9:03:00 PM
ADMIN
သတင်းနှင့်အထွေထွေဗဟုသုတ
အချိန်ရဲ့တန်ဖိုးကို သိမှ အချိန်တိုင်းကို တန်ဖိုးရှိအောင် အသုံးချကြမှာပါ။ အချိန်ရဲ့တန်ဖိုးကို မသိသူဟာ အချိန်ဖြုန်းတတ်သူတွေပါပဲ။ အချိန်ကို အလဟဿဖြုန်းတီးနေသူဟာ သူ့ဘ၀၊ သူ့အသက်ကို သူ ဖြုန်းတီးနေတာပါပဲ။ အချိန်ဟာ အသက်ပါပဲ။ အချိန်ဟာ ဘ၀ပါပဲ။ အချိန်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀ရဲ့ ရတနာတစ်ခုပါပဲ။
ဒါကြောင့် ကိုယ့်ဘ၀ကို တန်ဖိုးထားပြီး တိုးတက်အောင်မြင်လိုသူ တိုင်းဟာ အချိန်ကို အကျိုးရှိရှိ အသုံးချသင့်ပါတယ်။ ပညာရှင်ကြီး ဘင်ဂျမင် ဖရန်ကလင်က “သင့်အသက်ကို သင်ချစ်ပါသလား၊ သင့်ဘ၀ကို သင်ချစ်မြတ်နိုးပါသလား၊ ချစ်လျှင် အချိန်ကို တန်ဖိုးထားပါ၊ အလကား ဖြုန်းတီးမပစ်ပါနဲ့၊ အဘယ်ကြောင့် ဆိုသော် အချိန်ဟာ သင့်အသက်ဖြစ် နေလို့ပါ” လို့ သတိပေးခဲ့ဖူးပါတယ်။
မိမိရဲ့ တန်ဖိုးကို မသိသူ၊ ဘ၀ရဲ့တန်ဖိုးကို မသိသူ၊ မိမိအချိန်ရဲ့ တန်ဖိုးကို မသိသူဟာ မိမိရဲ့အောင်မြင်မှု၊ မိမိရဲ့ ကိုယ်စွမ်းကိုယ်စ၊ မိမိရဲ့ ဘ၀တိုးတက် မှုတွေကိုသာမက မိမိရဲ့ တစ်ဘ၀လုံးကို ဖျက်ဆီးပစ်နေသူ၊ မိမိကိုယ်ကို အရှင် လတ်လတ် သေအောင်သတ်နေသူပဲဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။
by/facebook phyo lay