ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

ပင်လယ်စာကင်မ်ချီဟင်းရည်

ကင်မ်ချီအရသာချဉ်ချဉ်လေးနဲ့ ပဲပြားအိအိလေးနဲ့ အ၇မ်းကိုသောက်လို့ ကောင်းတဲ့ ဟင်းရည်လေးပါ။ ချက်ပြီးပြီးချင်းစားလျှင် ပိုကောင်းပါသည်။

ပါဝင်သောပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာပင်လယ်စာ(ပုဇွန်၊ ပြည်ကြီးငါး၊ ဂဏာန်းအချောင်း) - တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံး
၂။ ကင်မ်ချီ - တရုတ်ထမင်းစားပန်းကန်လုံး တ ၀က်
၃။ နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ ကိုရီးယားငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မရှိလျှင် အေ၇ာင်တင်မှုန့် ထည့်ပါ။)
၅။ ကင်မ်ချီအချဉ်ရည်- ထမင်းစားဇွန်း ၄ ဇွန်း
၆။ ကိုရီးယားငရုတ်သီးအနှစ်(ပုံတွင်ပြထားသော) -လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ကိုရီးယားပဲငပိအနှစ်(ပုံတွင်ပြထားသော)- လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ (မရှိလျှင် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ)
၈။ သကြား -လက်ဖက်ရည်ဇွန်း တ ၀က်
၉။ ကြက်ဥ - ၁ လုံး
၁၀။ ပဲပြားအပျော့ - တရုတ်ထမင်းစားပန်းကန်လုံး သုံးပုံ တပုံ
၁၁။ ကြက်သွန်မြိတ်- အနည်းငယ်
၁၂။ ရေ - တရုတ်ထမင်းစားပန်းကန် ၁ လုံး ခွဲ

ပြုလုပ်နည်း
၁။ ပင်လယ်စာများကို ရေစေးရ်ျ အတုံးလေးတွေတုံးထားပါ။ ကင်မ်ချီကို လက်မ၀က်အ၇ွယ် တုံးထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ ရေထဲတွင် ငရုတ်သီး အနှစ်နှင့် ပဲငပိ အနှစ်ကိုဖျော်ထားပါ။
၂။ ဟင်းရည်လုပ်မည့် အိုးထဲတွင် နှမ်းဆီ နှင့် ငရုတ်သီးမှုန့် ကို အ၇င်လှော်ပါ။ အိုးကိုအ၇င် အပူမပေးရပါ။ ငရုတ်သီး မှုန့် များ တူးတွားတပ်ပါသည်။
၃။ ပြီးလျှင် ကင်မ်ချီကိုထည့်ပါ။ ငရုတ်သီးအနှစ်နှင့်ပဲငပိကိုဖျော်ထားသောေ၇၊သကြား၊ ကင်မ်ချီအချဉ်ရည် တို့ ကိုထည့်ပါ။
၎။ အ၇သာမြည်းကြည့်ရ်ျပေါ့နေလျှင် ပဲငပိပိုထည့်ပါ။ ပြီးလျှင် ပင်လယ်စာများကိုထည့် ရ်ျ ၃ မိနစ်ခန့် တည်ပါ။
၅။ ပဲပြားများကို နောက်ဆုံးထည့်ရ်ျ မီးဖိုပေါ်မှချပါ။
၆။ ပန်းကန်ထဲကဟင်းရည် ပူပူထဲတွင် ကြက်သွန်မြိတ်ထည့် ကြက်ဥကိုဖောက်ထည့်ပြီး မွှေလိုက်ပါ။ သုံးဆောင်နိုင်ပါပြီ။

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5ml)

BY--Ei San's Homemade Inspiration

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks