4:07:00 AM
ADMIN
ဟိုမိုအခန်းဆက်ဝတ္ထုရှည်
စာရေးဆြာ d@vid ရေးသားတင်ဆက်သည်။
ထိုက်ကြီးလုပ်ရပ်ကြောင့် ထူးခန့်တအံ့တသြဖြစ်သွားရသည်။
“အစ် အစ်ကို့ ဘာလုပ်လိုက်တာလဲ။ အဲ့ဒါဘယ်လောက်ဈေးကြီးလဲသိရဲ့လား”
“ဘာလုပ်တာလဲလို့ ငါကမေးရမှာ။ ငါ့ကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့ဆိုကွာ။ ဘာလို့ ထပ်တလဲလဲစိတ်ရှုပ်အောင် လုပ်နေရတာတုန်းကွ။“ညီက အစ်ကို့ကို ဘာတွေစိတ်ရှုပ်အောင်လုပ်နေလို့တုန်း”
“မြင်တာနဲ့ မသိဘူးလား။ ဒေါက်ဖိနပ်ဆိုတာ မိန်းကလေးတွေမှ စီးရတာဆိုတာ မသိဘူးလား။ မင်းကိုယ်မင်း မိန်းကလေးများမှတ်နေတာလား”
“အစ်ကိုကလည်း မိန်းကလေးမှ ဒေါက်ဖိနပ်စီးရမယ်လို့ ဘယ်သူက ဥပဒေထုတ်ထားလို့တုန်း။ အခုခေတ်ဂေးတွေကြားမှာ ဒေါက်ဖိနပ်တွေက ဘယ်လောက်များခေတ်စားလိုက်သလဲ။”
“ဘာ ဘာ ဘာ ။ အဲ့ဒါကို စကားအဖြစ်ပြောနေတာလား။ ဂေးဖြစ်တာနဲ့ ဒေါက်ဖိနပ်စီးရရော့လား။ သည်လောက်ဒေါက်ဖိနပ်စီးချင်ရင် မင်းဟာကြီးဖြတ်ပြီး အခြောက်မသွားလုပ်လိုက်ပါ့လား။”
“အစ်ကိုကလည်း အခုခေတ်မှာ မိန်းကလေးလိုနေတဲ့ဂေးမှ ဒေါက်ဖိနပ်စီးကြတာမဟုတ်ဘူး။ မိန်းကလေးလုံးဝဖြစ်ချင်စိတ်မရှိတဲ့ ဂေးတွေလည်း ဒေါက်ဖိနပ်စီးကြတာပဲ။ ဂေးဆိုတာ တစ်ခါတလေ ယောက်ျားစိတ်စစ်စစ် ဖြစ်သွားသလို မိန်းကလေးစိတ်ဝင်သွားရတာပဲလေ။ ဒါထုံးစံပဲလေ။ ဒါ့ကြောင့် ဂေးဖြစ်တဲ့ညီက ဒေါက်ဖိနပ်စီးချင်တာအပြစ်လားအစ်ကို”
“တိတ်စမ်း။ မင်းကများ ငါ့ကို ဆရာလာလုပ်နေသေးတယ်။ ငါက ဂေးဖြစ်နေလို့ ယောက်ျားဆန်ဆန်ချစ်သူတစ်ယောက်လိုချင်မိပါတယ်။ အခုတော့ ချစ်သူက မိန်းမစိတ်ပေါက်နေတဲ့သူ ဖြစ်နေပါရော့လား။ ယောက်ျားဆန်ဆန်ကိုမှ ချစ်ချင်တဲ့ ငါ့အတွက် မင်းက ယောက်ျားဆန်ဆန် ဘာလို့နေမပေးချင်ရတာလဲ။ ဘာလို့မိန်းမဆန်ချင်နေရတာလဲကွာ။ အလိုလိုမှ ချစ်သူက မိန်းမဆန်နေလို့ စိတ်ညစ်နေရတဲ့ကြားက ဒေါက်ဖိနပ်ဝယ်လာတော့ မင်းကိုလေ ငါ ငါ အရမ်းစိတ်ပျက်တယ်။”
“ဘာ ညီက မိန်းမဆန်တယ်ဟုတ်လား။ အစ်ကိုပြောတာလည်း ဟုတ်ချင်ဟုတ်မှာပေါ့။ ဒေါက်ဖိနပ်စီးချင်တာ အလှကြိုက်တာကလွဲလို့ ၀တ်တာစားတာက သည်လောက်ယောက်ျားယောက်ျားဆန်နေတာပဲကို။ အစ်ကိုသည်လိုပြောကြေးဆို အစ်ကိုကတော့ မိန်းမမဆန်လို့လား”
ထူးခန့် အားတင်းကာ ပြောချလိုက်သည်။
“ဘာ ”
“ဖြန်း…”
ထိုက်ကြီးက ဒေါသနဲ့ ထူးခန့်ပါးအား ရိုက်ချလိုက်ရာ ထူးခန့်ခွေခွေလေးလဲကျသွားသည်။
“မင်းကများ ငါ့ကို မိန်းမဆန်တယ်ပြောရဲတယ်။ ငါက ဘယ်နေရာတွေမှာ မိန်းမဆန်နေလို့တုန်းကွ။ ငါလမ်းလျှောက်တာတွေ စကားပြောတာတွေ ဘယ်နေရာမှာများ မိန်းမနဲ့တူနေလို့တုန်း။ သည်မယ်ကြည့် တစ်ကိုယ်လုံးလည်း တက်တူးတွေနဲ့။ ငါ အရက်သောက်တာ ဆေးလိပ်သောက်တာလည်း မင်းသိသားနဲ့။ ယောက်ျားဆန်အောင်လို့ ဂျိုးတွေကပ်နေအောင် ကွမ်းစားထားတာလည်း မင်းသိသားနဲ့ ငါ့ကို မိန်းမဆန်ပြောရဲတယ်။ မင်း အခုချက်ချင်း ငါ့အိကထွက်သွား။ မင်းကိုမြင်နေရရင် ငါပဲအသက်တိုမယ်။ မြန်မြန်ထွက်သွား မမြင်ချင်ဘူး။”
ထိုက်ကြီးက အခန်းထဲဝင်ပြီး ဗီရိုထဲက ထူးခန့်အ၀တ်အစားများကို လွှင့်ပစ်ပြီး ခရီးဆောင်အိတ်ထဲ ထည့်နေသည်။ အားလုံးထုတ်ပြီးသွားတော့ ထူးခန့်ရှေ့ မှာ ဘုန်းကနဲပ ပစ်ချလိုက်သည်။
“နောက် ငါ့ရှေ့ မှာ ဘယ်တော့မှ ပေါ်မလာနဲ့တော့”
ဒါပဲပြောပြီး အိပ်ခန်းထဲပြန်ဝင်ကာ တံခါးကို “ဂျိမ်း”ကနဲ့မြည်အောင် ပိတ်ချလိုက်သည်။
ထိုညက အိမ်လေးရှေ့ မှာ ထူးခန့်တစ်ယောက် မျက်ရည်စက်လက်နဲ့ မိုးလင်းသည်အထိ ထိုင်နေခဲ့သည်။ ထိုက်ကြီးလည်း စိတ်ညစ်ညစ်နဲ့ အရက်တွေ သောက်ပြီးရင်းသာ သောက်နေခဲ့သည်။ ထူးခန့်အပေါ်မှာ ပြုမူခဲ့သည့် ထိုက်ကြီးရဲ့အပြုအမူတွေ မှားမှန်းတော့ ကိုယ်တိုင်သိပါတယ်။ ထူးခန့်ရဲ့အပြုအမူတွေကြောင့်သာ သည်းခံမှုတွေ အတိုင်းအတာထိ ကျော်လွန်ပြီး မရက်စက်ချင်ပဲနဲ့ ရက်စက်ခဲ့ရသည်။
Xxxxxxxxxxxxxxxx
တစ်နေ့တွင် ထိုက်ကြီးတစ်ယောက် Facebook တွင် ခင်မင်ရသော အစ်ကိုတစ်ယောက်အား ခံစားချက်များကို Facebook တွင် ရင်ဖွင့်မိသည်။
“ကွန်တော်အရမ်းစိတ်ညစ်တယ်အစ်ကိုရာ”
“ဘာများဖြစ်လို့ပါလဲညီ။ ရင်ဖွင့်ချင်ရင် အစ်ကိုနားထောင်ပေးပါ့မယ်။ ဘာမှ မျိုသိပ်မထားနဲ့ ။ ရင်ထဲပေါ့သွားအောင် ပြောချင်တာတွေ ပြောချလိုက်”
“ချစ်သူပေါ့။ ကျွန်တော် ချစ်သူကို ချစ်လျှက်နဲ့ လမ်းခွဲခဲ့မိပြီ”
“ဘယ်လိုများဖြစ်ရတာလဲညီ”
“ဂေးဆိုတာ မိန်းမနဲ့ပတ်သက်ရင် လုံးဝစိတ်မ၀င်စားပဲ ယောက်ျားဆန်တာကိုမှ ချစ်တတ်ကြာပဲမဟုတ်လား”
“အင်း ဟုတ်မယ်ထင်တယ်”
“ဟုတ်မယ်ထင်တယ်တဲ့လားအစ်ကိုရ။ ဟုတ်တယ်လို့ပဲပြောစမ်းပါ”
“အင်းပါ။ ညီတို့အဖြစ်ကိုလင်းစမ်းပါဦး။”
“ပြောထားသလိုပဲ။ ညီက လုံးဝမနွဲ့တဲ့ ယောက်ျားလေးကိုမှ ချစ်ချင်တာဗျ။ နွဲ့တဲ့ယောက်ျားဆို အသေအလဲမုန်းတာ”
“အင်း အင်း”
“ဒါ့ကြောင့်ပဲ မနွဲ့ဘူးလို့ထင်တဲ့ သူ့ကို ချစ်ခဲ့မိပါတယ်။ သူ့ကို အနီးကပ်ပေါင်းကြည့်တော့ နွဲ့သလား မမေးပါနဲ့အစ်ကိုရယ်။ တကယ့်မိန်းမစစ်စစ်အတိုင်းပါပဲ။ အလှကြိုက်တာ၊ အလှပြင်တာဆို မိန်းကထက်တောင် ပိုလွန်းနေတာအစ်ကိုရ။ သူက အခြောက်မတွေနဲ့ ပေါင်းတယ်။ သူ အခြောက်မတွေနဲ့ ပေါင်းတာကို ညီ နည်းနည်းလေးမှ သဘောမကျဘူး။ ညီလည်း သည်းခံခဲ့ပါသေးတယ်အစ်ကိုရယ်။ ဒါပေမဲ့ ညီသည်းခံလေ သူ့ဘက်က ပိုဆိုးလေပဲ။ သူက ဒေါက်ဖိနပ်ပါစီးချင်နေတော့ ညီ့သည်းခံမှုတွေ အတိုင်းအတာထိကျော်လွန်သွားခဲ့ပြီ။ သူ သည်လောက် မိန်းမဆန်ချင်နေရင် မိန်းကလေးသာ သွားလုပ်လိုက်ပါတော့လား။ ဒါ့ကြောင့် ကျွန်တော် သူ့ကို နှင်ချခဲ့တယ်အစ်ကို။ ညီ့လုပ်ရပ်တွေက လွန်နေသလားဟင်။”
“ညီရယ်။ ဂေးဆိုတာ ယောက်ျားစိတ်နဲ့ မိန်းမစိတ် ဒွန်တွဲနေတဲ့သူမဟုတ်လား။ ဒါ့ကြောင့် ဂေးတစ်ယောက်က နွဲ့နေတာ မဆန်းပါဘူး။ ပြီးတော့ ကိုယ်တိုင်ကလည်း နွဲ့နေတယ်ဆိုရင် သူလည်း နွဲ့မှာပဲ။ ကိုယ်လည်းနွဲ့သေးတာပဲ သူလည်းနွဲ့မှာပေါ့ဆိုပြီး အတ္တကင်းကင်းနဲ့ နားလည်ပေးလိုက်မယ်ဆိုရင် ပျော်စရာကောင်းလာမှာပါ”
“ညီက မနွဲ့ပါဘူးအစ်ကိုရ။ ညီ့ကိုယ်ညီသိတယ်။ ညီလုံးဝမနွဲ့ဘူးဆိုတာ သိတယ်”
“အင်း ညီ့အမြင်မှာတော့ အဲ့လိုဟုတ်ချင်ဟုတ်မှာပေါ့။ ဒါပေမဲ့ သူများအမြင်မှာတော့ မသိမသာလေးနွဲ့ချင်နွဲ့နေမှာပဲလေ။ ဂေးလောကမှာ လုံးဝမနွဲ့ဘူးဆိုတာ သိပ်ကိုရှားတယ်ညီ”
“ဒါဆို ညီကလည်း မသိမသာလေးနွဲ့နေတယ်လို့ ပြောချင်တာလားအစ်ကိုက”
“အဲ့လိုသဘောတော့ မဟုတ်ပါဘူးကွာ။”
“အစ်ကိုရာ။ စိတ်သက်သာလို သက်သာမလားဆိုပြီး အစ်ကို့ကို ရင်ဖွင့်မိပါတယ်။ ပိုပြီးတောင် ဆိုးလာပါရော့လား။ သူကလည်း ညီ့ကို နွဲ့တယ်လို့ ပြောလိုက်လို့ လမ်းခွဲလိုက်တာဗျ”
“အင်းပါ။ အစ်ကိုကတော့ ဒါလောက်ပဲ ပြောနိုင်ပါတယ်။ ကျန်တာ ညီ့အပိုင်းပါ”
ထိုအစ်ကိုနဲ့ ထိုက်ကြီး စိတ်သဘောထားချင်း သိပ်ပြီး မတိုက်ဆိုင်တာကြောင့် ထိုနေ့ကစပြီး စကားမပြောဖြစ်ကြတော့ပေ။
တစ်နေ့တွင် Facebook ထဲက ကောင်လေးတစ်ယောက်က ထိုက်ကြီးနဲ့ ဒိတ်ချင်တယ်လို့ ပြောလာတော့သောကြောင့် ထူးခန့်နဲ့ လမ်းခွဲပြီးနောက်ပိုင်း ဆန္ဒတွေနဲ့ ကင်းကွာနေခဲ့တာကြာနေပြီဖြစ်တာကြောင့် ငတ်ပြတ်နေခဲ့သည်။ သည့်ကြောင့် ထိုကောင်လေး၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ကာ ထိုကောင်လေးက စောင့်နေမည်ဆိုသော ဟိုတယ်ရှေ့ တွင် ရပ်နေခဲ့သည်။
ဟိုတယ်ရှေ့ ရောက်တော့ ကောင်လေးက ရောက်မလာသေးသဖြင့် ရပ်စောင့်နေရသည်။ ခဏအကြာ ထိုကောင်လေးက အပြေးကလေးလာနေသည်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးပြေးလာသည့်အမူအယာမှာ ကိုယ်လေးကို ဘယ်ညာယိမ်းနေသလို မိန်းမဆန်နေသည်ကို တေါ့လိုက်ရသဖြင့် ထိုက်ကြီး စိတ်ပျက်မိသွားသည်။ သို့ပေမဲ့ ဆန္ဒတွေ ငတ်နေခဲ့တာကြောင့် “မချစ်သော်လည်း အောင့်ကာနမ်း” တော့မည်လို့ စိတ်ပိုင်းဖြတ်လိုက်သည်။ ထိုကောင်လေးက အနားရောက်လာတော့ အားနာနာပြောလိုက်သည်။
“ဆောရီးနော်အစ်ကို။ အလုပ်နည်းနည်းရှုပ်နေလို့ နောက်ကျသွားတယ်။ စောင့်နေရတာကြာပြီလား”
ထိုက်ကြီးလည်း ပြုံးပြလိုက်ပြီး
“မကြာသေးပါဘူး။ ခုလေးတင်မှ ရောက်လာတာပါ”
“ဟုတ်ကဲ့”
ထိုကောင်လေးက မချိုမချဉ်လေးပြုံးပြလိုက်သည်။
“ဒါဆို သွားကြရအောင် တည်းခိုခ ညီရှင်းမယ်လို့ပြောထားတာနော်။ ပါကောပါရဲ့လား”
“အယ် ဟုတ်သားပဲဗျာ။ ဆိုင်မှာ ပိုက်ဆံအိတ်မေ့ကျန်နေခဲ့ပြီ။ ဒုက္ခပဲဗျာ”
“ဖြစ်ရလေ။ အစ်ကိုလည်း ညီရှင်းမယ်ဆိုလို့ ယူမလာခဲ့မိဘူး။ ဘယ်လိုလုပ်မလဲ”
“အားတော့နာလိုက်တာ။ ဆိုင်ကအဝေးကြီးဗျ။ နောက်နေ့မှပဲ ထပ်တွေ့ကြတာပေါ့နော်အစ်ကို။ အားနာလိုက်တာ”
“ရပါတယ်ကွာ”
“ဒါဆို ကျွန်တော်သွားတော့မယ်နော်”
ထိုနေ့ညတွင် ပျင်းပျင်းရှိသဖြင့် Facebook ပေါ် ထိုက်ကြီးတက်လိုက်သည်။ တခြားသူများတင်သည့် ပို့စ်များ ပုံများ စတေတပ်များ ငေးဖတ်ကြည့်နေမိသည်။ နေ့လယ်က ဒိတ်မည်ဆိုသော ကောင်လေးတစ်ယောက်၏ စတေတပ်ကို အမှတ်မထင် တွေ့လိုက်ရသည်။
“Top Top Top ဆိုလို့ အပြင်မှာ တွေ့ကြည့်တာ အခြောက်အဆင့် (၁၀၀)လောက်ရှိတယ်။ ခင်စန်းဝင်းတောင် အရှုံးပေးရလောက်တယ်။ နွဲ့လိုက်တာလည်း မပြောပါနဲ့တော့။ ကိုယ်တွေဖျင်ယားတာတောင် ပျောက်သွားတယ်။ ရုပ်ကလေးကတော့ သနားကမားနဲ့။ စိတ်ပျက်တာဗျာ။”
ထိုစတေတပ်လေးမှာ ထိုက်ကြီးကိုများ ရည်ရွယ်လေးသလားဆိုပြီး Messenger သို့သွားကာ ထိုကောင်လေးကို လှမ်းမေးလိုက်သည်။
“ဟိုင်း ညီ”“ဟုတ်ဗျ”
“ညီတင်ထားတဲ့စတေတပ်က ဘယ်သူ့ကိုပြောတာလဲ။ ဧကန္တ အစ်ကို့ကိုများ”
“ဟုတ်တယ်ဗျာ”
ထိုကောင်လေးကလည်း ရှင်းရှင်းပြတ်ပြတ်ပဲပြောချလိုက်သည်။
“ဘာပြောတယ်။ အစ်ကိုက နွဲ့တယ်ပေါ့ဟုတ်လား”
“ဟုတ်တာပေါ့။ ရုပ်ကလေးသနားကမားနဲ့ အပြုအစုကောင်းမယ်ထင်လို့ ဒိတ်လိုက်တာ။ အစ်ကိုပြုံးပြတာမြင်လိုက်ရုံနဲ့ စိတ်ပျက်သွားတယ်ဗျာ။ ဒါ့ကြောင် ပိုက်ဆံအိတ်မေ့ကျန်နေခဲ့ပြီလို့ ဆင်ခြေပေးလိုက်တာဗျ”
“မင်း လူကို စော်ကားမော်ကား”
ထိုက်ကြီးမှာတော့ ဒေါသတွေ အလိပ်လိပ်တက်လာသဖြင့် အသားတွေပင် တဆတ်ဆတ်တုန်လာတော့သည်။
“ကျုပ်က အမှန်အတိုင်းပြောတာပဲ။ အစ်ကိုက အမှန်ပြောရင် နာတယ်ထင်တယ်။ အဲ့တော့ ဘာလုပ်ချင်လဲပြောလဲ”
ထိုကောင်လေးက ရန်ပါတွေ့လာသဖြင့် ထိုက်ကြီး ပိုပိုပြီး ဒေါသထွက်လာရသည်။ အနားမှာသာရှိနေရင် တစ်မျက်နှာလုံးစုတ်ပဲ့သွားအောင်ပင် ထိုးပစ်လိုက်ချင်သည်။
“ငါ့ကိုသာပြောနေမင်းကတော့ မနွဲ့လို့လားကွ”
“ဘာ ဘာ ဘာ ကျုပ်က နွဲ့တယ်ဟုတ်လား။ ခင်များဗျာ။ သည်လောက်ကျားကျားလျားလျားပုံကြီးကိုတွေ့ထားတာတောင် နွဲ့တယ်လို့ ပြောပုံထောက်ရင် ခင်ဗျားမျက်လုံးက တစ်ခုခုချို့ ယွင်းနေတာပဲဖြစ်ရမယ်။ အေးပါ။ ခင်ဗျားကို နွဲ့တယ်လို့ပြောလို့ ပြန်ချေပတယ်လို့ပဲသဘောထားလိုက်ပါတော့မယ်။ တာ့တာ ဘလော့ပီ”
“နေဦး”
ထိုက်ကြီး ထိုကောင်လေးအား ပက်ပက်စက်စက်ဆဲမယ်လုပ်တော့ အစ်ကိုတစ်ယောက်ပြောခဲ့သော စကားများကို သတိရလိုက်မိသည်။
“အင်း ညီ့အမြင်မှာတော့ အဲ့လိုဟုတ်ချင်ဟုတ်မှာပေါ့။ ဒါပေမဲ့ သူများအမြင်မှာတော့ မသိမသာလေးနွဲ့ချင်နွဲ့နေမှာပဲလေ။ ဂေးလောကမှာ လုံးဝမနွဲ့ဘူးဆိုတာ သိပ်ကိုရှားတယ်ညီ”
ထိုအစ်ကိုပြောခဲ့သော စကားတွေများ မှန်နေလေပြီလား။ အခုထိုကောင်လေးအဖြစ်အပျက်နဲ့ ထိုက်ကြီး၏ အဖြစ်အပျက်တွေကလည်း ချွတ်စွပ်တူနေလေပြီ။ ထူးခန့်ပြောခဲ့သော စကားကိုလည်း သတိရလိုက်မိသည်။
“သည်လိုပြောကြေးဆို အစ်ကိုကတော့ မနွဲ့လို့လား”
ချက်ချင်း ထိုက်ကြီးလည်း မှန်ကြီးရှေ့ မှာ သွားရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်အသက်မပါစွာ ပြုံးပြလိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ငါလည်း နွဲ့နေပြီလား”
ဟုတ်ပေမည်။ ထူးခန့်နဲ့ ထိုက်ကြီးက အတူနေလာတာကြာခဲ့ပြီဆိုတော့ ထိုက်ကြီးမသိမသာလေးနွဲ့နေတယ်ဆိုရင်တောင် ထူးခန့်က ရိပ်မိနေပေလိမ့်မည်။ ထိုက်ကြီးရဲ့ မသိမသာလေး နွဲ့နေတဲ့အချက်ကို ထူးခန့်က သိလျှက်နဲ့ ချစ်စိတ်ကြောင့် ဖွင့်မပြောခဲ့တာလား။ ဒါမှမဟုတ် “ကိုယ်တောင်မှ နွဲ့နေသေးတာပဲ သူလည်း နွဲ့မှာပေါ့” ဆိုတဲ့ နားလည်ပေးတတ်တဲ့စိတ်ကြောင့်လား။ ထူးခန့်က ထိုက်ကြီးအပေါ်မှာ အများကြီး သည်းခံပေးခဲ့တာပါလား။ ထူးခန့်အပေါ် ရက်ရက်စက်စက်လုပ်ခဲ့သည့်အမှားများကိုပြန်မြင်ယောင်ကာ မျက်ရည်များက ကျလာသည်။
Xxxxxxxxxxxxxxxxxxx
“ဒေါက် ဒေါက် ဒေါက်”
တံခါးခေါက်သံကြောင့် ထူးခန့်တံခါးဖွင့်ပေးလိုက်တော့ အခင်ရဆုံးသူငယ်ချင်းနှစ်ယောက်ကိုတွေ့လိုက်၇သည်။
“ဟာ သူငယ်ချင်းတို့ပါလား။ ထူးထူးဆန်းဆန်းပဲ။ လာလည်တာလား။ လာလေအထဲဝင်ခဲ့”
ထူးခန့်က ဧည့်ဝတ်ကျေပွန်လိုက်သည်။
“ဘာသောက်မလဲ”
“သောက်ဖို့ဘာတွေ လုပ်မနေနဲ့။ သည်မယ် ငါ့သူငယ်ချင်းတစ်ယောက် နိုင်ငံခြားသွားနေတုန်း ပြန်လာရင် ၀ယ်ခဲ့လို့ မှာလိုက်တာ။ ဒေါက်ဖိနပ်လေးလေ။ ငါနဲ့ မတော်လို့ မင့်ကိုပေးမလို့”
“ဟင် ဒေါက် ဖိနပ်လေးပါလား။ လှလိုက်တာ. ”
ထူးခန့် ၀မ်းသာမှုနဲ့အတူ ချစ်သူရ အစ်ကိုထိုက်ကြီးရဲ့ မျက်နှာကို ပြေးမြင်ယောင်လိုက်တော့ မျက်နှာလေး ညညှိုးနွမ်းသွားသည်။
“ဟင်း တော်ပါပြီကွာ။ ငါ ဒေါက်ဖိနပ်မစီးတော့ဘူးလို့ ဆုံးဖြတ်ထားတာ”
“ဟာကွာ မင်းကလည်း ငါနဲ့မတော်လို့ ပေးတာကြောင့် စေတနာမပါလို့လို့ သဘောထားတာလား”
“အဲ့လိုမဟုတ်ပါဘူးကွာ”
“ဒါဆိုယူ မနက်ဖြန်နိုက်ကလပ်သွားကဲမလို့။ နိုက်ကလပ်က နှစ်ပတ်လည်နေ့တဲ့ကွ။ ငါတို့လိုဂေးတွေအတွက် သီးသန့်ပဲကွာ။ စိတ်ညစ်တယ်ကွာ။ နှစ်ပတ်လည်မှာ စီးဖို့ဆိုပြီးမှာလိုက်ပါတယ်။ ငါနဲ့ မတော်ဘူးတဲ့။ ရှိတဲ့အဟောင်းကို စီးရတော့မယ်။ တကယ်စိတ်ညစ်တယ်။ ယူပါ။ မယူလို့ကတော့ သေခန်းပြတ်ပဲကြားလား”
“အဲ့လိုမပြောပါနဲ့ကွာ”
“ယူလိုက်ပါထူးရာ။ ငါနဲ့လည်း မတော်ဘူး။ မင်းကလည်း မယူဘူးဆိုတော့ လွှင့်ပစ်ရမဲ့ကိန်းဆိုက်နေပြီ။”
ဘေးက သူငယ်ချင်းကလည်း ပြောလာသည်။
ဆက်ပါအုံးမည်...........
