ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

ဂျူ ဗင်တပ်ကို ကွန်တီ ကျောခိုင်းခဲ့

ဂျူ ဗင်တပ် နည်းပြ ကွန်တီမှာ ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း ဂျူ ဗင်တပ်အသင်းက အတည်ပြုသည်။ ကွန်တီသည် ကစားသမားဘ၀တွင် ဂျူ ဗင်တပ်အတွက် ပွဲ(၄၀၀)ကျော် ကစားပေးခဲ့ပြီး (၂၀၁၁)ခုနှစ်တွင် ဂျူ ဗင်တပ် နည်းပြအဖြစ် စတင်တာဝန်ယူခဲ့သည်။ ဂျူ ဗင်တပ် နည်းပြဘ၀ ပထမဆုံး
ရာသီတွင် ရှုံးပွဲမရှိစံချိန်ဖြင့် စကူဒက်တိုဖလား ဆွတ်ခူးပေးနိုင်ခဲ့သည့် ကွန်တီမှာ ဂျူ ဗင်တပ်ကို စကူဒက်တိုဖလား (၃)နှစ်ဆက် ရယူပေးနိုင်ခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် အသင်း၏အပြောင်းအရွှေ့ မူဝါဒများကို ကျေနပ်ခြင်း မရှိသည့်အတွက် ဂျူ ဗင်တပ်နှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကွန်တီ ထွက်ခွာသွားခြင်းကြောင့် အလွန်အမင်း စိတ်မကောင်းဖြစ်မိသည်ဟု ဂျူ ဗင်တပ် ဥက္ကဋ္ဌ အက်ဂ်နယ်လီက ၀န်ခံခဲ့သည်။ ဂျူ ဗင်တပ်မှာ ကွန်တီ၏နေရာတွင် အေစီမီလန် နည်းပြဟောင်း အယ်လီဂရီဖြင့် အစားထိုးရန် စီစဉ်နေပြီး အီတလီ မီဒီယာများ၏ဖော်ပြချက်အရ တစ်နှစ်လုပ်ခ ယူရို(၂)သန်း တန်ကြေးရှိသည့် (၂)နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေကြောင်း သိရသည်။

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks