ထွားထွားကြီး ၀ယ်ယူရန် လိပ်စာများ ကလစ်ထောက်ပြီးကြည့်ရှုပါ

MH370 လေယာဉ် ပျောက်ဆုံးမှုတွင် အဓိက သံသယရှိသူ တစ်ဦးအဖြစ် လေယာဉ်မှူး ဇာဟာရီ အာမက်ရှားကို မလေးရှား ရဲတပ်ဖွဲ့က သတ်မှတ်စုံစမ်းနေကြောင်း သိရှိရသည်။
မလေးရှား လေကြောင်းလိုင်း၏ အသက်(၅၃)နှစ်အရွယ် လေယာဉ်မှူးသည် လေယာဉ်မပျောက်ဆုံးမီကတည်းက ၎င်း၏ ဒိုင်ယာရီကို ရှင်းလင်းပယ်ဖျက်ထားသလို လူမှုရေးနှင့် အလုပ်အကိုင် နယ်ပယ်မှ ဆက်နွယ်မှုများကိုလည်း ဖယ်ရှားထားခဲ့ကြောင်း ရဲများက ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါ အခြေအနေသည် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အခြားသော အမှုထမ်းများနှင့် သိသာစွာ ကွဲပြားနေကြောင်း သိရသည်။
မတ်လ(၈)ရက်နေ့ ကတည်းက လူပေါင်း(၂၃၉)ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် လေယာဉ်နှင့် ပတ်သက်ပြီး စက်ချွတ်ယွင်း ပျက်ကျသွားသည်ဟု ယူဆထားသော်လည်း လူတစ်ဦးဦး၏ စနက်ကြောင့်ဖြစ်စေ၊ အကြမ်းဖက်မှုကြောင့်ဖြစ်စေ ဖြစ်နိုင်ကြောင်း ကောက်ချက်များကိုလည်း မလေးရှား စုံထောက်များက မစွန့်ပစ်သေးချေ။
အဆိုပါ အချက်အလက်များသည် လေကြောင်းပျံသန်းမှုဆိုင်ရာ စက်မှုလုပ်ငန်းများမှ သတင်းရင်းမြစ်များနှင့် အရှေ့တောင်အာရှ နိုင်ငံ၏ စုံစမ်းရေး အရာရှိ အချို့ထံမှ စတင်ပေါက်ကြားလာခြင်းဟု ဆိုသည်။
အမေရိကန်မှ လေယာဉ်မှူးဟောင်း တစ်ဦးလည်းဖြစ်၊ လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးလည်းဖြစ်ပြီး Aviation International News Safety မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ယူထားသည့် ရောဘတ်မတ်ခ်က “ခုအတိုင်းဆိုရင်တော့ လေယာဉ်မှူးကို လက်ညှိုးထိုးချင်စရာ အခြေအနေတွေ ပိုများလာပြီပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။
မလေးရှားမှ ထောက်လှမ်းရေး အရာရှိများသည် လေယာဉ်ပျောက်ကွယ်သွားသည့် ကာလအတွင်း အနည်းဆုံး လူပေါင်း(၁၇၀)မျှကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
လေယာဉ်မှူး အာမက်ရှားသည် ကလေး(၃)ဦး၏ ဖခင်ဖြစ်ပြီး မိသားစုနှင့် ပြဿနာအချို့ ရှိခဲ့ကြောင်း သိရသည်။ ၎င်းသည် မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို အလေးအနက် ထောက်ခံသူလည်း ဖြစ်သည်။ အီဘရာဟင်သည် Boeing 777-200 အမျိုးအစား လေယာဉ်ကြီး ပျောက်ဆုံးမသွားမီ နာရီပိုင်းမျှ အလိုက လိင်တူဆက်ဆံမှု စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
အစောပိုင်းက စုံထောက်များသည် အာမက်ရှား၏ နေအိမ်၌ Flight Simulator တစ်ခုကို အသုံးပြု ဖန်တီးထားသည့် ပျံသန်းမှု လမ်းကြောင်းမြေပုံ တစ်ခုကိုလည်း တွေ့ရှိထားပြီး ယင်းသည် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ လူသူအရောက်အပေါက် နည်းပါးသော ကျွန်းငယ်တစ်ခုသို့ ဦးတည်နေကြောင်း သိရှိရသည်။
အာမက်ရှား၏ ဆွေမျိုးများကမူ လေယာဉ်၏ သေတ္တာနက်ကို ရှာမတွေ့မချင်း အမှန်တရားကို ဖော်ထုတ်နိုင်မည် မဟုတ်ဟု ဆိုသည်။ မလေးရှား ပို့ဆောင်ရေး ဝန်ကြီးအဖြစ် ကြားဖြတ်တာဝန်ယူထားသည့် ဟီရှမ်မူဒင် ဟူစိန်ကမူ ယခုကဲ့သို့ သတင်းပေါက်ကြားမှုများအတွက် ဝေဖန်ပြစ်တင်ခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကမူ “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ခြေရှိတဲ့ ရှုထောင့်အားလုံးကနေ စဉ်းစားရမှာပဲလေ”ဟု ကာကွယ်ပြောကြားထားသည်။
_Ref: Mirror
အထူးသတင်း....
မြန်မာနိုင်ငံ ရဲ့ဒုတိယမြောက် homo စုံတွဲ
မင်္ဂလာ ဆောင်ကို မန်းလေး မြို့တွင်ကျင်းပ
ပြုလုပ်သွားမည်ဖြစ်သဖြင့် သတို့သားအရံ5ံ
လိုနေ၍ စိတ်ပါဝင်စား ပါဝင်ကူညီပေးချင်သူ
မန်းလေးသားများ ကို Thu Ta Aung Chatbox
တွင်လာရောက်စာရင်းပေးကြပါရန် .......
ပွဲက၃ပွဲလုပ်မှာပါ မင်္ဂလာ ဆွမ်းကျွေး..
ဧည့်ခံပွဲ.....Dinner ပွဲအတွက်ပါဝတ်စုံကတော့ စပွန်ဆာလားဘာလား
သိချင်ရင် ကိုသုတအောင်ကိုပဲမေးကြည့်ပါ
Hmတို့ရဲ့ဒုတိယခြေလှမ်း........
အားပေးလိုက်ကြရအောင်သယ်ချင်းတို့...


သုတအောင်ဖေးဘုတ်စာမျက်နှာ 
ဓာတ်ပုံ−အေးဇော်မိုး(စက်မှု)
ဇွန်လ ၁၅ ရက်သည် နိုင်ငံတကာ  အဖေများနေ့ဖြစ်သောကြောင့် အနုပညာရှင်များ အပါအ၀င် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက ၎င်းတို့၏ အဖေများနှင့် ပတ်သက်၍ အမှတ်တရစကားများ၊ ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဖော်ပြကာ ဂုဏ်ပြုထားကြသည်။ ထို့ကြောင့် အနုပညာရှင်များထဲမှ ဖခင်နေရာသို့ရောက်ရှိနေသော ဂီတအနုပညာရှင် အမျိုးသားငါးဦးအား အဖေများနေ့နှင့် ပတ်သက်သည့် အမှတ်တရ အကြောင်းအရာများကို မေးမြန်း ဖော်ပြလိုက်ပါသည်။
စည်သူလွင်
အလုပ်အားတဲ့ မအားတဲ့ အပေါ်မှာတော့ မူတည်တယ်။ ကျွန်တော်တို့ အလုပ်က အချိန်ရွေးပြီးလုပ်လို့ရတဲ့ အလုပ်မဟုတ်တော့ ဒီနေ့ကို သီးသန့်အားထားလို့လည်းမရဘူး။ အဓိကကတော့ ဒီနေ့ကို ရင်ထဲမှာရှိရင် ပြီးတာပါပဲ။ ကိုယ်ဆိုရင် ကိုယ့်သားလေး လိုအပ်တာတွေကို ဖြည်းဆည်းပေးဖို့ ပေးဆပ်တဲ့ နေရာကနေ နေရတယ်။ အဲဒီလိုပဲ ကိုယ့်တုန်းကလည်း မိဘတွေက ဒီလိုပဲဖြစ်ခဲ့မှာပဲဆိုပြီး သတိတရဖြစ်တယ်။ အဲဒီတော့ ပိုပြီးတော့လည်း တန်ဖိုးထားလာတယ်၊ ပိုပြီးတော့ လေးစားတတ်လာတယ်။ ကိုယ့်သားက အရမ်းငယ်သေးတာဆိုတော့ သူ့အသက်အရွယ်နဲ့ လိုက်ဖက်တာတွေ အကုန်လုံးကိုတော့ ဖြည့်ဆည်းပေးဖြစ်တယ်။
ရန်ရန်ချန်း
ကျွန်တော်အဖေဖြစ်လာတဲ့ သက်တမ်းကတော့ တော်တော်နုပါသေးတယ်။ ဒီနှစ်ကတော့ ဒုတိယနှစ်အဖြစ် ကျရောက်တဲ့နှစ်၊ ကျွန်တော်တို့အတွက်ကတော့ ဒီအချိန်မတိုင်ခင် တစ်လ၊ နှစ်လလောက်ကတည်းက ဓာတ်ပုံတွေ ရိုက်ဖြစ်ပြီး အဖေများနေ့ကြိုဖြစ်နေကြတာ။ ဒီနေ့ကျတော့ သားနဲ့ ရိုက်ထားတဲ့ပုံလေးတွေ လှမ်းပို့ပေးကြတယ်။ အခုက သားတစ်ယောက်အနေနဲ့ရော၊ အဖေတစ်ယောက်အနေနဲ့ရော နှစ်မျိုးစလုံးကို ခံစားမိနေတယ်။ ဒီခံစားမှုနှစ်ခုက ကွာခြားမှုတွေတော့ရှိတယ်။ သားတစ်ယောက်အနေနဲ့ ငယ်ငယ်တုန်းကဆိုရင် ပြဿနာမရှိဘူး လေ။ ကြီးလာတဲ့ အချိန်မှာတော့ မိဘတွေကို ပြန်တာဝန်ယူရမယ့် အပိုင်းတွေရှိတယ်။ အဲဒီလိုပဲ အခုကျွန်တော်က အဖေလည်း ဖြစ်နေပြီ၊ သားအတွက်လည်း တာဝန်ယူရမယ်ဆိုတော့ တာဝန်နှစ်မျိုးလိုဖြစ်နေတယ်။ ဒီနေ့ ကျွန်တော် နေမကောင်းဖြစ်နေပေမယ့် သားက ကျွန်တော်နဲ့ပဲ ဆော့တာဆိုတော့ သူနဲ့ လိုက်ဆော့ပေးရတယ်။ ဒီနေ့တစ်နေ ကုန်သူ့ကိုပဲ အချိန်ပေးနေရတယ်။
ဖိုးကာ
အဖေများနေ့မှာ ထူးထူးခြားခြားတော့ မဖြတ်သန်းဖြစ်ပါဘူး။ သားတစ်ယောက်အနေနဲ့ ဖြတ်သန်းမှုကတော့ မိဘတွေအတွက် လုပ်ပေးရမယ့် အရာတွေကို ကျွန်တော် တော်တော်များများလုပ်ခဲ့ပါတယ်။ ဒီအတွက်လည်း ပြန်အမှတ်ရပြီး စိတ်ကျေနပ်မှုရှိပါတယ်။ အခုကိုယ်မိဘနေရာ ရောက်တဲ့ အခါကျတော့လည်း သားသမီးတွေအတွက် ဒီလိုနေထိုင်ခဲ့ပါတယ်။ သားရှေ့မှာ ထိန်းချုပ်ပြီးနေရတာမျိုးတွေ မရှိပါဘူး။ အဖေများနေ့နဲ့ ပတ်သက်လို့ ထူးထူးခြားခြားအမှတ်တရ မရှိပါဘူး။ အွန်လိုင်းတွေ၊ ဖေ့စ်ဘွတ်ခ်တွေ ဖြစ်ပြီးတော့မှပဲ အဖေများနေ့ကို သိခွင့်ရတာပေါ့။
ဟဲလေး
အစ်ကိုကတော့ သတ်မှတ်ထားတဲ့ အဖေများနေ့ဆိုတာထက်ကို အမြဲတမ်း ကိုယ်အဖေ့ပေါ်မှာ တာဝန်ကျေအောင် ကြိုးစားတယ်။ ကိုယ့်သားလေးနှစ်ယောက်အပေါ်မှာလည်း အဖေတာဝန်ကျေအောင် ကြိုးစားတယ်။ ကွာခြားမှုက အစ်ကိုက ငယ်ငယ်ကတည်းက မိဘကို သိပ်ပြီး မချွဲတတ်ဘူး။ လူကြီးဆန်ဆန်ပဲနေတတ်တဲ့အခါကျတော့ အခု ကိုယ် လူကြီးလိုနေရတဲ့ အချိန်မှာလည်း ခံစားမှုက အရမ်းကြီးကို မပြောင်းလဲသွားပါဘူး။ အခုတော့ တာဝန်က နှစ်ခုပေါ့။
ကိုယ့်မိဘကို တာဝန်ကျေရသလို  အခုအဖေတစ်ယောက်ဖြစ်လာတဲ့အချိန်မှာလည်း တာဝန်ကျေရတာပေါ့။ ကိုယ့်ဘ၀အတွက် စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး သင်ကြားပေးတယ်။ အချိန်ကို တန်ဖိုးရှိစွာ တိတိကျကျအသုံးချ ဖို့ အဖေက ဆုံးမပေးတယ်။ ဘ၀မှာ အဖေက ဂစ်တာတီးသင်ပေးခဲ့တယ်။ ဒါတွေက အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ အမွေလေးတွေပေါ့။ သားနှစ်ယောက်အတွက် အဖေများနေ့မှာ လုပ်ပေးမယ်ဆိုတာထက် သူတို့လည်း အချိန်ရရင် ကိုယ်လည်းအချိန်ရတဲ့အခါမျိုးမှာ အတတ်နိုင်ဆုံး ဖခင်တစ်ယောက်အနေနဲ့ သူတို့ပျော်ရွှင်၊ စိတ်ချမ်းသာမယ့်ဟာတွေ လုပ်ပေးပါတယ်။ ဒီလိုနေ့မျိုးမှာ ကျွန်တော်မအားတော့ အချိန်မပေး ဖြစ်ဘူး။
