စာရေးဆြာ d@vid ရေးသားတင်ဆက်သည်။
“ဒါနဲ့ မင်းက နိုက်ကလပ်ကို မလိုက်ဘူးလို့တော့ မပြောပါဘူးနော်”
“အင်း .. ဘယ်လိုပြောရမလဲ”
“မင်းထိုက်ကြီးက မကြိုက်ဘူးဆိုတဲ့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်ပြဦးမလို့လား။ သည်လို ဂေးဖြစ်ပြီး ဂေးအကြောင်းမသိတဲ့ လူ့ဂွစာကြီးကို မေ့ပစ်လိုက်စမ်းပါကွာ”
“သူကလွဲလို့ ဘယ်သူ့ကိုမှ မှမချစ်နိုင်တော့ ဘယ်လိုမေ့ပစ်ရမလဲ”
“မဖြစ်နိုင်တော့တဲ့သူကို သတိရနေတာ စိတ်ပင်ပန်းပါတယ်ကွာ။ စိတ်ပြေလက်ပျောက်နဲ့ နိုက်ကလပ်သွားကဲကြတာပေါ့”
“အင်း အေး အေးပါ”
ထူးခန့်လည်း မတတ်သာတော့သည့်အဆုံး လက်ညိတ်လိုက်ပြီး ဒေါက်ဖိနပ်လေးကို စီးကြည့်လိုက်တော့ အတော်ပဲဖြစ်သွားသည်။
Xxxxxxxxxxxxxxxxxxxxxx
Facebook တွင် နိုက်ကလပ်နှစ်ပတ်လည်နေ့မို့ ဂေးများအတွက် သီးသန့် အခမဲ့ လာရောက်လည်ပတ်စားသောက်ပျော်ပါးနိုင်ကြောင်း ကြော်ငြာလေးကို ထိုက်ကြီးတွေ့လိုက်ရသည်။ ထိုကလပ်တွင် ထူးခန့်လည်ပတ်ဖူးတာသတိရလိုက်သည်။ သည့်ကြောင့် အထူးနေ့မို့ ထူးခန့်လာလိမ့်မည်ဟု ထင်မိသည့်အတွက် ထိုက်ကြီးသွားဖြစ်အောင်သွားခဲ့သည်။
Xxxxxxxxxxxxxxxxx
နိုက်ကလပ်တွင်းထဲ ရောင်စုံမီးပန်းများနဲ့ လှပနေသည်။ ကာလာစုံဂေးတွေကြားထဲ ထူးခန့်ရှိလေမလားဆိုပြီး ထိုက်ကြီးဟိုသည်လှည့်ပတ်ရှာလိုက်သည်။
ထူးခန့်ကတော့ ပျော်ရွှင်နေသူတွေကြားထဲ မပျော်နိုင်ရပဲ ဘားတန်းလေးမှာ အရက်သောက်ရင်း ဖုန်းထဲက ချစ်ရသူထိုက်ကြီးရဲ့ ဓာတ်ပုံလေးများကို ငေးကြည့်နေသည်။
ဘားတန်းတစ်နေရာတွင် ငုတ်တုတ်ထိုင်နေသူဟာ ထူးခန့်များလားဆိုပြီး သွားကြည့်လိုက်သည်။
“ဟကောင်ထူး။ ဘာထိုင်လုပ်နေတာလဲ။ လာပါ ပျော်ပျော်နေစမ်းပါ။ ငါတို့နဲ့တွဲကမယ်။”
သူငယ်ချင်းတစ်ယောက်က လက်ဆွဲခေါ်လို့ မတ်တပ်ရပ်လျှက်ဖြစ်သွားတော့ ထိုက်ကြီးနဲ့ မျက်လုံးချင်းဆုံသွားရသည်။ မထင်မှတ်ပဲ အစ်ကို့အား တွေ့ရသောကြောင့် ထူးခန့်အလွန်ပျော်ရွှင်သွားရကာ ကိုယ်ဒေါက်ဖိနပ်စီးထားမှန်း သိလိုက်ရသဖြင့် အောက်သို့ငုံ့ကြည့်လိုက်မိသည်။ အပျော်တွေ ချက်ချင်း လွင့်ပျောက်သွားရသည်။ ထူးခန့် မခံစားနိုင်တော့တာကြောင့် သန့်စင်ခန်းရှိရာဆီ ပြေးသွားလိုက်ပြီး တရှိုက်ရှိုက် ငိုကျွေးလိုက်သည်။
“ညီ”
နောက်မှ အစ်ကိုထိုက်ကြီးရဲ့ ခေါ်သံကို ထူးခန့်ကြားလိုက်ရသည်။ သို့ပေမဲ့ မဖြစ်နိုင်မှန်းသိတာကြောင့် ထူးခန့်လှည့်မကြည့်ပဲနေလိုက်သည်။ ထိုစဉ်မှာပဲ ပုခုံးအား လာကိုင်ရင်း “ညီ” လို့ ခေါ်သံ ထပ်ဆင့်ကြားရတော့ ထူးခန့်မယုံကြည်နိုင်စွာပဲ မော့ကြည့်လိုက်ရသည်။ တကယ်ပဲ အစ်ကို့ရဲ့မျက်နှာလေးကို တေါ့လိုက်၇သည်။
“ညီ..”
လို့ ထိုက်ကြီးက ရွှန်းဝေနေသော အပြုံးလေးနဲ့ ခေါ်လိုက်သည်။
“အစ်ကိုလား”
“အင်း”
“ညီ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူး။ တကယ် ညီ့ရှေ့ မှာ အစ်ကိုရောက်နေတာပါ”
“ဒါ ဒါဆို အစ်ကိုက ညီ့ဆီပြန်လာမလို့လားဟင်”
“ညီလာစေချင်ရင် လာမယ်လေ”
“တကယ်”
ထူးခန့် ၀မ်းသာစွာ ပွေ့ဖက်လိုက်မယ်လုပ်တော့ ဒေါက်ဖိနပ်စီးထားမှန်း သိလိုက်ရသဖြင့် အလျင်အမြန်ချွတ်ပစ်လိုက်သည်။ ထူးခန့်အပြုအမူကို ထိုက်ဘကီးမြင်လိုက်ရတော့ နားလည်စွာနဲ့ ပြုံးပြလိုက်ရင်းကုန်းထိုင်လိုက်သည်။
“ဟို ဟိုလေ အဲ့ဒါက သူငယ်ချင်းတွေက အတင်းစီးခိုင်းလို့ပါ။ တကယ်ပါ။ သူငယ်ချင်းတွေက အတင်းစီးခိုင်းလို့ပါအစ်ကို”
ထိုက်ကြီးက ထူးခန့်ခြေတစ်ဖက်ကို မပြီး ဒေါက်ဖိနပ်လေးကို ဆက်လက်စီးစေလိုက်သည်။
“အခုအချိန်ကစပြီး ညီလုပ်ချင်တာအကုန်လုပ်ပါ။ အစ်ကို ခွင့်ပြုတယ်။ အစ်ကို အတွေးတိမ်ခဲ့တယ်။ အစ်ကိုတောင်းပန်ပါတယ်ညီ”
အစ်ကို့မျက်နှာကိုသာ ထူးခန့် စိုက်ကြည့်နေမိသည်။
“အစ်ကိုလည်း အခု ဒေါက်ဖိနပ်စီးချင်လာပြီ။ သည်မယ်ကြည့်”
ထိုက်ကြီးက ခြေတစ်ဖက်ကို မြှောက်ပြလိုက်တော့ အနက်ရောက်ဒေါက်ဖိနပ်လေးကို စီးထားသည်ကို တွေ့လိုက်ရသည်။ ထူးခန့်မနေနိုင်တော့ပဲ လွှားကနဲ့ တစ်ချက်ခုန်ကာ အစ်ကို့အား ပွေ့ဖက်လိုက်သည်။ ထိုက်ကြီးကလည်း ပြန်လည်ပွေ့ဖက်ကာ ထူးခန့်ကိုယ်လေးကို ပတ်ချာလှည့်လိုက်သည်။
“ညီ့ကို ချစ်တယ်”
ထူးခန့်၏ နှုတ်ခမ်းလေးကို၊ ထိုက်ကြီးရဲ့ နှုတ်ခမ်းလေးကို ကြင်နာစွာ စုပ်နမ်းလိုက်သည်။
ပြီးပါပြီ။ နှလုံးသားရှိသူတိုင်း ခံစားတတ်ပါစေ။

