ရှိမှာ မဟုတ်ဘူး..´ သူက ရီနေပြီး..` မီးပူတော့ ကိုတိုက်ပါမယ်´ ။ ဝက်ခြံမထွက်ဘဲ ချောမွေ့နေသော သူ့မျက်နှာကို သူမျက်နှာကို အသာအယာကိုင်ပြီး `မလုပ်ပါနဲ့ ကိုနောင်နောင်ရာ..ကျတော်အ့နားမှာဘဲ လိမ်လိမ်မာမာနေ..မပွေနဲ့ မရှုပ်နဲ့ .....လစာလေးသာ မှန်မှန်အပ်..ကျန်တာ မလုပ်နဲ့ ´။ သူက ကော်ဖီသောက်နေရာမှ `အေးပါကွာ..ငါ့လဲ ကလေးကျနေတာဘဲ..လစာကျ အကုန်အပ်ရတယ်..တစ်ပတ်စာ အသုံးစရိတ်ကျ ပြန်ထုတ်သုံးရတယ်..အထက်တန်းကျောင်းသား ကျနေတာဘဲ´ ။ စားနေသောဇွန်းကို မုန့်ပန်ကန်ထဲ ချလိုက်ပြီး` အော်..တလတစ်လ..ပြန်ဝယ်ပေးရတဲ့ အင်္ကျီ ဘောင်းဘိဖိုး က ဘယ်ထဲကတုန်း..ဘရမ်းဒက်မှ ဘရမ်းဒက်မှ ဝတ်ချင်တာ ပြောတာ ဘယ်ပါးစပ်လဲ ပြော..´ သူက နှစ်သက်သလို ရီနေပြီး `စတာပါကောင်းရာ.
အိမ်ကို ပို့ပြီး ကျန်တာအကုန် ကောင်းကို ပေးထားပြီးပြီ ကောင်းကြိုက်သလိုသုံး ´ `အော ပြောလေ..AE ရာထူးမို့ bonus တွေ plus moneyတွေ မအပ်တဲ့ အကြောင်းလေး ..ဟင်း..ကိုနောင်နောင် ကျုပ်ကို ညာရွှီးရအောင်..ကလေးမဟုတ်ဘူး ....´ ` မငယ်တော့ဘူး..ကြီးပြီပေါ့...ကိတ်လာပြီပေါ့ ´ `ကိတ်မကိတ် ကြီးမကြီး အကို အသိဆုံး...ဒါဘဲ အစားပျက်တယ်´။ သူ့အနားမှာနေပြီး နိုးထရသော မနက်ခင်းတိုင်းကို တန်ဖိုးထား နေမိသည်။ အသက်ဆုံးသည်ထိ နေပါရစေ..နေခွင့်ပေးပါ လူညိုချောကြီးရေ...
Channel-7မှလာသော တက္ကသိုလ်ကျောင်းသား မြန်မာဗီဒီယိုကားကို သူက ဆိုဖာပေါ်တွင်ထိုင်ပြီး ကြည့်နေခိုက် ကိုယ်က ကြမ်းပြင်တွင်ထိုင်ကာ သူ့ခြေသည်းများကို ဂရုတစိုက်ညှပ်ပေးနေမိသည်။ အရမ်းအပြုအစု ခံချင်သောသူသည် အခုမှမဟုတ် ဟိုးကျောင်းသားဘဝထဲကပင်ဖြစ်သည်။ ရေနံထွက်သော မြို့တစ်မြို့မှ ရေနံအရာရှိ မိသားစုနှစ်ခုမှ ပေါက်ဖွားခဲ့သော ကျတော်တို့သည် ငယ်ငယ်ကတည်းက အရာရှိရပ်ကွက်တွင် ငါးခြံကျော် အိမ်နီးချင်းများဖြစ်ကြသည်။ ကျတော်ထက် အတန်းရော အသက်ပါတစ်နှစ်ကြီးသော သူသည် stateကျောင်းသား ဘဝကတော့ မရင်းနှီးခဲ့ပါ ။ တက္ကသိုလ်ရောက်မှ သူက ပထမနှစ် တစ်နှစ်ကျပြီး ကျတော်နင့် မောဂျာတူ အတန်းတူဖြစ်လာသည်။ နည်းပညာကျောင်းသားပီပီ သူသည် အရက် ၊ ဘီယာ ၊ဖဲ ၊ ဂိမ်း ဝါသနာပါလှသည်။ အသားညိုညို အရပ်ရှည်ရှည် ယောကျာင်္းပီသသောသူသည် သူတို့မေဂျာkingထက် လူပိုစိတ်ဝင်စားခံရသူဖြစ်သည်။ ကျောင်းကို သူ့မှာဆိုင်ကယ်ရှိ၍ သူက အမြဲတင်ခေါ်သည်။ သူကတော့မသိ ၊ ကျတော်က ဆယ်ကျော်သက်ကတည်းက သူ့ကို ကြိုက်ခဲ့ရင်ခုန်ခဲ့တာဖြစ်သည်။ ကျတော်က ကျတော်တို့နှစ်က King ကျော်ဇင်နှင့် stateကျောင်းက သူငယ်ချင်းမို့ အတော်ခင်သည်။ သူက ကျော်ဇင်ဆို ကြည့်မရ အတန်းထဲမှာ အမြဲ ကတောက်ကစ ဖြစ်ကြသည်။ ကျတော်၏ စိတ်ထဲမှာ ကိုနောင်နောင် ကျတော်ကို ချစ်နေမှန်း တကယ်မရိပ်မိခဲ့ပါ။ ကျော်ဇင်နှင့်က ပြောမနာဆိုမနာ သူငယ်ချင်းတွေမို့. အတန်းထဲမှာ အရမ်းတွဲကြသည်။ ကျောင်းသွားကျောင်းပြန် သူ့ဆိုင်ကယ်နှင့်လိုက်သော်လည်း အတန်းထဲမှာ သိပ်မတွဲဖြစ်။ သို့သော် သူ့ကိုရင်ခုန်စွာ အမြဲခိုးကြည့်မိသည်။ မထင်မှတ်ဘဲ နှစ်ယောက်သား ပွင့်လင်းသွားကြသော နေ့ ကို မှတ်မိသည်။ နေ့လည် ထမင်းစားကျောင်းဆင်း မြို့ထဲသို့ အင်္ကျီ သွားဝယ်ရန် ကျော်ဇင်နှင့် လိုက်သွားမိသည်။ အပြန်ခါ အခန်းထဲတွင်လည်း သူ့ကို ဂရုမစိုက်မိ၊ ကျော်ဇင်ကို အခန်းထဲအဝင် သူ့ကို တိုက်မိပါတယ်ဆိုပြီး ရန်စကာ သွားထိုးလေသည်။ ဘေးက ဝိုင်းဆွဲကြတာမြန်သည့်အပြင် သူ့ကို ချစ်ကြသော ဆရာ ၊ ဆရာမ များကြောင့်သာ ကျောင်းမထွက်ရခြင်းဖြစ်သည်။ အပြန်ခါ လမ်းတွင် ဆိုင်ကယ်ကို ကြမ်းကြမ်းတမ်းတမ်းမောင်းပြန်၍ သူပခုံးကို တစ်ဖက်က ကိုင်ပြီး လိုက်ရသည်။ ကျတော်ကို အိမ်ရှေ့ ဆိာင်ကယ်ရပ်ပြီး အိမ်ထဲကို သူနောက်ကလိုက်လာပြီး အိပ်ခန်းထဲထိ လိုက်ဝင်လာသည်။ တစ်လမ်းလုံးလဲကျတော်က သူ့ကို ဗြစ်တောက် ဗြစ်တောက် ပြောလာသည်။ `ကိုနောင် ဘာလို့ ပြသနာ သွားလုပ်တာလဲ တော်သေးတယ် ပြသာနာက အကြောမရှည်လို့ .´ `မင်း..ဘာသိလဲ..အဲကောင်ကို ကြည့်မရတာ ကြာပြီ..´ `သူကဖြင့် သွသူနေတာ..ဘာလို့ ပြသနာသွားရှာ..´ `ကောင်းကောင်း..မင်းတကယ်မသိဘူးလား..´ `မသိဘူး.´ `ကဲ ..ဒါကြောင်ဘဲ´ ။ မရုန်းနိုင်အောင်ချုပ်ပြီး လူကို အတင်းနမ်းလေသည်။ လူသည် ဆွံ့အပြီး ရှက်လိုက်တာမပြောနဲ့ ။ ရုံးရင်း ကျောင်းပုဆိုးယူနီဖောင်းတွေနဲ့မို့ ကျတော်မရုန်းသာ။ ကျတော် `ကိုနောင်ဗျာ..´ `မဗျာနဲ့ ကောင်းကောင်း...ငါတကယ်မင်းကို ချစ်နေတာ..မင်းနဲ့ ပလူးနေလို့ ဟိုကောင်ကို ကြည့်မရတာ ´။ ရင်ထဲမှာဗျာ စိတ်လှုပ်ရှားရင်း ပျော်တာ မပြောပါနဲ့။ သူကပြောချင်ရာ ပြောပြီးမှ ရှက်သလိုနဲ့...`ပြန်တော့မယ်´ ။ ဆိုပြီး ထပြန်သွားသည်။ ရင်ခုန်စိတ်လှုပ်ရှားကာ အိပ်ယာပေါ်အသာထိုင်ချလိုက်သည်။ မျက်နှာပေါ်မှ အပြုံတွေကို မဖုံးနိုင်ခင် သူက ပြန်ဝင်လာပြီး `မေ့နေလို့..ကောင်းကောင်း အဖြေတခါတည်း တောင်းသွားမှာ´ ပြောလဲပြော ဘေးကနေ အိပ်ယာပေါ် လာထိုင်သည်။ အပေါ်ထပ်တွင် ဘယ်သူမှ မ၇ှိ၍ သူထင်တိုင်းကြဲရန် ဖြစ်လာသည်။ ရှက်ရွံ့ စွာ ဘာမှ မပြောနိုင်။ ပါစပ်ကြီးဟပြီး သူကို ကြည့်နေမိသည်။ သူကအတင်းရဲစွာ နှုတ်ခမ်းကို နမ်းရင်း ချော့သလို မြူသလိုဖြင့် မေးတော့မှ ရောင်ပြီး ခေါင်းညိမ့်မိလိုက်သည်။ အထိအတွေတို့က ပိုကြမ်းလာပြီး သူ့ဆန္ဒကို ကျတော်သိစေရန် အမူအယာပြလာသည်။ နဂိုကတည်းက ချစ်နေရသူမို့ မငြင်းနိုင်။ အနမ်း အထိအတွေ့တို့ကြားမှာ မရှောင်နိုင်....။ သူကတော့ ပျော်ရွှင်ကျေနပ်စွာ ကျတော့်လက်ကိုစွဲပြီး အချစ်ပွဲ ဆင်နွဲခဲ့လေသည်။ .....

Mg Tayzar