Rဇာနည်
အဖေများနေ့မှာ တခြားအလုပ်လည်းမရှိဘူး။ ညနေကျမှ ညစာစားပွဲတစ်ခု  သွားမယ်ဆိုတော့ တစ်နေကုန် အိမ်ကသားနဲ့ပဲနေတယ်။ သူရဲ့ ဝေယျာဝေစ္စတွေ လုပ်ပေးရတာပေါ့။ အရင်တုန်းက ကိုယ်က အဖေနေရာမှာ မဟုတ်ဘူးလေ။ သားနေရာမှာဆိုတော့ ဘာမှထွေထွေထူးထူး မရှိဘူး။
ပေါ့ပေါ့ပါးပါးနဲ့ ကလေးတစ်ယောက်လို ဖြတ်သန်းလာတယ်။ အခု အဖေနေရာမှာဖြစ်တဲ့အခါကျတော့ ကိုယ့်သားသမီးအတွက် စိုးရိမ်ပူပန်တာတွေ ပိုလာတာပေါ့။ ကျွန်တော်တို့ လူပျိုတုန်းကတော့ မသိဘူး။ ဒီလို အဖေများနေ့တွေ ဘာတွေ ခေတ်စားသေးတာမဟုတ်ဘူး။ ဖစ်ဖစ်တုန်ရပြီးတော့မှ ဒီအဖေများနေ့ဆိုတာ ခေတ်စားလာတဲ့ သဘောရှိတယ်။ မြန်မာတွေအနေနဲ့ ဒီဓလေ့ကို ကျင့်သုံးတဲ့ သဘောရှိတယ်။ ဘာတွေ အမှတ်တရဖြစ်လဲဆိုတော့ အဖေများနေ့မတိုင်ခင်  သားနဲ့ ဓာတ်ပုံရိုက်တာတွေလုပ်ရတာက အမှတ်တရပေါ့။
ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော နိုင်ငံတကာမောင်ပြိုင်ပွဲ Mister Global 2014 တွင် အမြင့်ဆုံးဆု ဆွတ်ခူးရရှိခဲ့သော်လည်း နှစ်လကျော်ကြာသည်အထိ ဆုကြေးငွေ ဒေါ်လာ သုံးထောင် ရရှိခြင်း မရှိသေးကြောင်း ဆုရှင် မာကို (ခ) မြတ်သူရလွင်က ပြောသည်။
‘‘ဆုကြေးငွေက ဗီယက်နမ်သွားရင် ပေးမယ်လို့ ပြောထားတယ်။ ဗီယက်နမ်ရောက်တော့ မပေးဘူး။ သူတို့ဆီမှာ ပိုက်ဆံ လက်ထဲမရှိသေးလို့၊ သူတို့ပြဿ နာတစ်ခုခုကြောင့် ကျွန်တော့်ကို မပေးဖြစ်ဘူး။ သူတို့မပေးဖြစ်တော့ ကျွန်တော်ဒီမှာ ဆုကြေးပိုက်ဆံနဲ့ အလှူလုပ်ဖို့ ကိစ္စတွေရော၊ ကျွန်တော်ပြောထားသလိုမျိုး ဘိုးဘွားရိပ်သာတို့၊ နာမကျန်း ဖြစ်တဲ့သူတွေ၊ မိဘမဲ့ကလေးတွေဆီ သွားလှူဖို့ ကိစ္စတွေလည်း မလုပ်ဖြစ်ဘူး။ ဆုကြေးငွေနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်ပြန်သွားဖို့ရှိတယ်’’ ဟု မာကိုက ပြောသည်။
ဆုကြေးဒေါ်လာ သုံးထောင်ကို တစ်ဝက်စီ နှစ်ခါပေးရန် ပြောထားသော်လည်း ဆုကြေးတစ်ဝက် ဒေါ်လာ ၁၅၀၀ ကို ယနေ့အထိ မရသေးဘဲ ကျန်တစ်ဝက်ကိုလည်း ၂၀၁၅ တွင် ပြုလုပ်မည့် Mister Global 2015 ဆုရှင်ကို ဆုလွှဲအပ်ချိန်မှသာ ရရှိမည်ဟု ပြောဆိုကြောင်း မာကိုကပြောသည်။
‘‘ပေးထားတဲ့ ကတိတွေ ပျက်တာပေါ့။  ဆုကြေးရရင် ဘယ်လိုဆက်ပြီး လုပ်ဆောင်သွားမယ်ဆိုတာ ပြောထားတော့ ကျွန်တော့်ပရိသတ်တွေကလည်း ဘယ်တော့အလှူလုပ်မှာလဲ ခဏခဏမေးကြတယ်’’ ဟု မာကိုက ပြောသည်။
နိုင်ငံပေါင်း ၁၈ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အဆိုပါပြိုင်ပွဲကို မတ်လ နောက်ဆုံးပတ်က ပြုလုပ်ခဲ့ပြီး မြန်မာကိုယ်စားပြု ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပွဲဦးထွက်တွင်ပင် ပြိုင်ပွဲ၏ အမြင့်ဆုံးဆု  Mister   Global 2014 Winner ဆုကို မာကိုက ဆွတ်ခူးရရှိခဲ့သည်။

ပြည်ပနိုင်ငံတစ်ခုရှိ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းခွင်မြင်ကွင်း (ERIC SCHULZINGER)
 နိုင်ငံတကာထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ် သည့်မိုက်ကရိုဆော့ဖ်က မြန်မာနိုင်ငံ၏ (National Cyber Security) ဆိုက်ဘာလုံခြုံရေးအတွက် လိုအပ်သည်များကို  ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း မိုက်ကရို ဆော့ဖ်၏ Market DevelopmentPartner ကုမ္ပဏီ (KC) မှ Execu-tive Director ဦးကျော်အေးနိုင်က ပြောသည်။
‘‘မြန်မာနိုင်ငံမှာက Cyber Law လည်း မရှိသေးသလို စပြီး တော့ အကောင်အထည်ဖော်တာ မျိုးလည်း မလုပ်ရသေးတဲ့အတွက် မိုက်ကရိုဆော့ဖ်ရဲ့ နိုင်ငံတကာ အ တွေ့အကြုံတွေနဲ့ ဆိုက်ဘာလုံခြုံ ရေးအတွက် မြန်မာနိုင်ငံမှာ ဘယ် လိုပုံစံမျိုး ဆောင်ရွက်သင့်တယ် ဆိုတာမျိုး ပံ့ပိုးကူညီပေးတဲ့ သဘောပါ’’ ဟု ဦးကျော်အေးနိုင်က ပြောသည်။
လက်ရှိတွင် မိုက်ကရိုဆော့ဖ်အနေဖြင့် National Cyber Se-curity အတွက် လိုအပ်သည် များကို  ဆောင်ရွက်နိုင်ရန်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေခံမူဘောင်များကို မူကြမ်းရေးဆွဲ၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနသို့ပေးပို့ထားကြောင်း သတင်းရရှိသည်။
‘‘ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး မဖြစ်မနေ လုပ်ရမယ်ဆိုတာဝန်ကြီးဌာနကလည်း သိပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းတွေကို တစ်ဆင့်ချင်း ဆောင်ရွက်သွားတဲ့အခါမှာလည်း ပံ့ပိုးကူညီပေးသွားဖို့ ရှိပါတယ်’’ ဟု ဦးကျော်အေးနိုင်က ပြောသည်။
မြန်မာနိုင်ငံ၌ ၂၀၁၃ ဧပြီလ မှစ၍ တန်ဖိုးနည်း ဖုန်းများ ချ ထားပေးပြီး နောက်ပိုင်းတွင် မို ဘိုင်းဖုန်းဖြင့် အင်တာနက် အသုံး ပြုသူဦးရေမှာ  များပြားလာပြီး ယခုနှစ်အတွင်း ပြည်ပဆက်သွယ် ရေးအော်ပရေတာများမှ ဆက် သွယ်ရေးဝန်ဆောင်မှုများ ပေး တော့မည်ဖြစ်သောကြောင့် အသုံးပြုသူများ၏ ဆိုက်ဘာလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်မှုများရှိရန် လိုအပ်ကြောင်း ကွန် ပျူတာပညာရှင်အသင်းမှ အလုပ် အမှုဆောင် ဦးဇော်ဝင်းထွန်းက ပြောသည်။
‘‘အခုလက်ရှိမှာ ဆိုက်ဘာ မှုခင်းတွေက အများကြီးမရှိသေး ပေမယ့် နောက်ပိုင်းကျ အင်တာ နက်မြန်နှုန်းတွေ မြင့်လာပြီဆိုရင် အခြားနိုင်ငံတွေလို  ဖြစ်လာနိုင် တယ်။ အသုံးပြုသူတွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်အချက်အလက် တွေက အရမ်းအရေးကြီးတယ် ဆိုတာကို အသိပညာပေးဖို့လည်း လိုအပ်နေပါတယ်’’ ဟု ဦးဇော် ၀င်းထွန်းက ပြောသည်။




ဗြိတိန် တော်ဝင်မင်းသားလေး ဂျော့ခ်ျ၏ (၁)နှစ်ပြည့် မွေးနေ့အတွက် ရည်စူးဂုဏ်ပြုသည့် (၅)ပေါင်တန် ငွေဒင်္ဂါးများကို တော်ဝင် ဒင်္ဂါးဌာနက စတင် ထုတ်ဝေခဲ့သည်။
အမှတ်တရ သိမ်းဆည်းထားရမည့် ပစ္စည်းလေး တစ်ခုအဖြစ် ရည်ရွယ်ထားသော ငွေဒင်္ဂါးစေ့လေးများကို အရေအတွက် (၇၅၀၀)သာ ထုတ်ဝေရန် ကန့်သတ်ထားသည်။
တန်ဖိုးသတ်မှတ်ချက်မှာ (၅)ပေါင်တန် ဖြစ်သော်လည်း ကတ္တီပါဘူးလေးဖြင့် သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဒင်္ဂါးစေ့လေးများကို တစ်စေ့လျှင် စတာလင်ပေါင်(၈၀)ဖြင့် ရောင်းချသွားမည်ဟု သိရသည်။
မင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့က မွေးဖွားခဲ့သည့် မင်းသားငယ်လေးသည် ဇူလိုင်လ (၂၂)ရက်နေ့တွင် အသက်(၁)နှစ် ပြည့်မြောက်မည် ဖြစ်သည်။
ကင်းဘရစ်ဂ်ျနယ်စား ဇနီးမောင်နှံ၏ သားငယ်သည် (၁)နှစ်ပြည့် မွေးနေ့တွင် အမှတ်တရ ဒင်္ဂါးသွန်းလုပ် ဂုဏ်ပြုခံရသည့် ပထမဆုံး တော်ဝင်မိသားစုဝင်လည်း ဖြစ်လာသည်။
ဒင်္ဂါး၏ ဒီဇိုင်းကို ဂျော့ခ်ျ၏ မိဘနှစ်ပါးက အတည်ပြု ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ငွေစင်သတ္တုကို အဓိကထား သွန်းလုပ်ထားကြောင်း သိရှိရသည်။
_Ref; Dailymail
လိင်တံ အရွယ်အစား (Penis Size)
အမျိုးသားတွေ အထူးသဖြင့် အရွယ်ရောက်ပြီး အမျိုးသားများဟာ မိမိတို့ရဲ့မွေးရာပါ လိင်အင်္ဂါ အရွယ်အစားပေါ် မူတည်ပြီး စိတ်ဓာတ်ရေးရာ ပိုင်းဆိုင်ရာ အချို့နေရာများမှာ ဂုဏ်ယူတတ်ကျသလို အားငယ်တတ်ကြပြန်တယ်လို့ ကျွန်တော် လေ့လာ စူးစမ်းမိသလောက် ပြောချင်ပါတယ်။
လူရယ်လို့ ဖြစ်လာကြရင် အရွယ်ရောက်လို့ အိမ်ထောင်သားမွေး ကိစ္စတွေ ပြောဖြစ်ကြတဲ့အခါ အမျိုးသားအများစုဟာ မိမိတို့ရဲ့ လိင်အင်္ဂါ အရွယ်အစား (Size) ကို မိမိတို့ရဲ့ လိင်စွမ်းဆောင်ရည် ပမာဏနှင့် တိုက်ရိုက် ပက်သက်သယောင် ထင်မြင်ယူဆ ပြောဆိုတတ်ကြပါတယ်။ အမှန် တကယ်တော့ တိုက်ရိုက် အချိုးမကျဘူးလို့ ဆိုပါရစေ။
ကျွန်တော်တို့ရဲ့ လိင်တံ အရွယ်အစား (Size)ကို ရိုးရိုးရှင်းရှင်း ဆုံးဖြတ်ဖို့ ဆိုရင်တော့ မိဘတွေက အမွေပေးတဲ့ ဆက်ခံရရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ထူးခြားသည့် လက္ခဏာသွင်ပြင်လို့ ခေါ်ဆိုရမည့် အချက်များပေါ် မူတည်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လိင်တံ အရွယ်အစား အားတိုးစေခြင်း သို့မဟုတ် လျော့စေခြင်း ဆိုသည်များကို လုံးဝပြုလုပ်လို့ မရပါခင်ဗျား။ ယောက်ျားကလေး အရွယ်မှ ယောက်ျားကြီးဆိုတဲ့ အရွယ်ရောက်ခြင်း ဖြစ်စဉ်မှာ ကျွန်တော်တို့ လိင်တံအရွယ်အစား ပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။ ယောက်ျားလေး အများစုဟာ အသက် ၁၀နှစ်မှ ၁၄နှစ်အတွင်း အရွယ်ရောက်ခြင်း စတင်တတ်ပါရဲ့။
အချို့တွေကတော့ ဒီအသက်အရွယ်ထက် စောနိုင်သလို နောက်ကျပြီးတော့လည်း စတင်တတ်တာ ပေါ့လေ။ ပထမဆုံး ဝှေးစေ့ (balls) တွေက စတင်ကြီးထွားလာတယ်။ ပြီးတော့ အဲဒီ့ဟာရဲ့ အနီးဝန်းကျင် တ၀ိုက်မှာ အမွှေးအမျှင်လေးတွေ စပေါက်တာဗျ။ လိင်တံ အရွယ်အစားလည်း စကြီးလာပြီပေါ့။ ပထမတော့ အရှည်၊ နောက်ပြီးတော့ အတုတ်။ ဝှေးစေ့တွေ စတင် ကြီးထွားလာပြီးနောက် လေးနှစ်မှ ခြောက်နှစ်အတွင်း နောက်ဆုံး လိင်တံ အရွယ်အစားကို ရောက်ပါတယ်။ ဒီအချိန်တွေမှာ ပုံမှန်အားဖြင့် ကွဲပြားခြားနား သွားတတ်တာပါ။
ဒီသာမန် လိင်တံကြီးထွားခြင်း ဖြစ်စဉ်ကပဲ အမျိုးသား အများအပြားသို့ အနှောင့်အယှက်သဘော ဖြစ်နိုင်ပါတယ်။ ဝှေးစေ့တွေ ဦးဆုံး ကြီးထွားလာစဉ် ကတည်းက (ပြီးတော့ လိင်တံ အရွယ်အစား ကြီးထွားခြင်းက နောက်ကလိုက်လာတာ) ဆယ်ကျော်သက် လူငယ်များစွာဟာ ဝှေးစေ့ အရွယ်အစား ကြီးထွား လာနေခြင်းကို သတိမထားဘဲ ၊ ဘာအပြောင်းအလဲမှ မဖြစ်ဘူး သူတို့ လိင်တံ အရွယ်အစားက သေးလွန်းတယ်လို့ စိုးရိမ်နေတတ်ကြပါတယ်။ အကယ်၍ စာဖတ်သူတို့ဟာ overweight ဖြစ်နေသူများဆိုရင် အဆီ tissue တွေဟာ လိင်တံ အရွယ်အစား အစစ်အမှန် ရှိတာထက် သေးတဲ့ဟန်မျိုး ဖြစ်ပေါ်နေစေပါရော။ အတန်းထဲ သူငယ်ချင်း အမျိုးသားတွေက ပုံမှန်အတိုင်း အရွယ်ရောက်မှု ဆက်လက်ဖြစ်ပေါ် နေခြင်းကြောင့် သူတို့ လိင်တံ အရွယ်အစားတွေဟာ လူကြီး လိင်တံတစ်ခုအသွင် အစစ်အဖြစ်မြင်ပြီး စာဖတ် သူတို့အဖို့မှာ အလွန့်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ လိင်တံပျော့တွဲနေချိန် လိင်တံတောင့်တင်းလာတဲ့ အဆင့်မှာ လိင်တံတစ်ချောင်း ဘယ်လောက် ကြီးထွားလာမယ် ဆိုတာသိဖို့ ခက်ပါတယ်။
များပြား ကွဲပြားလှသော လူတစ်ယောက်မှ တစ်ယောက်သို့ လိင်တံ အရွယ်အစား (size) အစစ်အမှန်ဆိုတာ ဒါပါလို့ပြောဖို့ နည်းနည်း ခက်ပါတယ်။ ကွဲပြားခြားနားသော လူများစွာဟာ ကွဲပြားခြားနားသော လိင်တံ အရွယ်အစား ရှိနေနိုင်တာကိုး။ ကျနော်တို့တွေဟာ လိင်တံ အရွယ်အစား ကြီးမားသူများသည် လိင်တံ အရွယ်အစား သေးသူများထက် ကောင်းမွန်တဲ့ လိင်မှုဘ၀ကို ရရှိနေတယ်ဆိုတဲ့ ယုံတမ်းစကားကို လှုံ့ဆော်တဲ့ လူမှုအသင်းအဖွဲ့ တစ်ခုမှာ နေထိုင်ကြပါတယ်။ လိင်မှုဟာသများ၊ တီဗီ အစီအစဉ်များ၊ ရုပ်ရှင်ထဲမှာ၊ ပြီးတော့ တစ်ခြား နေရာများမှာလည်း အဲဒီစကားလုံးတွေကို အစဉ်တစိုက် ကြားနေရပါတယ်။ အမှန်တကယ်တော့ သာမန် လိင်တံ အရွယ်အစား ကြီးမားသူများဟာ သူတို့ လိင်ကိစ္စမှာ သူတို့ တစ်ဦးချင်းစီအတွက် ကောင်းပါတယ်။ ကျွန်တော်တို့ အတွက်တော့ အရပ်အမြင့် ပြောင်းလဲတာ ပြီးဆုံးသွားချိန် တစ်နှစ် သို့မဟုတ် နှစ်နှစ် စောင့်ကြည့်ရပါမယ်။ နောက်ဆုံး လိင်တံအရွယ်အစား ဘာဖြစ်လာတယ်ဆိုတာ။ ကျွန်တော်တို့ ဖွံ့ဖြိုးမှုဖြစ်စဉ် အတောအတွင်း လိင်တံ အရွယ်အစားက ပုံမှန်မဟုတ်ဟု စိုးရိမ်မိပါက မိသားစု ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူ ဆရာဝန်ဆီသွား အဲဒီ့အကြောင်း တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ကိစ္စတိုင်းရဲ့ အများစုမှာ စာဖတ်သူတို့ အားလုံး အဆင်ပြေ ကောင်းမွန်ပါသည်လို့ ပြောခဲ့ကြမှာ အသေအချာပါ။
ပျှမ်းမျှ လိင်တံအရွယ်အစား (Average penis size)
  • ပျှမ်းမျှ လိင်တံ အရွယ်အစားသည် တောင့်တင်းနေချိန်မှာ ၅လက်မ မှ ၇လက်မ ရှည်နိုင်ပါတယ်။ (ကွမ်းသီးခေါင်း၊ လိင်တံခေါင်းမှ ဆီးစပ်အထိ တိုင်းတာခြင်း)
  • လိင်တံတစ်ခု၏ ပျှမ်းမျှ အ၀န်းအ၀ိုင်းက ၅လက်မနီးပါး သို့မဟုတ် ၁၂၇မီလီမီတာ (127 to 178 mm) ၀န်းကျင် ဖြစ်ပါတယ်။
  • ဟိုးလေးတကျော် သတင်းစကားတွေ မဟုတ်တမ်း တရားတွေကို မယုံကြည်ပါနှင့်။ ဒီစကြာဝဠာထဲက ဘယ်တစ်ဦး တစ်ယောက်ကမှာ ကြားဖူးမယ် မထင်ပါဘူး ဘယ်လူမျိုးနှင့် မျိုးနွယ်စုကတော့ ဒီလိင်တံ အရွယ်အစား ရှိရမယ် ရှိကြတယ်ဆိုတဲ့ ယေဘုယျ ထုတ်ဖော်ပြောကြားချက် ရှင်းလင်းမှုတွေကို။ မည်သို့ဆိုစေ အချို့ကိစ္စတွေမှာတော့ လူတွေရဲ့ ဖော်ပြချက် ကောက်ချက်ချမှု ဆိုတဲ့ ပုံသေမူသေမျှသာ ဖြစ်ကြပါတယ်။ မျိုးနွယ်စု အုပ်စု အားလုံးမှာရှိတဲ့ အမျိုးသားများကတော့ အဲဒီကောက်ချက်ချ ပြောဆိုမှုတွေအပေါ် ငြင်းဆန်ကြမှာတော့ သေချာပါတယ်။ လိင်ကိစ္စ ပတ်သက်မှု တစ်ခုရဲ့ အဖြေ သို့မဟုတ် ကျေနပ်နှစ်သိမ့်မှု ရရှိလိုက်ခြင်းက လိင်တံအရွယ်အစား ကြီးမားခြင်းက လိင်မှုဘ၀ကို ပိုမိုပြည့်စုံစေတယ် ဆိုတဲ့ စကားအပေါ် သံသယ၀င်မိ ကြပါလိမ့်မယ်။ အခြား စကားလုံးအနေနဲ့ ပြောရရင်တော့.... Don't judge a book by its cover!
လိင်တံ အရွယ်အစား အစစ်အမှန်ကို ဆုံးဖြတ်ခြင်း (Judging true penis size)
ကျွန်တော်တို့အနေနှင့် လိင်တံဆိုဒ် အမှန်ကို အဲဒီလိင်တံ ပျော့တွဲနေချိန် သို့မဟုတ် တောင့်တင်းမှု မဖြစ်နေချိန်မှာ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ အမျိုးသား အများစုဟာ ပျော့တွဲနေချိန်မှာ သေးငယ်နေပေမယ့် တောင့်တင်းလာချိန်မှာတော့ ကြီးထွားတဲ့ ဆိုဒ်တစ်ခုအဖြစ် ပြောင်းလဲလာနိုင်တာပါ။ တစ်ချို့တွေကတော့ ပျော့တွဲနေချိန်ကထက် နှစ်ဆလောက် ကြီးလာတတ်သလို တစ်ချို့တွေကတော့ အနည်းငယ်သာ ကြီးလာတတ်တာ နောက်ဆုံးရလာဒ်က အတူတူ နီးပါးပါပဲလေ။
ကဲကဲ.... မိမိမွေးရာပါ ပစ္စည်းအပေါ် သံသယ၀င်ပြီး အားငယ်စိတ် ၀င်မယ့်အစား မိမိရဲ့ လိင်မှုဘ၀ကို ပိုမိုသာယာအောင် တစ်ခြားနည်းတွေ ရှိသေးကြောင်း သတိမူကြည့်လိုက်ပါလို့နော်။
Alex aung





အခုတခါ တင်ပြမယ့် In & Out ကဏ္ဍအတွက် တွေ့ဆုံမေးမြန်းခန်းလေးကိုတော့ ယနေ့ မြန်မာ့ထိပ်တန်း မိတ်ကပ်အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ မိတ်ကပ်ခင်စန်းဝင်းနဲ့ တွေ့ဆုံ့မေးမြန်းထားတာလေးကို တင်ပြပေးမှာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမေးမြန်းမှုလေးမှာတော့ မိတ်ကပ်ခင်စန်းဝင်းရဲ့ ငယ်ဘဝဖြတ်သန်းမှု ပုံရိပ် တစိတ်တဒေသနဲ့ မျိုးဆက်သစ် လူငယ်တွေအပေါ် ထားတဲ့ သူမရဲ့ စေတနာတွေ၊ အလုပ်အပေါ်မှာထားတဲ့ သူမရဲ့ တာဝန်ယူမှုအကြောင်းလေးတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။ 
မအေးစန်းအနေနဲ့ အခုလို မိန်းကလေးလိုမျိုး ဝတ်စားနေထိုင်လာခဲ့တာ ဘယ်အရွယ်လောက်ကတည်းက စခဲ့ပါသလဲ။
မိန်းကလေးလို ဝတ်တာကတော့ ဆယ်တန်းဖြေပြီး နောက်ပိုင်းမှပေါ့နော်။ ဆယ်တန်းဖြေပြီးတော့ တက္ကသိုလ်ဆက်မတက်ပဲနဲ့ လုပ်ငန်းခွင်ထဲ ဝင်တဲ့အချိန်ပေါ့။ လုပ်ငန်းခွင်ထဲ ဝင်တဲ့အချိန်မှာလည်း ချက်ချင်းကြီးတော့ မိန်းမလို ဝတ်တာတော့ မဟုတ်ဘူး။ ဖားတပိုင်း ငါးတပိုင်းပေါ့။ အောက်က ပုဆိုးကို ထမိန်လို ဝတ်တယ်။ အပေါ်က ရှပ်အင်္ကျီကို အပေါ်က ထုတ်ဝတ်တာမျိုးပေါ့။ ဆိုတော့ မိန်းမလို အပြည့်ကြီးတော့ ဝတ်စားဆင်ယင်ခဲ့တာတော့ မဟုတ်ဘူး။ တခုရှိတာက မကြီးစန်းက ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ Body Form က ယောက်ျားလေးနဲ့ သိပ်မတူဘူး။ မတူတဲ့ အဲဒီအခါကျတော့ ယောက်ျားလေးလို ဝတ်ရင် အရမ်းရုပ်ဆိုးတယ်။ အထူးသဖြင့် ရှပ်အင်္ကျီတွေ ဘာတွေကို ဝတ်ရင် ကိုယ်က ပုခုံးလျောတဲ့သူ ဆိုတော့ တော်တော် အဆင်မပြေဘူး။ ကြည့်ရတာ….ပေါ့။ ကိုယ့်ကိုယ်ကို အဆင်မပြေဘူးပေါ့နော်။ သူများတွေလည်း ကြည့်ရတာ ကောင်းမယ့်ပုံ မပေါ်ဘူး။ အဲ တဖြည်းဖြည်းနဲ့ ဒီလိုမျိုး ဖားတပိုင်း ငါးတပိုင်း ဝတ်ရတာ ပိုပြီး အဆင်ပြေတယ်။ လုပ်ငန်းခွင်မှာလည်းပဲ အဲလိုပဲ။ နည်းနည်းလေး နာမည်ရပြီး နောက်ပိုင်းမှာ မိန်းကလေးလို ဝတ်တာပါ။ အဲဒီအခါကျမှ စတာပေါ့နော်။ အရင်တုန်းကတော့ ပွဲလမ်းသဘင် သွားရင်တော့ မိန်းမလို ဝတ်တယ်။ အမြဲတမ်းကြီး ဝတ်တာတော့ မဟုတ်ဘူး။
မကြီးစန်းရဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မကြာသေးခင် ကာလက ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းတအုပ်မှာ ဖတ်လိုက်ရတယ်။ အဲဒီထဲမှာ ပါတဲ့အတိုင်းပဲ မကြီးစန်းဘဝမှာ ဒီလိုမျိုး မိန်းကလေးလို နေချင်တဲ့အတွက် မိဘတွေရဲ့ အတိုက်အခိုက်တွေ အများကြီး ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒါကို ကိုယ်တိုင်ပဲ ရိမ်းဘိုးကို ပြောပြပေးပါဦး။
အဓိကကတော့ ဒီလိုပါ။ မိဘတိုင်းကတော့ ကိုယ့်သားသမီးကို အကောင်းဆုံး ဖြစ်စေချင်တာပေါ့နော်။ အကောင်းဆုံးဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မွေးဖွားလိုက်တာပါ။ ကိုယ့်မိဘကလည်း ထိုနည်းလည်းကောင်းပါပဲ။ ပညာလည်း အရမ်းတတ်စေချင်တယ်။ ပြီးတော့ ဟို….. လူ့လောကကြီးထဲမှာ ကိုယ့်သားသမီးကို သူများတွေ နောက်တာ၊ ပြောင်တာ၊ နှိမ့်တာမျိုးတွေ မဖြစ်စေချင်ကြဘူးပေါ့။ အဲဒါကြောင့်မို့လို့ မအေးစန်းကို သူတို့ ထိန်းချုပ်ခဲ့တယ်လို့ပဲ ယူဆပါတယ်။ အခုချိန်မှာ ဒါကိုလည်း နားလည်လာပါပြီ။ ငယ်ငယ်တုန်းကဆိုရင်တော့ ကိုယ်က ယောက်ျားလေးမဟုတ်တဲ့ အခါကျတော့ ယောက်ျားလေးလို မဝတ်ချင်ဘူး။ ဆံပင်ပုံစံ ထားတာကအစ…. ဆံပင်နည်းနည်းရှည်တာနဲ့ အမေက ရှေ့တလက်မ နောက်ပြောင်ဆိုတဲ့ စစ်သားပုံစံကေလိုမျိုး အမေက ထိုးပစ်လိုက်တယ်။ အဲလိုမျိုး မိန်းမစိတ် ပေါက်မှာ စိုးလို့ပေါ့နော်။
ဒါပေမယ့် ဟို….. သူတို့မြင်တဲ့ အမြင်မှာဆိုရင်လည်း မိန်းမလျာဆိုတာ…. မအေးစန်းတို့ ငယ်ငယ်တုန်းကဆိုရင် ဥပမာ- လမ်းမတော်မြို့နယ်မှာ ဘယ်သူ နေတယ်၊ ဒဂုံမြို့နယ်မှာ ဘယ်သူ နေတယ်၊ မြောက်ဥက္ကလာမှာ ဘယ်သူနေတယ်ဆိုတာ ဟို…… သီးသီးခြားခြား ဘယ်မြို့နယ်မှာ ဘယ်သူနေတယ်ဆိုတာ သိသာလောက်တဲ့ လူနည်းစုပေါ့နော်။ လူနည်းစုဆိုတော့ တယောက်နဲ့တယောက် ဘယ်မှာနေလဲ၊ ကြည့်မြင်တိုင်မှာ နေတယ်၊ ဘယ်သူပေါ့။ အဲဒါမျိုးပေါ့။ ကျောက်တံတားဘက်မှာ ဘယ်သူပေါ့။ အဲလို အနေအထားလေးဆိုတော့ သူတို့ပတ်ဝန်းကျင်မှာ ထိတွေ့နေတာက ဘာလဲဆိုတော့ ရှောက်သီးဆေးပြား ရောင်းတဲ့သူတွေ၊ နတ်ကတော်တွေပေါ့နော်။ ဆိုတော့ သူတို့ကျတော့လည်း သူတို့ရဲ့စီးပွားရေး အရပေါ့နော်၊ ကုနြေ္ဒမရဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ကို ခေါ်ချင်အောင်၊ ပြောချင်အောင် သူတို့ ဟာသလုပ်ရတဲ့အခါမျိုးလည်း ရှိမယ်။ ဖက်လဲတကင်း အတင်းဆွဲခေါ်တဲ့ ဟာမျိုးလည်း ရှိလိမ့်မယ်။ ဆိုတော့ မိဘတွေက အဲဒါတွေကို မြင်ပြီးတော့ သူတို့မွေးထားတဲ့ သားက အဲလိုမျိုး ဖြစ်မှာ သိပ်ကြောက်တယ်။
အဲလိုဆိုတော့ အဲဒီအချိန်မှာ တကယ်တော့ မိတ်ကပ်ဆံပင်ဆိုတာကလည်း ရုပ်ရှပ်လောကမှာ မိတ်ကပ်စန္ဒီ ရှိမယ်၊ သတို့သမီးလောကမှာ မိတ်ကပ် ဦးတင်ထွန်းပေါ့နော်….. သူ ရှိမယ်။ အဲလိုမျိုးပေါ့နော်…. လက်ချိုးရေလို့ရတဲ့ မိတ်ကပ် Artist တွေ၊ နည်းနည်းလေး မိန်းကလေး မိတ်ကပ် Artist တွေ ကြီးစိုးနေတဲ့ အချိန်ဖြစ်နေတဲ့အခါကျတော့ မိဘတွေအမြင်မှာတော့ ဒီနတ်ကတော်နဲ့ ရှောက်သီးဆေးပြားသည် အခြောက်တွေကိုပဲ မြင်တယ်။ အဲတော့ ဖြစ်ချင်တယ်လည်း အကိုတွေကြားထဲမှာ နေတယ်ဆိုတော့ အကိုတွေက ရုပ်တွေကလည်း ချော၊ အရမ်းကို လမ်းသရဲလို အမိုက်စားတွေဆိုတော့ တွေ့လို့ရှိရင် ဥပမာ- ရွှေတိဂုံဘုရား တပေါင်းပွဲဆိုရင် လူအရမ်းစုံတယ်လေ။ မိန်းမလျာ သဘာဝပေါ့နော်အဲဒီမှာ လိုက်ပြီးတော့ မိတ်ဆက်တာတို့၊ လိုက်ခေါ်တာတို့၊ ဘာတို့ဆိုရင် အကိုတွေက အရမ်း မုန်းတာ၊ မကြိုက်ဘူး။ မကြိုက်တော့ ကိုယ်တွေအလှည့်လည်းကျတော့ အကိုတွေက အပြင်မှာ အခြောက်တွေနဲ့ အဲလိုမျိုး တခုခုတွေ့ကြုံခဲ့ရင် အိမ်ရောက်ရင် အရိုက်ခံရပြီ။ အိမ်ရှေ့ကနေ ရှောက်သီးဆေးပြားသည် ဖြတ်ရင် အိမ်ရှေ့ကို မထွက်ခိုင်းတော့ဘူး။ အိမ်အပေါ် ထပ်ခိုးမှာ ထားထားတာမျိုးပေါ့။
မိုးကြိုးငှက်ငယ်ပေါ်ကစက မိုးကြိုးငှက်ငယ်ကိုဆို အရမ်းကြည့်ချင်တယ်……… အရမ်းကြည့်ချင်တယ်….. တအိမ်လုံးသွားကြည့်တယ်။ ကိုယ့်ကို ခေါ်မသွားဘူး။ ထားခဲ့တယ်။ အခြောက်ဖြစ်မှာစိုးလို့ အဲလောက်အထိပေါ့နော်။ သူတို့စိတ်ထဲမှာက မိန်းမလျာလူတန်းစားဆိုရင် လူတွေ နှိမ်တာတို့၊ ရီစရာတို့ အဲလိုမျိုးတွေ ဖြစ်မှာစိုးလို့ ထင်ပါတယ်။ အဲတော့ အဲလိုမျိုး သူတို့က ထိန်းချုပ်ခဲ့တာပေါ့နော်။ ထိန်းချုပ်ခဲ့တယ်ဆိုတော့ အခုအချိန်မှာကျတော့လည်း ဩော်သူတို့ရဲ့ ထိန်းချုပ်မှုဟာ ကိုယ့်အတွက်ပါလားဆိုတာကို သူတို့စေတနာကို နားလည်လာတယ်။ ဒါပေမယ့် သူတို့ထင်သလို၊ မြင်သလိုမျိုး မအေးစန်းက ဒီလိုမျိုး နတ်ကတော်တို့၊ ရှောက်သီးဆေးပြားသည်တို့ မဟုတ်ပဲနဲ့ တကယ်တမ်းကျတော့ မိတ်ကပ်လိမ်းတဲ့ အတတ်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းတာပေါ့နော်။ အဓိကကတော့ ပန်းချီဆွဲတာကို ဝါသနာပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကိုယ့်ရဲ့ Nature နဲ့ ကိုက်ညီတဲ့အခါမှာ မိတ်ကပ်လိမ်းတဲ့ အတတ်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းတာပေါ့နော်။
ဆယ်တန်းပြီးတော့ တက္ကသိုလ် ဆက်မတက်တော့ပဲနဲ့ ဒီလောကထဲကို ဝင်လိုက်တယ်။ ဝင်လိုက်ပြီးတော့မှ သူငယ်ချင်းတွေက ဘွဲ့ရတဲ့အချိန် ကိုယ်က ဒီဘက်မှာ သူများဆိုင်တွေမှာ အလုပ်သမားပဲ ရှိသေးတယ်။ အဲလိုမျိုးပေါ့နော်။ ဆိုတော့ တဖြည်းဖြည်းနဲ့ ဝင်ငွေလေးကလည်း ရလာတယ်။ မိဘကိုလည်း ပြန်ပြီး ထောက်ပံ့နိုင်လာတယ်။ ဆိုတဲ့အခါကျတော့ အကိုတွေက မထောက်ပံ့နိုင်တဲ့အချိန်မှာ ကိုယ်က (သူတို့အထင်သေးထားတဲ့၊ သူတို့ စိုးရိမ်နေတဲ့ လူတယောက်က) မိဘကို ပံ့ပိုးနိုင်တယ်ဆိုတော့ သူတို့တွေ အရမ်းလည်း ဝမ်းလည်း သာကြတယ်။ နောက်ပိုင်းမှာ လွှတ်ပေးလိုက်တော့တယ်။ ဘယ်လိုပဲ ဝတ်ဝတ် ဘာမှမပြောတော့ဘူး။ အဲလိုမျိုးပေါ့နော်….
ငယ်ရွယ်စဉ်တုန်းက ကျောင်းမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် မနှိမ်ပဲနဲ့ မအေးစန်းကို ဖေးမခဲ့တဲ့ သူငယ်ချင်းတွေ ရှိခဲ့ဖူးလား။
သူငယ်ချင်းတွေ ရှိခဲ့တယ်။ သူငယ်ချင်းတွေ ရှိခဲ့တယ်ဆိုတာက များသောအားဖြင့် မကြီးစန်းက ယောက်ျားလေးတွေနဲ့ပဲ ပေါင်းတယ်။ ကျောင်းတွေမှာဆိုရင်လည်း မိန်းကလေးတွေနဲ့ အတူတူ မထိုင်ရဘူးလေ။ ယောက်ျားလေးတွေနဲ့ပဲ ထိုင်ရတယ်။ ထိုင်ရတဲ့အခါကျတော့ တချို့ကျတော့လည်း နောက်တယ်၊ ပြောင်တယ်ပေါ့။ တချို့ကျတော့လည်း သူတို့နှိမ့်ချင်လို့တော့ မဟုတ်ဘူး။ သူတို့ အပျော်အနေနဲ့ နောက်တာ။ အဲတော့ နောက်တဲ့အခါမှာ ဘေးနားက နေတဲ့လူတွေက မနေနိုင်ဘူး။ မင်းတို့ မနောက်ပါနဲ့ကွာ၊ ဘာညာနဲ့ ကိုယ့်ကို ကာဗာလုပ်ပေးတဲ့ လူတွေလည်း ရှိတယ်။ တခါတလေကျရင် ဆရာမတွေက (စတိတ်ကျောင်းမှာဆိုတော့) ခေါင်းရှုပ်တော့ ကဲ လာစမ်းပါ ဟယ်၊ လာနင် မိန်းကလေးနားမှာ ရောထိုင်ဆိုပြီး မိန်းကလေးနားမှာ ထားတဲ့အခါတွေလည်း ရှိတယ်ပေါ့။ အဲလိုမျိုး အကာအကွယ်ပေးတဲ့ ယောက်ျားလေးတွေလည်း ရှိတယ်။ နောက်ပြောင်ချင်တဲ့ လူတွေလည်း ရှိတယ်။ အမျိုးမျိုးပါပဲ။ တွေ့ခဲ့ရတယ်။
အခုနက မကြီးစန်းရဲ့ မိသားစုပတ်ဝန်းကျင်က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ မကြီးစန်းက သိမ်သိမ်မွေ့မွေ့ နေတတ်တဲ့ လူတယောက်ဖြစ်သွားတယ်လို့ ဆိုနိုင်မလား။
အမှန်အတိုင်းပြောရရင်တော့ မကြီးစန်းက အခုကြီးပြင်းတဲ့အရွယ်အထိ (လုပ်ငန်းခွင်ထဲကို မဝင်ခင်အချိန်ထိ) မိန်းကလေး တယောက်လိုမျိုး အမေက စောင့်ရှောက်ခဲ့တာ။ သွားလေရာ သူ လိုက်တယ်။ ဘယ်တော့မှ မလွှတ်ဘူး။ ပြီးတော့ အထက်ကလည်း အမဖြစ်နေတဲ့ အခါကျတော့ (အမနဲ့ ကိုယ်နဲ့က ဆန့်ကျင်ဖက်….. ဘယ်လိုလဲဆိုတော့ ငယ်ငယ်က အဲလိုမျိုး အပြင်တွေဘာတွေ သွားတဲ့အခါ သူနဲ့ နှစ်ယောက်ယှဉ်သွားရင် အမေက ငါမွေးထားတာက ယောက်ျားက ကိုယ်လုံးလှပြီးတော့ ဘယ်လိုဖြစ်လို့ မိန်းမက ကိုယ်လုံးမလှ ဖြစ်နေရတာလဲ ဆိုပြီး…… အဲလိုမျိုး မကြီးစန်း ကိုယ်လုံးက မိန်းမနဲ့တူနေတော့ တခါတလေကျလို့ရှိရင် အမေက နောက်သလိုလိုမျိုး၊ ရီသလိုလိုမျိုးနဲ့ ပြောတယ်။
သူတို့ကြားဖူးနားဝက ဘာလဲဆိုတော့ အခြောက်တွေက အဲလိုမျိုး သူငယ်တွေကို တွေ့ရင် ယောက်ယက်ခတ်တယ်။ အဲလိုမျိုး ကြားဖူးနေတာ။ သူတို့မျက်လုံးနဲ့ မမြင်ဖူးပါဘူး။ ကြားဖူးတာပေါ့။ အကိုတွေက အပြင်သွားတော့ လေဟာပြင်ဈေးမှာ အခြောက်တယောက်က ဘယ်သူ့ကို အတင်း လက်လိုက်ဆွဲတာတို့၊ မိတ်ဆက်တာတို့၊ ဖုန်းနံပါတ်ပေးခဲ့တာတို့ဆိုတာကို သူတို့ပတ်ဝန်းကျင်မှာ ကြားဖူးနေတော့ ငါ့သား အခြောက်သာဖြစ်ရင် အဲလိုလားပေါ့နော်။ ဆိုတော့ သူတို့ တွေးပါလိမ့်မယ်။ တွေးတော့ ဒီလို Sex ကိစ္စဘာညာဆိုတာ တော်တော် စိမ်းတာပေါ့။ မရင်းနှီးနဲ့တဲ့ လူတွေဆိုရင် စိမ်းတယ်လေ။ ဆိုတော့ အဲလိုကိစ္စတွေကိုလည်း စိုးရိမ်တယ်။ စိုးရိမ်တော့ အချိန်ပြည့် နောက်က လိုက်တယ်။ သွားလို့ရှိရင်လည်း သူ (အမေ)နဲ့မှ…. တော်တော်ကြီးတဲ့အထိပေါ့နော်။ လုပ်ငန်းခွင်ထဲကို ဝင်တဲ့အထိ စိတ်မချဘူးပေါ့နော်။ အဲလိုမျိုး ထိန်းသိမ်းခဲ့တယ်။
သိမ်မွေ့တယ်ဆိုတာကတော့ နဂိုကတည်းကပါ။ ဟို မိဘတွေရဲ့ ဆိုဆုံးမမှုတွေပေါ့နော်။ မိဘတွေက လိမ်မာရမယ်။ ယဉ်ကျေးရမယ်။ လူကြီးသူမတွေကို ရိုသေရမယ်။ ဆရာသမားတွေကို ရိုသေရမယ်။ ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာပေါ့လေဒါကျောင်းတွေမှာလည်း မင်္ဂလာသုတ်တို့၊ လောကနီတိတို့ သင်တာတွေဆိုတော့ ဒါတွေကတော့ မိဘတွေအပြင်ပေါ့နော်.. ကျောင်းက သင်ပေးလိုက်တဲ့ ဟိုဟာပါပဲ။ နေထိုင်မှု ပတ်ဝန်းကျင်နဲ့လည်း ဆိုင်မယ် ထင်ပါတယ်။

့ပြန်လည်ကူးယူဖေါ်ပြသည်။

အသေးစိတ်သိရှိလိုလျှင် ကလစ်ထောက်ပြီးကြည့်ပါ

Public Chat Room

Blogger Tips and TricksLatest Tips For BloggersBlogger Tricks