ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

ပုဇွန် / ဂဏာန်း ဟင်း (cajun style)

ဒီနိုင်ငံမှာ နာမည်ကြီးတဲ့ Cajun Style ချက်ထားတဲ့ ဟင်းပါ။ Boiling Crab ဆိုတဲ့ ဆိုင်မှာ သွားစားရင် ၁ နာရီ လောက် တန်းစီပြီးစောင့်ရတယ်။ စပ်စပ်လေးမို့ လူကြိုက်များပြီး မြန်မာပါးစ
ပ်နဲ့ လဲ အရမ်းကိုက်ပါတယ်။ ဒီနည်းကို အမကြီးတယောက်က ပေးလို့ အိမ်မှာ ခဏခဏလုပ်စားဖြစ်တယ်။ အဲဒီ ဟင်းထဲထည့်တဲ့ အမှုန့် ကို လူကြုံနဲ့ မှာလို့ ရရင်တော့ ပိုကောင်းပါတယ်။ အဲဒီ အမှုန့် ထဲမှာ အနံ တွေ အကုန်ပါလို့ ပါ။ သေးသေးလေးတထုပ်ကို အခါ ၂၀လောက်လုပ်စားလို့ ရပြီး အလေးချိန်ကလဲပေါ့ပေါ့လေး ဈေးလဲသက်သာလို့ လူကြုံရှိရင်မှာကြည့်လိုက်နော်။ အဲဒီ အထုပ်မရှိရင် အခြားအစားထိုးနည်းနဲ့ လဲချက်လို့ ရပါတယ်။ အချိန် ခဏလေးအတွင်းမှာ ချက်ပြီးနိုင်တဲ့ ဟင်းပါ။ ဆိုင်တွေက ချက်ရင်ထောပတ်ပဲ သုံးပါတယ်။ အိစံကတော့ ထောပတ်နဲ့ ဆီနဲ့ ကို ရောသုံးပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ ပုဇွန် - ၂၅ ကျပ်သား (သို့ ) ၁ ပေါင် (ခေါင်းပါသောပုဇွန် ကိုသုံးလျှင် ပိုစားကောင်းပါသည်။)
(သို့ )
ဂဏာန်း - ၂ကောင်
၂။ Louisiana seafood mix (Comment ပုံမှာပါသောအထုပ်မှ) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(မရှိလျှင်)
ဆား -လက်ဖက်ရည်ဇွန်း လေးပုံ ၃ပုံ နှင့် ကြက်သွန်ဖြူ မှုန့်  -လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၃။ ငရုတ်ဆော့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါသည်။)
၎။ အရောင်တင်မှုန့် (paprika) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ကြက်သွန်ဖြူ - ၃ တက် (တောက်တောက်စင်းထားပါ။)
၆။ သံပုရာသီး - ၁ ခြမ်း
၇။ ထောပတ် - ထမင်းစားဇွန်း ၈ ဇွန်း

ပြုလုပ်နည်း
၁။ ပုဇွန်/ ဂဏာန်း များပြုတ်ရန် အိုးကြီးကြီး တလုံးမှာ ရေနွေးအိုးတည်ပါ။ ရေနွေးအိုးထဲတွင် သံပုရာသီး အ၀ိုင်းလိုက် ၃ ခုလောက်ကို ထည့်ရ်ျ တည်ပါ။
၂။ ရေနွေး ပွက်လာလျှင် ပုဇွန်များကို ထည့်ရ်ျ ၃ မိနစ်ခန့် ပြုတ်ပါ။ (အချိန်ပိုပြုတ်လျှင် စားလို့ မကောင်းပါ။)
ဂဏာန်းကို တော့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ဂဏာန်းများကို ခွာရ်ျ သန့် ၇ှင်းထားပါ။
၃။ ပြုတ်ပြီး သား ပုဇွန်/ ဂဏာန်းများကိုအိုးထဲမှ ဆယ်ပါ။ (သံပုရာသီးအဖတ်များပါဆယ်ပါ။) (ပြုတ်ထားသော အရည်များကို မသွန်ပစ်ပါနဲ့ )
၎။ အနှစ်လုပ်မည့် အိုးထဲတွင် ထောပတ်ကို ထည့်၊ ထောပတ်အရည်ပျော်ရင် ကြက်သွန်ဖြူကိုဆီသတ်ပါ။ အနံ မွှေးရုံ ဆီသတ်ပါ။ (ကြက်သွန်ဖြူများတူးသွားရင်စားမကောင်းပါ။) ကြက်သွန်ဖြူအနံမွှေးလာလျှင် မီးဖိုမီးကို ပိတ်ပြီး င၇ုတ်ဆော့၊ အေ၇ာင်တင်မှုန့် ၊ Louisiana seafood mix (သို့ ) ဆားနှင့် ကြက်သွန်ဖြူအမှုန့် တို့ ကို ထည့်ရ်ျ သမအောင်မွှေပါ။ ထို့ နောက် ပြုတ်ထားသော ပုဇွန်/ ဂဏာန်း ကိုထည့်ရ်ျ မီးဖိုပေါ်တွင်ပြန်တည်ပါ။ ပြုတ်ထားသော အရည် ၁ ခွက်ကို ယူရ်ျ ထည့်ပါ။ ၂ မိနစ်လောက် သမအောင်မွှေပြီးလျှင် မီးဖိုပေါ်မှ ချရ်ျ သုံးဆောင်နိုင်ပါသည်။
အနံအရမ်းမွှေးပြီး စပ်စပ်နဲ့ အရမ်းစားကောင်းတဲ့ ပုဇန်/ ဂဏာန်းဟင်းပါ။
( ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


BY--Ei San's Homemade Inspiration

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks