ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

ပြည်ပနိုင်ငံတစ်ခုရှိ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းခွင်မြင်ကွင်း (ERIC SCHULZINGER)
 နိုင်ငံတကာထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ် သည့်မိုက်ကရိုဆော့ဖ်က မြန်မာနိုင်ငံ၏ (National Cyber Security) ဆိုက်ဘာလုံခြုံရေးအတွက် လိုအပ်သည်များကို  ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း မိုက်ကရို ဆော့ဖ်၏ Market DevelopmentPartner ကုမ္ပဏီ (KC) မှ Execu-tive Director ဦးကျော်အေးနိုင်က ပြောသည်။
‘‘မြန်မာနိုင်ငံမှာက Cyber Law လည်း မရှိသေးသလို စပြီး တော့ အကောင်အထည်ဖော်တာ မျိုးလည်း မလုပ်ရသေးတဲ့အတွက် မိုက်ကရိုဆော့ဖ်ရဲ့ နိုင်ငံတကာ အ တွေ့အကြုံတွေနဲ့ ဆိုက်ဘာလုံခြုံ ရေးအတွက် မြန်မာနိုင်ငံမှာ ဘယ် လိုပုံစံမျိုး ဆောင်ရွက်သင့်တယ် ဆိုတာမျိုး ပံ့ပိုးကူညီပေးတဲ့ သဘောပါ’’ ဟု ဦးကျော်အေးနိုင်က ပြောသည်။
လက်ရှိတွင် မိုက်ကရိုဆော့ဖ်အနေဖြင့် National Cyber Se-curity အတွက် လိုအပ်သည် များကို  ဆောင်ရွက်နိုင်ရန်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံမူဘောင်များကို မူကြမ်းရေးဆွဲ၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနသို့ပေးပို့ထားကြောင်း သတင်းရရှိသည်။
‘‘ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး မဖြစ်မနေ လုပ်ရမယ်ဆိုတာဝန်ကြီးဌာနကလည်း သိပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းတွေကို တစ်ဆင့်ချင်း ဆောင်ရွက်သွားတဲ့အခါမှာလည်း ပံ့ပိုးကူညီပေးသွားဖို့ ရှိပါတယ်’’ ဟု ဦးကျော်အေးနိုင်က ပြောသည်။
မြန်မာနိုင်ငံ၌ ၂၀၁၃ ဧပြီလ မှစ၍ တန်ဖိုးနည်း ဖုန်းများ ချ ထားပေးပြီး နောက်ပိုင်းတွင် မို ဘိုင်းဖုန်းဖြင့် အင်တာနက် အသုံး ပြုသူဦးရေမှာ  များပြားလာပြီး ယခုနှစ်အတွင်း ပြည်ပဆက်သွယ် ရေးအော်ပရေတာများမှ ဆက် သွယ်ရေးဝန်ဆောင်မှုများ ပေး တော့မည်ဖြစ်သောကြောင့် အသုံးပြုသူများ၏ ဆိုက်ဘာလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်မှုများရှိရန် လိုအပ်ကြောင်း ကွန် ပျူတာပညာရှင်အသင်းမှ အလုပ် အမှုဆောင် ဦးဇော်ဝင်းထွန်းက ပြောသည်။
‘‘အခုလက်ရှိမှာ ဆိုက်ဘာ မှုခင်းတွေက အများကြီးမရှိသေး ပေမယ့် နောက်ပိုင်းကျ အင်တာ နက်မြန်နှုန်းတွေ မြင့်လာပြီဆိုရင် အခြားနိုင်ငံတွေလို  ဖြစ်လာနိုင် တယ်။ အသုံးပြုသူတွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်အချက်အလက် တွေက အရမ်းအရေးကြီးတယ် ဆိုတာကို အသိပညာပေးဖို့လည်း လိုအပ်နေပါတယ်’’ ဟု ဦးဇော် ၀င်းထွန်းက ပြောသည်။


အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks