ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

အင်္ဂလန်နိုင်ငံသား အမျိုးသားတဦးဟာ သူ့ရဲ့ လိင်တူချစ်သူ ထိုင်းအမျိုးသားကို ရိုးရာမင်္ဂလာပွဲမှာ တင်တောင်းငွေ ဘတ် ၅ သန်းပေးကာ လက်ထပ်ခဲ့တယ်လို့ ထိုင်းရတ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အသက် ၃၅ နှစ်အရွယ် ကားလ်ဧဒင်ဟာ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး သူ့ရဲ့ချစ်သူ အသက် ၂၉ နှစ်အရွယ် ချိုင်ဝရာရစ် ၀ီတ၀န် (တိုနီ) ကတော့ စက်ရုံအလုပ်သမားဟောင်းတဦး ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ကြပြီးနောက်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး မေလ ၈ ရက်နေ့မှာတော့ ပရာချင်ဘူရီအရပ်မှာ ရိုးရာမင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာပါ။

အဲဒီမင်္ဂလာပွဲ အခမ်းအနားမှာ ကားလ်ဟာ ရွှေ၊ ငွေ၊ ကား၊ အိမ်ခြံမြေ တန်ဖိုး ဘတ် ၅ သန်းကျော်နဲ့ တင်တောင်းခဲ့တာဟာ ပွဲတက်လာကြတဲ့ ဧည့်သည်ဦးရေ ၅၀ ကို အံ့အားသင့်စေခဲ့ပါတယ်။

ညနေပိုင်းမှာတော့ သူတို့ဟာ ဧည့်သည် ၅၀၀ လောက် ဖိတ်ခဲ့ကာ ဒေသတွင်း ဟိုတယ်တခုမှာ ဧည့်ခံကျွေးမွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တိုနီက “ကျနော်တို့ ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ရင်းနှီးခဲ့ကြပြီးနောက်မှာ ကားလ်က ဘန်ကောက်ကို လိုက်လာခဲ့ပါတယ်။ အပြင်မှာတွေ့ကြပြီး ၁ နှစ်လောက် ရေရှည်ရင်းနှီးမှု တည်ဆောက်ခဲ့ပြီးတော့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

လူတိုင်းဟာ ဘယ်လိုအသက်အရွယ်မှာဖြစ်ဖြစ် လိင်တူလိင်ကွဲ မကွဲပြားဘဲ ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်သင့်ပြီး ကန့်သတ်ထိန်းချုပ်တာတွေမရှိဘဲ မိသားစုဘ၀ကို ရရှိသင့်တယ်လို့ သူက ပြောပါတယ်။

ကားလ်ကတော့ အင်္ဂလန်နိုင်ငံမှာ ပန်းအလှပြင်လုပ်ငန်း၊ အိမ်ခန်းငှားဝန်ဆောင်မှု ကုမ္ပဏီနဲ့ စတိုးဆိုင်တဆိုင် ပိုင်ဆိုင်ထားပြီး လက်ထပ်ပြီးနောက်မှာ သူတို့ဟာ အင်္ဂလန်ကိုသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကားလ်ကတော့ “မင်းကို အရမ်းချစ်တယ် တိုနီ။ ဒါဟာ ကိုယ်တို့ ၂ ယောက်အတွက် တကယ့် မဟာအခွင့်အရေး တခုပါပဲ။ ထိုင်းနိုင်ငံမှာ ခုလို မိသားစုဘ၀နဲ့ အတူရှိနေရတာလည်း အရမ်းပျော်ရွှင်မိပါတယ်” လို့ ပြောပါတယ်။


Credit : DVB


အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks