ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

ရန်ကုန်မြို့ ရွှေပေါက်ကံရှိ ရပ်ကွက်တစ်ခုတွင် ရေမြုပ်နေသည့် ဈေးဆိုင်တန်းကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − သူရကျော်)
ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်အချို့တွင် ရေကြီးရေလျှံ နေဆဲဖြစ်ပြီး ရေထပ်မံတက်နိုင် သည့်အလားအလာ ရှိနေသဖြင့် နေထိုင်ရန် အခက်အခဲကြုံတွေ့ နေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း အတွင်းရှိ မြောက်ဥက္ကလာပ (၂)ရပ်ကွက်၊ ရွှေပေါက်ကံ၊ တောင်ဥက္ကလာပ၊ ငမိုးရိပ်ချောင်းနှင့်အနီးတစ်ဝိုက် ဘေလီ၊ သာကေတစသည့်မြို့ နယ်များတွင် မြစ်ရေ၊ ချောင်းရေ တက်မှုကြောင့် ရေကြီးရေလျှံကာ သွားလာရေး အခက်အခဲဖြစ် လျက်ရှိသည်။
‘‘ရေမြုပ်တာလေးရက်ရှိပြီ။ အိမ်အပေါ်ထပ်မှာ တက်နေရ တယ်။ အဖေဆို အသက်(၉၉)နှစ် ရှိပြီ ဒီမနက်ပဲ ဆေးခန်းသွားဖို့ ကို ရေထဲကဖြတ်ပြီး ကုန်းပိုးပြီး သွားရတယ်’’ဟု ရွှေပေါက်ကံနေ ဦးဒေါင်းကပြောသည်။
ရပ်ကွက်တွင်းအိမ်များ၌ ရေတက်နေမှုကြောင့် လေဖြတ် သူအချို့ရှိလာပြီး အသက်ကြီးသူ များနှင့် အသက် ၃၀ အရွယ် လူလတ်ပိုင်းများ ပါဝင်သည်ဟု သိရ သည်။ နှစ်စဉ် ရေနစ်မြုပ်လေ့ရှိသော်လည်း ယခုရက်ပိုင်းရေကြီး မှုမှာ အဆိုးဆုံးဖြစ်ကာ အစိုးရ ဌာနဆိုင်ရာများမှ အကူအညီများမရဟုဆိုသည်။
‘‘ရေက တစ်လကို နှစ်ခါ လောက်တက်တယ်။ ခုရေကျတာ တောင် အိမ်ကမြုပ်တုန်း။ ခုညနေ ဆို ရေထပ်တက်လာဦးမယ်တဲ့။ လူကြီးရပ်မယ်ဆိုရင် ရင်ဘတ်ထိ ရှိတယ်’’ဟု ဦးဒေါင်းကပြောသည်။ ရေတက်မှုကြောင့် ရပ်ကွက် တွင်းရှိ ကျောင်းများလည်းပိတ် ထားရပြီး ရပ်ကွက်တွင်းနေထိုင် သူ ကလေးငယ်များမှာ ဖျားနာ၊ တုပ်ကွေးများအဖြစ်များကြောင်း ယင်းရပ်ကွက်နေ ဦးမြင့်အေးက ပြောသည်။
‘‘ရေတက်နေတဲ့ လမ်းတွေ မှာ သွားရင်းလာရင်းမြွေတွေ တွေ့  တယ်။ ကလေးတွေအတွက် မြွေ ပါးကင်းပါးစိုးရိမ်တယ်။ကျန်းမာ ရေးစိုးရိမ်တယ်။ နှစ်တိုင်းဖြစ်နေ တော့ ဒီလိုပဲနေရတာပေါ့’’ဟု ရေ ကြီးရေလျှံမှု ဖြစ်ပေါ်နေသောနေ ရာတွင် နေထိုင်သူအိမ်ရှင်မတစ် ဦးကဆိုသည်။
ငမိုးရိပ်ချောင်းအနီးရှိ အိမ် ခြေတစ်ထောင်ကျော်ရှိသော ရွှေ ပေါက်ကံမြို့နယ် ၁၀ ရပ်ကွက်၊ ၁၁/၁ ရပ်ကွက်၊ ၁၁/၂ရပ်ကွက် တို့တွင် ရေနစ်မြုပ်နေပြီး ယခုနှစ် တွင် ရေကြီးမှုမှာ အဆိုးရွားဆုံး အခြေအနေဖြစ်သည်ဟုသိရသည်။
‘‘မနေ့ညကတည်းက ရေ တွေတက်တာပါ။ ဒီနေ့ မနက်ပိုင်း ကပိုပြီးတက်လာတယ်။ ရေတက် လာတာသုံးရက်ရှိသွားပြီ။ ပြန်ကျ တာမရှိဘူး။ လမ်းတွေပေါ်နဲ့အိမ် တွေပေါ်အထိ ရေတက်တာပါ။ ခြေတံရှည်တဲ့ အိမ်တွေဆို တော်သေးတယ်။ တချို့ဆိုအိမ် တွေပေါ်ရေတက်မှာကို စိုးရိမ်လို့ တစ်ညလုံးမအိပ်ဘဲထိုင်စောင့်နေ ရတာတွေရှိတယ်။ ချောင်းလက် တက်ဖြစ်တဲ့ ချောင်းလက်တက် နှစ်ခုကြားမှာ ရှိနေတဲ့အတွက် ရေ ပိုတက်တာပါ။ လပြည့်လကွယ် ဆို ရေတက်နေကြပါ။ ခါတိုင်းဝါ ထပ်တဲ့နှစ်ဆို ရေတက်တာ။ အခု ၀ါမထပ်ဘဲနဲ့ကို ရေကအဆမတန် တက်နေတာပါ’’ဟု ရွှေပေါက်ကံ ၁၂ ရပ်ကွက်နေ ဒေါ်စန်းအေးက ပြောသည်။

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks