ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

ငါးဖယ် ပုဇွန်ပေါင်း

ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူနဲ့ စားလို့ အရမ်းကောင်းတဲ့ ငါးဖယ် ပုဇွန်ပေါင်းပါ။ ကလေးကော လူကြီးကော ကြိုက်ပြီး အရွက်လေးပါ ပါလို့ ကျန်းမာရေးနဲ့ လဲ ညီညွတ်ပါတယ်။ လုပ်စားကြည့်ကြနော်။

ပါဝင်သောပစ္စည်းများ

၁။ ငါးဖယ် - ၁၀ သား
၂။ ပုဇွန် - ၁၀ သား
၃။ ယိုးဒယားငံပြာရည် (သို့ ) မြန်မာငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ ဂျူး မြိတ် (ခုချိုင်) - လက်ဖက်ရည်ပန်းကန် တလုံးစာ (ကြိုက်လျှင် ပိုထည့်နိုင်ပါသည်။) (ဂျူးမြိတ်ဆိုတာ အစိမ်းရောင် မြက်ပင်နဲ့တူတဲ့ဟာပါ ။ ဂျူးမြစ်မဟုတ်ပါ)
၅။ ကြက်သွန်မြိတ် - ၁ ပင် (အစိမ်းရောင်အပိုင်းကိုပဲယူပါတယ်။)
၆။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ပြုလုပ်နည်း
၁။ ပုဇွန်ကို အခွံခွာ ခေါင်းဖယ်ပြီးတော့ တောက်တောက်ဆင်းထားပါ။ ဂျူးမြိတ် နှင့် ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။
၂။ ဇလုံ တခုထဲတါင် ပါဝင်သောပစ္စည်းများအားလုံးကိုထည့်ရ်ျ နှံ့ အောင်နယ်ပါ။
၃။ စတီးချိုင့် (သို့ ) ကြွေပန်းကန်ပြားထဲတွင် နယ်ထားသော အသားများကို ဖိရ်ျ ထည့်ပါ။ ငါးဖယ်ကို ကျစ်ကျစ်ကလေးစားချင်ရင် အသားများအပေါ်တွင် ပလပ်စတစ် တခုကို ဖုံးရ်ျ ငရုတ်ဆုံဖြင့် ၁ နာရီခန့် ဖိထားပါ။
၎။ ပြီးလျှင် ပလက်စတစ်နှင့် ငရုတ်ဆုံကိုဖယ်ရ်ျ ပေါင်းမည့်အိုးထဲတွင် ၁ နာရီခန့် ထည့်ပေါင်းပါ။အသား ကျက်လျှင် အအေးခံရ်ျ အတုံးလေးများလှီးပါ။ သုံးဆောင် နိုင်ပါပြီ။


BY Ei San's Homemade Inspiration

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks