ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

စာရေးဆြာ d@vid ရေးသားတင်ဆက်သည်။
ဘေးနားက ချစ်သူလေးထူးခန့် ကို ထိုက်ကြီးတစ်နေ့ပြီးတစ်နေ့ ပိုပိုပြီး စိတ်ပျက်လာမိသည်။ အကြောင်းကား  “လူ့အကြောင်း ပေါင်းကြည့်မှသိ” ဆိုသလို အတူပေါင်းသင်းနေထိုင်လာခဲ့သောကြောင့် ထူးခန့်၏ အပြုအမူ အပြောအဆို အမူအယာများသည် အလွန်မိန်းမဆန်နေသည်ကို တွေ့ရသေြာေ
ကာင့် ဖြစ်သည်။ စကားပြောလျှင် မိန်းမသံနဲ့ တူတူလာသည်။ လမ်းလျှောက်လျှင် နွဲ့တဲ့တဲ့နဲ့။ စတိုင်ထုတ်လိုက်လျှင် ယောက်ျားနှင့်တူဖို့ဝေးစွ။ အငြိမ့်မင်းသမီး ကနေသည်နှင့်ပင် တူတော့သည်။ အားအားရှိ အလှပြင်ဖို့၊ အသားအရေလှဖို့ပဲ လုပ်နေတတ်သည့်သူ။ သီချင်းညည်းပြီဆိုလျှင် မိန်းကလေးသီချင်းမှ။ ယောက်ျားဆန်ဆန်ဖက်ရှင်ကျကျဝတ်စားတတ်တာလေးတစ်ခုသာ ယောက်ျားနှင့်တူသည်။ ငြိမ်သက်သက်နဲ့ ခပ်တည်တည်နေမှသာ ယောက်ျားနှင့်သာ တူတော့သည်။ ထူးခန့်တစ်ခုခုထလုပ်ပြီဆိုလျှင်ပဲ မိန်းကလေးအမူအယာတွေ တွေ့တွေ့နေရသောကြောင့် လှုပ်ရှားလိုက်ပြီဆိုလျှင်ပဲ ထူးခန့်အပေါ် ထိုက်ကြီး စိတ်တိုစိတ်ပျက်လာမိတော့သည်။ အခုလို မိန်းမဆန်လွန်းသည့် ထူးခန့်နှင့် ဆက်လက်ပေါင်းသင်းဖို့ ထိုက်ကြီးဘယ်လိုမှ ယုံကြည်ချက်မရှိတော့ပေ။
ထိုက်ကြီးလည်း ယောက်ျားအချင်းချင်းသာ စိတ်ဝင်စားသော “Gay” တစ်ယောက်မို့ ယောက်ျားဆန်ဆန် ယောက်ျားလေးတစ်ယောက်ကိုသာ ချစ်ချင်သည်။ မိန်းကလေးဆိုလျှင် လုံးဝစိတ်မ၀င်စားတတ်သည့် “Gay” တစ်ယောက်က မိန်းကလေးနှင့် တူနေသည့် ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ်ချစ်နိုင်ပါ့မည်လဲ။ ထူးခန့်လေးကို ချစ်ခွင့်တောင်းခဲ့တာ ထိုက်ကြီးမှားခဲ့ပြီထင်ပါသည်။
အခုလည်း ထူးခန့်လေးသည် သူငယ်ချင်းတချို့ နှင့် ပါတီသွားမလို့ဆိုပြီး ရေချိုးပြီးပြီးချင်း ကိုယ်အနှံ့ လိုးရှင်းများ လူးနေသည်ကို စိတ်ပျက်ဖွယ် တွေ့နေရသည်။ မျက်နှာပေါ်မှာ ပေါင်ဒါတွေ လိမ်းခြယ်နေသည်မှာ နာရီဝက်မျှ ကြာတော့မယ်။ ထိုက်ကြီးလည်း အမြင်ကတ်တာကြောင့် ဒေါသတွေ အလိပ်လိပ်တက်လာပေမဲ့ ချုပ်တည်းထားလိုက်ရသည်။ သည်ကြားထဲ မျက်တောင်လေးကို နည်းနည်းကော့ကာ နှုတ်ခမ်းနီဖျော့ဖျော့လေးပင် ဆိုးလိုက်သေးသည်။
အားလုံးပြင်ဆင်ပြီးသွားတော့ ယောက်ျားဆန်ဆန် ဖက်ရှင်ကျကျဝတ်စားတတ်ကာ ဖက်ရှင်အမြင်ရှိတာကြောင့် ထူးခန့်လေးသည် တက်သစ်စ မော်ဒယ်လ်ဘွိုင်းလေးကို သိပ်ကိုချောမောလှပသွားသည်။ ထူးခန့်က ပြင်ဆင်ပြီးပြီးချင်း ဆတ်ထနဲ့ တစ်ချက်ခုန်ရင်း မတ်တပ်ရပ်လိုက်သည်မှာ မိန်းကလေးတစ်ယောက်က ချစ်သူအပေါ် ချွဲနွဲ့လိုက်သည့်အလား။ ခုနက ယောက်ျားပီပီလှပနေသည့် အလှများပင် ဘယ်ပျောက်သွားသည်မသိ။ သည်ကြားထဲ ကိုယ်လုံးပေါ် မှန်ကြီးရှေ့ မှာ လုံးချာလှည့်ကာ လေးငါးပတ်မျှ ကြည့်နေသေးသည်။
“အစ်ကို ညီသွားတော့မယ်နော်။ နည်းနည်းနောက်ကျမယ်။ စောင့်မနေနဲ့ စောစောအိပ်လိုက်။ ဟုတ်ပြီလား”
ထိုက်ကြီးလည်း ဒေါသတွေကို ချုပ်တည်းထားရတာကြောင့် မျက်နှာကြီးက သုန်မှုန်နေသည်။ ချုပ်တည်းထားသည့် မျက်နှာအမူအယာမှာ မပီပြင်သည်ကိုလည်း ကိုယ်တိုင်သိနေသည်။
“အစ်ကို့ မျက်နှာကြီးကလည်း စူပုပ်နေလိုက်တာ။ ဘာလဲ ညီက တခြားတစ်ယောက်နဲ့ ဖောက်ပြန်နေမှာစိုးလို့လား။ စိတ်ချပါအစ်ကိုရ။ ညီက အစ်ကိုကလွဲလို့ ဘယ်ယောက်ျားလေးကို မချစ်တော့ဘူး။ သူတို့က အစ်ကို့ထက်ကောင်းတယ်ဆိုရင်တောင် မလိုချင်တော့ဘူး။ အစ်ကိုတစ်ယောက်ရှိနေပြီဆိုရင်ပဲ ညီ့ဘ၀က ပြည့်စုံနေပြီမို့လို့ ခစ်ခစ်”
“အေးပါ။ အေးပါ” လို့ ထိုက်ကြီးတုံးတိတိပြောလိုက်ရသည်။
“ကြည့်စမ်း မျက်နှာကြီးကလည်း မှိုတက်နေတဲ့အတိုင်းပဲ။ မျက်မှောင်ကြီးကလည်း ကျုံ့ လို့။ ပါးစပ်လေးက ဟောသည်လိုလေးပြုံးလိုက်။ မျက်ခုံးလေးကို ဟောသည်လိုလေး မြှင့်လိုက်။ ခစ်ခစ် ချစ်စရာလေး ကောင်းသွားပြီ”
ထူးခန့်က ပြောလည်းပြော လက်နှစ်ဖက်နဲ့လည်း ထိုက်ကြီးနှုတ်ခမ်းဘေးကို ဆွဲပြီး မျက်ခုံးကြီးတွေကို မြှင့်ပေးနေလိုက်သည်။
“သွားမှာသာ သွားစမ်းပါ”
လို့ ထိုက်ကြီး စိတ်မရှည်စွာ ပြောလိုက်ရသည်။
“အစ်ကိုကော လိုက်ခဲ့ပါဆိုနေ။ သူများတွေက ချစ်သူတွေကိုယ်စီနဲ့ လာကြမှာ။ ညီ့ကျမှ”
“အစ်ကိုခေါင်းနည်းနည်းကိုက်နေတယ်လို့ ပြောထားတယ်ကော”
“ဟွန်း သည်ခေါင်းကိုက်လောက်လေးနဲ့။ ညီလည်း အစ်ကိုမပါတော့ တချို့ စုံတွဲတွေကြားမှာ အားငယ်တာပေါ့လို့”
ထူးခန့်က နှုတ်ခမ်းလေးစူပုပ်ပြီး ချွဲပြနေသည်။
“တော်ပြီနောက်မှ”
ဆိုပြီး ထိုက်ကြီး အိပ်ခန်းထဲ လှည့်ထွက်သွားသည်။ နောက်မှ ထူးခန့်က ထိုက်ကြီးအား ချစ်စွာ ခွင့်လွှတ်ရင်းပြုံးပြုံးလေးနဲ့ ထိုက်ကြီးပါးအား ခုန်နမ်းလိုက်သည်။
“သွားပြီနော်တာ့တာ။ အိပ်ခါကျ နွားနို့ဖျော်သောက်ဖို့ မမေ့နဲ့နော်။ သည်ညတော့ ကွကိုယ်ပဲ ဖျော်သောက်လိုက်တော့”
ထူးခန့်က မှာရင်း ကနွဲ့ကလျလေးပြေးသွားသည်ကို ထိုက်ကြီး မမြင်ချင်မှအဆုံး မြင်လိုက်ရသည်။ ထိုက်ကြီး စိတ်တိုစွာ “တောက်” ကနဲ့ တက်ကို အကျယ်ကြီး ခေါက်လိုက်သည်။
တကယ်တော့ ခေါင်းကိုက်နေလို့ဟု ဆင်ခြေပေးကာ မလိုက်ပေးခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းတွေကြားမှာ မိန်းမဆန်နေသည့် ထူးခန့်အား “ဒါငါ့ချစ်သူ” ဟု မိတ်ဆက်ပေးရမှာကို ထိုက်ကြီးအလွန်ရှက်နေမိသည်။ တစ်ချိန်တုန်းက အွန်လိုင်းပေါ်မှာ အလွန်ချစ်ဖို့ကောင်းသည့် ထူးခန့်လေးနဲ့ အပြင်ထွက်ပြီး ကမ္ဘာအနှံ့လည်ပတ်ချင်သည်လို့ စိတ်ကူးယဉ်ခဲ့ရတာ အမောပဲဖြစ်သည်။ တကယ်တမ်းလက်တွေ့ဖြစ်လာသည့်အခါမှာတော့ လည်ပတ်ရမှာကို ရှက်လွန်းသည်မက တို့ထိချင်စိတ်ပင် ကုန်ခမ်းပျောက်ဆုံးသွားခဲ့ရသည်။ သည်ညတော့ Facebook ပေါ်တက်ကာ ဟိုမိုအပေါင်းနဲ့ တစ်ဝကြီး Sex Chat တော့မည်လို့ တွေးလိုက်သည်။
Xxxxxxxxxxxxxxxxxxxxxxx
တစ်နေ့ ထိုက်ကြီးတစ်ယောက် ရုံးက လိုအပ်တာလေးတွေ ၀ယ်ရန်လွှတ်လိုက်သည့်အတွက် စတိုးဆိုင်တစ်ခုထဲ ၀င်မယ်လုပ်လိုက်တော့ လမ်းမကြီးရဲ့ ဟိုတစ်ဖက်မှာ ၀တ်စားထားပုံက ယောက်ျားမကျ မိန်းမမကျတဲ့သည့်လူနှစ်ယောက်နဲ့ ထူးခန့် ရယ်မောပြုံးရွှင်ရင်း လမ်းလျှောက်နေသည်ကို ထိုက်ကြီး မမြင်ချင်မှအဆုံး မြင်လိုက်ရသည်။ ထိုက်ကြီး၏ ဒေါသမှာ အလိပ်လိပ်တက်လာတာကြောင့် အံကိုတင်းတင်းကျိတ် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
Xxxxxxxxxxxxxxxxxx
“တီတီတီ”
“ဟယ် အစ်ကိုပြန်လာပြီပဲ”
ထူးခန့် တံခါးလေးကို အပြေးကလေးသွားဖွင့်လိုက်ပြီး ချစ်ရသူ အစ်ကိုထိုက်ကြီးကို တွေ့လိုက်ရတော့ အစွမ်းကုန်ပြုံးပြရင်း လက်ဆွဲအိတ်လေးကို ယူမယ်လုပ်လိုက်သည်။
“အစ်ကိုပြန်လာပြီလား။ ညီ အစ်ကိုကြိုက်တဲ့ ပဲပင်ပေါက်ဟင်း…”
“လူတစ်ကိုယ်လုံးပြန်လာတာမမြင်လို့ ပြန်လာပြီလားမေးနေတာလား။ ပဲပင်ပေါက်ဟင်းတွေ ဘာတွေအသာထား မင်းသည်နေ့ ဘယ်သူတွေနဲ့ အပြင်ထွက်လဲပြောစမ်းထူးခန့်”
ထိုက်ကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ လက်ဆွဲအိတ်ကို လွှင့်ပစ်လိုက်ရင်းပြောတော့ ထူးခန့် “အမလေး” တပြီး နားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ အုပ်ပြီးငုံ့နေလိုက်သည်။
“အစ်ကို ဘာဖြစ်လို့လဲ။ စိတ်ကိုလျှော့ပါအစ်ကိုရ။ ပြီးတော့ ဘာလို့ ညီ့နာမည်ကို ခေါ်လိုက်ရတာလဲဟင်”
“မင့်နာမည်ထူးခန့် မို့  ထူးခန့် လို့ ခေါ်တာပေါ့ကောင်စုတ်ရ။ ငါ မေးတာမြန်မြန်ဖြေစမ်းထူးခန့်။ မင်း သည်နေ့ ဘယ်သူတွေနဲ့ အပြင်ထွက်ခဲ့လဲ မှန်မှန်ပြောစမ်း”
“သြော် အစ်ကိုကလည်း ညီ့ကို ဖောက်ပြန်နေတယ်ထင်နေတာလားမသိဘူး။ ညီ့ကို မယုံဘူးလား။ ညီက အစ်ကိုကလွဲလို့ ဘယ်သူ့ကိုမှမချစ်ပါဘူးဆိုမှ။ မိုးနဲ့မြေကြီးကို တိုင်တည်ပြီး ကျိန်….”
“ကျိန်တာတွေ ဘာတွေ အသာထားစမ်း။ ငါမေးတာဖြေစမ်းလို့”
ထိုက်ကြီး၏ ဒေါသမှာ အထွတ်အထိပ်သို့ရောက်လာတော့သည်။
“အင်း ညီ အပြင်ထွက်ခဲ့ပါတယ်။ သူငယ်ချင်းက သူ့မွေးနေ့မို့လို့ မုန့်ကျွေးချင်တယ်ဆိုလို့”
“အဲ့ဒါနဲ့ မင်းက ယောက်ျားမကျ မိန်းမကျတဲ့ အခြောက်မတွေနဲ့ သွားတွေ့တယ်ပေါ့ဟုတ်လား။ မင်းကို အခြောက်မတွေနဲ့ ပေါင်းပါလို့ ငါ ဘယ်တုန်းက ပြောဖူးလို့လဲ”
“ဘယ်လိုပြောလိုက်တာလဲအစ်ကိုရ။ ဘ၀တူအချင်းချင်းတွေကို။ ပြီးတော့ သူတို့က အိမ်အထိလိုက်လာပြီး အတင်းခေါ်လို့ပါဆို”
“ဘာ အိမ်အထိလိုက်လာတယ်။ ဟုတ်လား။ အိမ်နေရာကိုတောင် သိထားပြီးပြီပေါ့။ ဟုတ်လား မင်းကွာ။ ဘာလို့ ငါ မကြိုက်တာတွေပဲ အမြဲလုပ်နေရတာလဲ။ ဘာလို့ ငါ့ကို စိတ်ရှုပ်အောင် အမြဲဒုက္ခပေးနေရတာလဲ။ နေပါဦး အိမ်နေရာကိုတောင် သိထားပြီးပြီဆိုတော့ နောက်ကို အိမ်ထဲအထိ ၀င်ထွက်နေတော့မှာပေါ့။ ပတ်ဝန်းကျင်က မြင်သွားရင် ဘယ်လိုလုပ်မှာလဲ။ အခြောက်တွေနေတဲ့အိမ်ဆိုပြီး ပတ်ဝန်းကျင်က ပြောကြမှာ မင်းမရှက်ဘူးလား”
“မရှက်ပါဘူး။ ကိုယ်ဖြစ်လေရာဘ၀ကို ကျေကျေနပ်နပ်ကြီး ခံယူပြီးနေတာပဲ ရှက်စရာမှ မဟုတ်…”
“မင်း ပါးစပ်ကို မြန်မြန်မပိတ်သေးဘူးလား။ အေး နောက်တစ်ခါ အဲ့လိုအခြောက်မတွေနဲ့ အတူရှိနေတာတွေ့ရင် မင်းနဲ့ငါသေခန်းပြတ်ပဲ”
ထိုက်ကြီးက ဒေါသနဲ့အတူ ကျပ်နေတဲ့ နက်ခ်တိုင်ကို ဆွဲပြီး အခန်းထဲဝင်သွားကာ တံခါးကို “ဂျိမ်း”ကနဲ့ မြည်အောင် ပိတ်ချလိုက်သည်။ ထူးခန့်ခမျာ နှုတ်ခမ်းလေးတုန်ယင်ရင်း မျက်ရည်ပေါက်ပေါင်ကျလျှက် ကျန်ခဲ့သည်။
Xxxxxxxxxxxxxxxxxxxxx
တစ်နေ့ ထူးခန့်ချက်ပြုတ်စရာလေးများဝယ်ရင်း ရှော့ပင်းကနေ ပြုံးပြုံးပျော်ပျော်နဲ့ ပြန်လာသည်။ ခေတ်မီသော အိတ်နဲ့ ထုတ်ထားသည့် အရာလေးတစ်ခုအား ချစ်ရသူထိုက်ကြီးအား ပြဖို့အတွက် အလောတကြီး ထုတ်နေသည်။
“အစ်ကိုသည်ထဲမယ်။ ဘာလဲသိလား။ မနက်ဖြန်ကျ သူငယ်ချင်းတွေက ဟိုမိုသီးသန့်ကလပ်သွားရအောင်ခေါ်လို့ ၀ယ်လာတယ်”
ထိုက်ကြီးက မျက်မှောင်ကျုံ့ ပြလိုက်သည်။ ထူးခန့်က ဘွားကနဲ့ ထုတ်ပြလိုက်သည်။ မြင်လိုက်ရသည်က ကျောက်လေးများ စီထားသော ဒေါက်ဖိနပ်လေးဖြစ်သည်။ ဒေါက်ဖိနပ်လေးအား မြင်လိုက်ရတော့ ထိုက်ကြီး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
“ဟင် အဲ့ အဲ့ဒါကြီးက ဘာလုပ်ဖို့”
“ညီ စီးဖို့ပေါ့။ သူငယ်ချင်းတွေက ဒေါက်ဖိနပ်လေးတွေနဲ့ သွားကြမှာတဲ့။ အာ့ကြောင့် ညီလည်း…”
ထူးခန့်ပင်ပြောလို့မပြီးသေး။ ထိုက်ကြီးက ဒေါက်ဖိနပ်အား ဆတ်ကနဲ့ယူလိုက်ပြီး အားကုန်လွှင့်ပစ်လိုက်သည်။
“အစ်ကို”
ဆက်ပါအုံးမည်..................................

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks