ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ



ဗြိတိန် တော်ဝင်မင်းသားလေး ဂျော့ခ်ျ၏ (၁)နှစ်ပြည့် မွေးနေ့အတွက် ရည်စူးဂုဏ်ပြုသည့် (၅)ပေါင်တန် ငွေဒင်္ဂါးများကို တော်ဝင် ဒင်္ဂါးဌာနက စတင် ထုတ်ဝေခဲ့သည်။
အမှတ်တရ သိမ်းဆည်းထားရမည့် ပစ္စည်းလေး တစ်ခုအဖြစ် ရည်ရွယ်ထားသော ငွေဒင်္ဂါးစေ့လေးများကို အရေအတွက် (၇၅၀၀)သာ ထုတ်ဝေရန် ကန့်သတ်ထားသည်။
တန်ဖိုးသတ်မှတ်ချက်မှာ (၅)ပေါင်တန် ဖြစ်သော်လည်း ကတ္တီပါဘူးလေးဖြင့် သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဒင်္ဂါးစေ့လေးများကို တစ်စေ့လျှင် စတာလင်ပေါင်(၈၀)ဖြင့် ရောင်းချသွားမည်ဟု သိရသည်။
မင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့က မွေးဖွားခဲ့သည့် မင်းသားငယ်လေးသည် ဇူလိုင်လ (၂၂)ရက်နေ့တွင် အသက်(၁)နှစ် ပြည့်မြောက်မည် ဖြစ်သည်။
ကင်းဘရစ်ဂ်ျနယ်စား ဇနီးမောင်နှံ၏ သားငယ်သည် (၁)နှစ်ပြည့် မွေးနေ့တွင် အမှတ်တရ ဒင်္ဂါးသွန်းလုပ် ဂုဏ်ပြုခံရသည့် ပထမဆုံး တော်ဝင်မိသားစုဝင်လည်း ဖြစ်လာသည်။
ဒင်္ဂါး၏ ဒီဇိုင်းကို ဂျော့ခ်ျ၏ မိဘနှစ်ပါးက အတည်ပြု ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ငွေစင်သတ္တုကို အဓိကထား သွန်းလုပ်ထားကြောင်း သိရှိရသည်။
_Ref; Dailymail

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks