အခုလက်ရှိ ကိုယ်ရထားတဲ့ဘ၀ဟာ ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာ ကိုလည်း မြင်တတ်ရပါမယ်။ ဘ၀ရဲ့ တန်ဖိုးကို မသိမြင်သူတွေဟာ သူရရှိထား တဲ့ဘ၀ကို တန်ဖိုးမထားတတ်ကြပါဘူး။ ဒါကြောင့်လည်း သူတို့ တွေဟာ ဘ၀ ကို ဖြစ်သလိုပဲ ဖြတ်သန်းနေကြပါတယ်။ အောင်မြင်တဲ့ ဘ၀၊ ပျော်ရွှင်တဲ့ ဘ၀ တစ်ခုအဖြစ် မဖန်တီး မတည်ဆောက်ကြဘဲ ဘ၀ တစ်ခုကို တန်ဖိုးမဲ့စွာ ကုန်ဆုံး သွားတတ်ကြပါတယ်။ ဘ၀အောင်မြင်မှု တွေကို လိုလားသူတိုင်းဟာ ဘ၀ကို တန်ဖိုးထားတတ်ရပါမယ်။ တကယ် တော့ ဘ၀ဆိုတာ အချိန်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီတော့ ဘ၀ကို တန်ဖိုးထားရင် အချိန်ကို လည်း တန်ဖိုးထားတတ်ရပါမယ်။
မိမိရဲ့တန်ဖိုး
လူတိုင်းဟာ ကိုယ့်တန်ဖိုးကို ကိုယ်သိမြင်နိုင်ရပါမယ်။ ကိုယ့်တန်ဖိုးကို အရင်ဆုံး သတ်မှတ်တာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပြီး နောက်မှ တခြား သူတွေက သတ်မှတ်ကြတာဖြစ်ပါတယ်။ မိမိရဲ့ တန်ဖိုးကို မိမိသိမြင်နိုင်မှ မိမိကိုယ်ကို တန်ဖိုးထားမှာပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်တဲ့ သူတွေဟာ ဘယ်သူ့ ကိုမှလည်း တန်ဖိုးထားတတ်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ် ကိုယ်ချစ်တယ်ဆိုရင်ကိုယ့်ကိုယ်က
BY/FB PHYO Lay
